Apple ဟာ Touch Bar ပါဝင်တဲ့ ၁၃ လက်မနဲ့ ၁၅ လက်မ MacBook Pro မော်ဒယ်တွေကို မထင်မှတ်ထားဘဲ Update လုပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
MacBook Pro 2018 with Touch Bar လို့ခေါ်ရမယ့် ယခု မော်ဒယ်အသစ်တွေမှာ ပိုမြန်တဲ့ Processors ၊ True Tone Display ၊ Apple T2 Security Chip၊ အရင်ကထက် အသံပိုငြိမ်သွားတဲ့ ကီးဘုတ်တို့ ပါဝင်လာပြီး၊ အမြင့်ဆုံး Specification နဲ့ ၁၅ လက်မ မော်ဒယ်ကို ယူမယ်ဆိုရင် ၆၆၉၉ ဒေါ်လာအထိ ပေးရမှာ ဖြစ်ပါတယ်။ Base model လို့ ခေါ်တဲ့ အနိမ့်ဆုံး Specs နဲ့ ၁၅ လက်မ မော်ဒယ်ကတော့ အရင်အတိုင်း ၂၃၉၉ ဒေါ်လာပါပဲ။
“အခု နောက်ဆုံးမျိုးဆက် MacBook Pro တွေက ကျနော်တို့ ထုတ်ခဲ့သမျှထဲမှာ အမြန်ဆုံးနဲ့ စွမ်းဆောင်ရည် အမြင့်ဆုံး Notebook တွေဖြစ်ပါတယ်။ Intel ရဲ့ 8th Generation 6-core Processors တွေ ပါဝင်လာပြီး၊ System Memory ဆိုလည်း 32GB အထိ၊ အရမ်းမြန်ဆန်တဲ့ SSD ဆို 4TB အထိ ရွေးချယ်နိုင်ပါပြီ။ ဒါ့အပြင် Retina Display မှာ True Tone နည်းပညာအသစ်ပါ ပါဝင်လာပြီး၊ Display တင်မက Touch Bar ပါ True Tone နဲ့ ဖြစ်သွားပါပြီ”
“ပိုမိုအဆင့်မြင့်တဲ့ လုံခြုံရေးအပိုင်းအတွက် Apple T2 Chip ကိုလည်း MacBook တွေမှာ ပထမဆုံး အကြိမ် အဖြစ် ထည့်သွင်းပေးထားပြီး၊ ပါးလျပေါ့ပါးတဲ့ အလူမီနီယမ်ကိုယ်ထည်မှာ ပိုမိုအသံငြိမ်တဲ့ တတိယမျိုးဆက် Butterfly ကီးဘုတ်ကိုလည်း ပြောင်းလဲ သုံးပေးထားပါတယ်” လို့ Apple ရဲ့ ကမ္ဘာလုံးဆိုင်ရာ မားကတ်တင်း အကြီးအကဲ ဖြစ်တဲ့ Philip Chiller က ပြောကြားခဲ့ပါတယ်။
Apple ရဲ့ အဆိုအရ 8th Gen 6-core Intel Core i7 နဲ့ i9 (2.9GHz with Turbo Boost up to 4.8GHz) သုံးထားတဲ့ 15-inch Macbook Pro အသစ်တွေဟာ အရင်ကထက် ၇၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်ပြီး၊ 8th Gen quad-core Intel Core i5 နဲ့ 13-in MacBook Pro ကတော့ အရင်မော်ဒယ်ထက် ၂ ဆ ပိုမိုမြန်ဆန် လာတယ်လို့ သိရပါတယ်။
အခု MacBook Pro Update မော်ဒယ်အသစ်တွေမှာမှ ပါဝင်လာတဲ့ T2 Chip ကြောင့် အရင်လို Siri ကို Shortcut နဲ့ပဲ ခေါ်စရာ မလိုတော့ဘဲ Hey Siri ဆိုပြီး အသံနဲ့ ခေါ်နိုင်ပြီဖြစ်ပါတယ်။ MacBook Pro တွေထဲမှာ ပထမဆုံး အသံနဲ့ Siri ကို ခေါ်သုံးနိုင်တဲ့ မော်ဒယ်တွေအဖြစ်လည်း မှတ်တမ်းဝင်သွားပြီ ဖြစ်ပါတယ်။
iMac Pro မှာလည်း ပါတဲ့ T2 Chip ရဲ့ နောက်ထပ်စွမ်းဆောင်ရည်တွေကတော့ Secure Boot နဲ့ Storage ကို Encrypt လုပ်ပေးနိုင်တာတို့အပြင် တခြား System လုံခြုံရေးပိုင်းဆိုင်ရာတွေလည်း ပိုအဆင့်မြင့်လာတယ်လို့ သိရပါတယ်။
MacBook Pro မော်ဒယ်သစ်တွေနဲ့အတူ MacBook ထည့်ဖို့ လည်သာအိတ် အသစ်တွေကိုလည်း Apple က မိတ်ဆက်ပေးခဲ့ပါတယ်။ အခုဆို ဒီလည်သာအိတ်တွေကို အနက်ရောင်နဲ့ပါ ဝယ်ယူနိုင်မှာဖြစ်ပြီး၊ Saddle Brown နဲ့ Midnight Blue ကာလာတွေလည်း ရဦးမှာဖြစ်ပါတယ်။
Touch Bar ပါဝင်တဲ့ MacBook Pro တွေကိုပဲ 2018 မော်ဒယ်အဖြစ် Update လုပ်ပေးလိုက်တာဖြစ်ပြီး၊ ‘‘Macbook Escape’’ လို့ နာမည်ကြီးတဲ့ တကယ့် Escape ခလုတ်ပါသေးတဲ့ ရိုးရိုး ၁၃-လက်မ MacBook Pro ၊ MacBook နဲ့ MacBook Air တို့ကိုတော့ Update မလုပ်ပေးခဲ့ပါဘူး။
MacBook Pro မော်ဒယ်အသစ်တွေရဲ့ Specifications အပြည့်အစုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
15-inch MacBook Pro:
• 6-core Intel Core i7 or Core i9 processors. Up to 2.9GHz with Turbo Boost up to 4.8GHz
• Up to 32GB of DDR4 memory
• Radeon Pro discrete graphics with 4GB of video memory in every configuration
• Up to 4TB of SSD storage
13-inch MacBook Pro:
• Quad-core Intel Core i5 or i7 processors. Up to 2.7GHz with Turbo Boost up to 4.5GHz
• Intel Iris Plus 655 integrated graphics with 128MB of eDRAM
• Up to 2TB of SSD storage
New features on both:
• Third-generation butterfly keyboard
• True Tone display and Touch Bar
• Apple T2 chip
Ref: Apple, The Verge, Gadgets NDTV