Xiaomi စမတ်ဖုန်း စီးရီးတွေထဲမှာ သုံးစွဲသူတွေကြားထဲ နာမည်ကောင်း ရထားတဲ့ စီးရီးတခုဖြစ်တဲ့ Mi Max မော်ဒယ်အသစ် Mi Max 3 ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။
Mi Max 3 ထွက်တော့မယ်ဆိုတဲ့ သတင်းဟာ အင်တာနက်ပေါ်မှာ ပြန့်နေတာ လအနည်းငယ် ရှိနေပေမယ့်၊ အခုအချိန်ထိ ကျနော်တို့ တရားဝင ်မမြင်ရသေးပါဘူး။ Xiaomi CEO ဖြစ်တဲ့ Lei Jun ကလည်း Mi Max 3 ဖုန်းဘူးကို Weibo မှာ တင်ခဲ့ပေမယ့် တကယ်ထွက်မယ့်နေ့ကို မပြောခဲ့တဲ့အတွက် ပရိတ်သတ်တွေအားလုံး မျှော်တလင့်လင့် ဖြစ်ခဲ့ရပါတယ်။
ဒါပေမယ့် ဒီနေ့မှာတော့ Weibo က Xiaomi Official Page ဟာ Mi Max 3 စမတ်ဖုန်းကို ဇူလိုင်လ ၁၉ ရက် နေ့မှာ တရားဝင် မိတ်ဆက်သွားမှာ ဖြစ်ကြောင်း ကြေညာလိုက်ပြီဖြစ်ပါတယ်။ ကြော်ငြာစာသားက “Large Scree and Battery” ဆိုတော့ Mi Max ထုံးစံအတိုင်း Screen ပိုကြီးလာပြီး၊ ဘက်ထရီ ပိုများလာမယ့် သဘောမှာ ရှိပါတယ်။
အခုဆို Bezel-less Display လို့ ခေါ်တဲ့ ကိုယ်ထည်အပြည့် Display တွေလည်း ခေတ်စားနေပြီဆိုတော့ Mi Max ကို Bezel-less Display နဲ့ တွေ့မြင်ရဖို့ရှိပါတယ်။ တရုတ်နိုင်ငံ မှတ်ပုံတင်ရုံး ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ TENAA ကနေ ပေါက်ကြားလာတဲ့ ဓာတ်ပုံမှာဆိုရင်လည်း Mi Max 3 ကို Bezel-less Design နဲ့ တွေ့မြင်ရမှာပါ။
လတ်တလော သိရှိထားတဲ့ Specifications တွေအရ Mi Max 3 မှာ 1.8GHz octa-core CPU ၊ FHD+ Resolution ရှိတဲ့ ၆ ဒဿမ ၉၉ လက်မ 18:9 LCD Screen တို့ ပါဝင်လာမယ်လို့ သိထားရပါတယ်။ Screen အရှေ့မှာ နေရာ မရှိတာကြောင့် Fingerprint Sensor ကို အရင်လို ဖုန်းနောက်မှာပဲ ဆက်လက် မြင်တွေ့ ရပါလိမ့်မယ်။ MIUI 10 နဲ့တော့မဟုတ်ဘဲ Android 8.1-based MIUI 9.5 နဲ့ ထွက်ရှိလာနိုင်ပါတယ်။
အသစ် ထွက်ရှိလာမယ့် Xiaomi Mi Max 3 ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၅၀ ဒေါ်လာလောက် ဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။
Ref: GSM Arena