IT

ကင်မရာ ၄ လုံး၊ Kirin 970 SoC တို့နဲ့ ထွက်ရှိလာတဲ့ Huawei Nova 3 စမတ်ဖုန်း

Want create site? Find Free WordPress Themes and plugins.

Huawei Nova စီးရီးရဲ့ နောက်ဆုံး မော်ဒယ်အသစ်ဖြစ်တဲ့ Nova 3 ကတော့ ဇူလိုင်လ အတွင်း တရားဝင် ထွက်ရှိလာပါပြီ။ Nova စီးရီးဖုန်းတွေနဲ့ မတူဘဲ ထူးခြားတဲ့ အချက်တခုကတော့ Huawei P20 နဲ့ P20 Pro တို့လို တကယ့် Flagship ဖုန်းတွေမှာ သုံးထားတဲ့ Kirin 970 SoC ကို အခု Nova 3 ဖုန်းမှာ တွေ့မြင်ခဲ့ရတာပါ။ ဒါ့အပြင် Huawei ရဲ့ GPU Turbo နည်းပညာကိုလည်း အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။

Nova 3 ဖုန်းမှာ ကင်မရာ ၄ လုံးအထိ အသုံးပြုထားပြီး၊ ကျောကင်မရာ ၂ လုံးက 16-megapixel ၊ f/1.8 Sensor နဲ့ 24-megapixel f/1.8 Sensor တို့ဖြစ်ပါတယ်။ ကျောကင်မရာ ၂ လုံးကနေ AI Scene Recognition ဆိုတဲ့ စနစ်ကိုလည်း အသုံးပြုပြီး ဓာတ်ပုံရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒီစနစ်ဟာ ရှုခင်းမြင်ကွင်းပေါင်း ၅၀၀ အထိကို အလိုလို သိရှိနိုင်ပြီး၊ အကောင်းဆုံး ဓာတ်ပုံ အရည်အသွေးကို ပေးစွမ်းနိုင်တဲ ့စနစ် ဖြစ်ပါတယ်။

ရှေ့ကင်မရာ ၂ လုံးကတော့ 24-megapixel ၊ f/2.0 Sensor နဲ့ 2-megapixel secondary sensor တို့ဖြစ်ပြီး ရှေ့ကင်မရာကနေ Apple ရဲ့ Animoji နဲ့ ဆင်တူတဲ့ 3D Qmoji ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Nova 3 ရဲ့ Display ကတော့ ၆ ဒဿမ ၃ လက်မအရွယ် 19.5:9 Aspect Ration နဲ့ ဖြစ်ပြီး Resolution 1080×2340 pixels Full HD+ အရည်အသွေး ရှိပါတယ်။ တခြား Specifications တွေအနေနဲ့ အထက်မှာ ပြောခဲ့သလိုပဲ Flagship SoC ဖြစ်တဲ့ Kirin 970 ၊ 6GB RAM နဲ့ 64GB Storage တို့ ပါဝင်မှာပါ။ Storage ကို 128GB မော်ဒယ်လည်း ထွက်လာမှာ ဖြစ်ပါတယ်။ USB Type-C ၊ Face Unlock စနစ် စတာတွေလည်း ပါဝင်ပါတယ်။

Nova 3 ဟာ သူ့အရှေ့က Nova စီးရီးတွေနဲ့မတူဘဲ Mid-range အစား Flagship ဖုန်းတလုံး လို့တောင် ပြောလို့ ရပါတယ်။ Nova 3 ကို ခရမ်းရောင်၊ အနက်ရောင်၊ အပြာရောင်နဲ့ ရွှေရောင်ဆိုပြီး ကာလာ ၄ မျိုး ထုတ်သွားမှာဖြစ်ကာ ဇူလိုင်လ ၂၀ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ စျေးနှုန်းကိုတော့ ဇူလိုင်လ ၁၈ ရက်နေ့မှာ ကြေညာ သွားမှာပါ။ စျေးနှုန်း မသိရသေးပေမယ့် Pre-Order မှာချင်ရင် V-mall website ကနေ မှာထားနိုင်ပြီဖြစ်ပါတယ်။

Ref: Gadgets NDTV, GSM Arena, V-Mall

Did you find apk for android? You can find new Free Android Games and apps.
Loading