IT

iPad အတွက် Photoshop Full Version ထုတ်ပေးတော့မယ့် Adobe

Want create site? Find Free WordPress Themes and plugins.

Adobe ဟာ Apple App Store မှာ Application ပေါင်း ၃၀ ဆယ်လောက် လက်ရှိ ရှိထားပေမယ့် ကုမ္ပဏီရဲ့ လူသုံးအများဆုံး App တခုဖြစ်တဲ့ Photoshop တော့ မရှိသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာတော့ Photoshop ကိုလည်း App Store မှာ တွေ့မြင်ရတော့မှာပါ။

Bloomberg ရဲ့ သတင်းတပုဒ်အရ Adobe ဟာ iPad အတွက် Feature အပြည့်အစုံ ပါတဲ့ Photoshop App ကို ရေးဆွဲနေပြီဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ တရားဝင် ထုတ်ပေးဖို့ရှိတယ်လို့ သိရပါတယ်။ ဒီသတင်းကို ယခုနှစ် အောက်တိုဘာလမှာ Adobe ဘက်က တရားဝင် ထုတ်ပြန် ကြေညာသွားမယ်လို့ ဆိုပါတယ်။

Adobe Creative Cloud ရဲ့ Product ပိုင်းဆိုင်ရာ အကြီးအကဲဖြစ်သူ Scott Belsky ကလည်း Photoshop Cross-platform Edition လုပ်နေတယ် ဆိုတဲ့သတင်းကို အတည်ပြုပေးခဲ့ပါတယ်။

Adobe ဟာ အရင်ကတည်းက App Store အတွက် “Photoshop Express” ဆိုတဲ့ မိုဘိုင်းဗားရှင်းကို ထုတ်ပေးထားပေမယ့် PC နဲ့ Mac က Photoshop လောက် အဆင်မပြေတာကြောင့် သုံးစွဲသူတွေကြား သိပ်နာမည် မရခဲဲ့ပါဘူး။

Apple ရဲ့ နောက်ပိုင်း iPad မော်ဒယ်တွေဟာ စွမ်းဆောင်ရည် တော်တော်ကောင်းလာပြီး ရှုပ်ထွေးတဲ့ Image Edition Software တွေကို ကောင်းကောင်း အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။ ဒီနှစ်မှာ မိတ်ဆက်သွားတဲ့ “iPad 2018” ဆို Apple Pen ပါ သုံးလို့ရနေပြီ ဖြစ်ပါတယ်။ iPad Pro ဆိုရင် Mid-range Laptops အများစု ထက်တောင် စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ စစ်ဆေးမှု ရလဒ် Benchmarks တွေ သာနေတာကို တွေ့ရမှာပါ။

Adobe အနေနဲ့လည်း Photoshop ကို Image-editing Professional တွေသာမက ဒီဇိုင်းဝါသနာရှင်တွေ၊ သာမန် အသုံးပြုသူတွေပါ အသုံးပြုလာအောင် ဆွဲဆောင်နိုင်ဖို့ ရည်ရွယ်ချက် ထားထားတာကြောင့် iPad အတွက် ထုတ်ပေးဖို့ ဆုံးဖြတ်ချက် ချလိုက်တာလည်း ဖြစ်ပါတယ်။

Photoshop အသုံးပြုသူတွေ အနေနဲ့လည်း အရင်လို PC ရှေ့မှာထိုင်ပြီးမှ လုပ်နေရမယ့်အစား သွားရင်းလာရင်း ချက်ချင်း Edit လုပ်နိုင်မှုကို ပိုမိုလိုလားကြတယ်လို့ Belsky က ပြောကြားခဲ့ပါတယ်။

Ref ; gsmarena

Did you find apk for android? You can find new Free Android Games and apps.
Loading