IT

LG ကုမ္ပဏီထံမှ OLED နဲ့ LCD iPhone Display ပေါင်း သန်း ၂၀ ကျော်ကို Apple မှာယူ

Want create site? Find Free WordPress Themes and plugins.

Apple ဟာ OLED Display Panel တွေအတွက် တခြား Supplier ရှာဖွေနေတယ် ဆိုတဲ့ သတင်းတွေ လတ်တလော ပလူပျံအောင် တွေ့နေရပါတယ်။

Apple အနေနဲ့ OLED Display အတွက် Samsung ကိုပဲ မှီခိုအားထား နေရမှုကို လျော့ချဖို့အတွက် နောက်ထပ် Display Supplier ရှာနေတာ ဖြစ်ပြီး၊ အခုတော့ Supplier ရသွားပြီလို့ သိရပါတယ်။ Apple Supplier အသစ်က တခြားသူတော့ မဟုတ်ပါဘူး။ Samsung ရဲ့ Display ပြိုင်ဘက် LG ကုမ္ပဏီပဲဖြစ်ပါတယ်။

DigiTimes က ရရှိတဲ့ သတင်းအရ LG ဟာ ယခုနှစ်အတွင်း Apple အတွက် OLED Display ပေါင်း ၃ သန်းကနေ ၄ သန်း အထိ ထုတ်ပေးဖို့ စာချုပ်ချုပ်ဆိုလိုက်ပြီလို့ သိရပါတယ်။ ဒီ OLED Display တွေဟာ ယခုနှစ််အတွင်း ထွက်ရှိမယ်လို့ သတင်းပြေးနေတဲ့ Screen အကြီးစား၊ မျက်နှာပြင်အရွယ်အစား ၆ ဒဿမ ၅ လက်မ အရွယ် iPhone X Plus တွေမှာ သုံးဖို့အတွက်လို့ ယူဆရပါတယ်။

LG ဆီက လောလောဆယ် Display ၃ သန်းလောက်ပဲ မှာထားတာကြောင့် ကျန်တဲ့ Display ပမာဏ အများစုကိုတော့ Samsung ကပဲ ဆက်ထုတ်ပေးရဦးမှာ ဖြစ်ပါတယ်။ Samsung အနေနဲ့ ယခုနှစ်အတွင်း Apple အတွက် OLED Display ပေါင်း သန်း ၇၀ လောက် ထုတ်ပေးဖို့ ရှိတယ်လို့လည်း သိထားရပါတယ်။

ဘာပဲပြောပြော ဒီအတိုင်းဆို အသစ်ထွက်မယ့် iPhone တွေမှာ Qualcomm Modem နဲ့ Intel Modem ကွာသလိုပဲ Samsung Display နဲ့ LG Display ဆိုပြီး မော်ဒယ် ၂ ခု မသိမသာ ကွဲသွားနိုင်ပါတယ်။

အတည်မပြုရသေးတဲ့ သတင်းတွေအရ LG ဟာ Apple အတွက် OLED Display တင် မဟုတ်ဘဲ LCD Display သန်း ၂၀ ကျော်ပါ ထုတ်ပေးသွားဦးမယ်လို့ သိရပါတယ်။ ဒီ LCD Display တွေကတော့ ကောလာဟလ ထွက်နေတဲ့ မျက်နှာပြင် အရွယ်အစား ၆ ဒဿမ ၁ လက်မ အရွယ်၊ iPhone Budget မော်ဒယ်အတွက် ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် LCD Display အတွက် “Sony, Toshiba နဲ့ Hitachi” ၃ ခု ပေါင်းထားတဲ့ “Japan Display” ဆိုတဲ့ ကုမ္ပဏီ ကလည်း ထုတ်ပေးမယ်လို့ သတင်းထွက်နေပါသေးတယ်။

Ref: Gadgets NDTV

Did you find apk for android? You can find new Free Android Games and apps.
Loading