၂၀၁၆ ခုနှစ်ကမှ စတင်မိတ်ဆက်ခဲ့ပေမယ့် ၂ နှစ်အတွင်း အသုံးပြုသူအများအပြားရှိလာပြီဖြစ်တဲ့ Fast.com မှာ Features အသစ်တွေကို ပိုင်ရှင်ကုမ္ပဏီဖြစ်တဲ့ Netflix က ထပ်ထည့်ပေးလိုက်ပြီဖြစ်ပါတယ်။
အင်တာနက်လိုင်း အမြန်နှုန်း စစ်ဆေးပေးတဲ့ Fast.com မှာ အရင်က ရိုးရိုးရှင်းရှင်းနဲ့ Download Speed တခုတည်းကိုပဲ စစ်ဆေးနိုင်ခဲ့ပေမယ့်၊ အသုံးပြုတချို့ဘက်က Information ပိုလိုချင်တယ်လို့ တောင်းဆိုနေတာကြောင့် အခုလို Feature အသစ်တွေ ထည့်ပေးလိုက်တာဖြစ်တယ်လို့ Netflix က ပြောကြားခဲ့ပါတယ်။
အခုဆိုရင် Fast.com မှာ အင်တာနက်လိုင်းရဲ့ Upload Speed ၊ Loaded and Unloaded Latency တို့ကိုပါ အလွယ်တကူ ကြည့်နိုင်ပါပြီ။ ဒါ့အပြင် Client အချက်အလက်တွေ၊ Servers တည်နေရာတွေအပြင်၊ Speed Test တကြိမ် စစ်ဆေးလိုက်တဲ့အခါ ဒေတာဘယ်လောက် ကုန်သွားလဲဆိုတာကိုပါ ဖော်ပြပေးထားမှာပါ။
Loaded and Unloaded Latency ဆိုတာကတော့ ကျနော်တို့ အသုံးပြုနေတဲ့ Network ပေါ်မှာ Traffic မကြပ်တဲ့အခါနဲ့ ဒေတာသုံးစွဲမှုများတဲ့ Applications တွေ တချိန်တည်း Run နေတဲ့အခါတို့က Latency ဖြစ်ပြီး၊ ဂိမ်းဆော့တာနဲ့ Streaming ကြည့်တာတို့မှာ Latency နည်းဖို့အတွက် ဒီနှစ်ခုကြား ကိန်းဂဏန်းတန်ဖိုးဟာ နည်းနိုင်သမျှနည်းလေ အကောင်းဆုံးဖြစ်ပါတယ်။
ဒါ့အပြင် Settings tab အသစ်လည်း ပါဝင်လာပြီး၊ User တွေအနေနဲ့ Parallel Connections တွေ၊ Speed စစ်ဆေးမှု ကြာချိန်တွေကိုပါ ရွေးချယ်ထားနိုင်ပြီဖြစ်ပါတယ်။ ဒီ Settings တွေကို Device တခုချင်းစီ အတွက်လည်း Save လုပ်ထားနိုင်ပါတယ်။ ပြိုင်ဘက်ဝန်ဆောင်မှုဖြစ်တဲ့ Ookla ရဲ့ Speedtest.net နဲ့ နှိုင်းယှဉ်စစ်ဆေးနိုင်တဲ့ ‘‘Compare with Speedtest.net results’’ ဆိုတဲ့ Feature ကိုတော့ ဖြုတ်လိုက်တာ တွေ့ရပါတယ်။
Fast.com ဟာ Netflix Servers တွေနဲ့ ချိတ်ဆက်ထားတဲ့အတွက် Netflix ကြည့်တဲ့သူတွေ အဓိကအားထား အသုံးပြုတဲ့ Tool တခုဖြစ်ပေမယ့်၊ ရိုးရှင်းလွန်းတဲ့ Interface ကြောင့် တခြား အသုံးပြုသူတွေလည်း ပိုမိုအသုံးပြုလာကြတာ တွေ့ရပါတယ်။
Netflix ရဲ့ အဆိုအရ ၂၀၁၆ ခုနှစ်မှာ လွှင့်ပြီးနောက်ပိုင်း၊ Fast.com မှာ Speed လာစစ်ဆေးမှုပေါင်း သန်း ၅၀၀ ကျော်ရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီအရေအတွက်ရဲ့ တဝက်လောက်က ပြီးခဲ့တဲ့ ၇ လလောက်အတွင်းမှာ ရရှိခဲ့တာဖြစ်တယ်လို့ Netflix က သတင်းထုတ်ပြန်ထားပါတယ်။
Fast.com ကို Browser ကနေ မဟုတ်ဘဲ App နဲ့ သုံးချင်ရင်လည်း သုံးလို့ရအောင် Android အတွက်ကော iOS အတွက်ပါ Netflix က ထုတ်ထားပေးပြီးသားဖြစ်ပါတယ်။
Ref: Netflix, The Verge