အယ်ဂရစ်သမ် ဓာတ်ပုံနည်းပညာနဲ့ DSLR အရည်အသွေးရှိတဲ့ ဓာတ်ပုံတွေကို စမတ်ဖုန်း ကင်မရာတွေဆီ ယူဆောင်လာဖို့ ကြိုးပမ်းနေတဲ့ Light ကုမ္ပဏီဟာ SoftBank နဲ့ Leica ကုမ္ပဏီထံကနေ ကန် ဒေါ်လာ ၁၂၁ သန်းအထိ ရင်းနှီးမြုပ်နှံငွေ ရရှိသွားပြီ ဖြစ်ပါတယ်။SoftBank Vision Fund ကနေ ဦးဆောင်လုပ်ပေးတဲ့ Light ကုမ္ပဏီရဲ့ စတုတ္ထအကြိမ်မြောက် ရင်းနှီးမြှုပ်နှံမှု ခေါ်ယူရေး အစီအစဉ်မှာ နာမည်ကြီး ဂျာမန်ကင်မရာ ကုမ္ပဏီတခုဖြစ်တဲ့ Leica လည်း ပါဝင်ခဲ့ပြီး၊ စုစုပေါင်း ဒေါ်လာ ၁၂၁ သန်းအထိ ရရှိခဲ့တာဖြစ်ပါတယ်။
Light ဟာ ကင်မရာဆန်ဆာ ၉ လုံးအထိ ပါတဲ့ စမတ်ဖုန်းတလုံးကို ယခုနှစ်ကုန် အတွင်းမှာ မိတ်ဆက်ဖို့ ကြိုးစားနေပြီး၊ ရှေ့ပြေး မော်ဒယ်ကိုလည်း ချပြခဲ့ပြီးဖြစ်ပါတယ်။ အခုလို နာမည်ကြီး ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုကို ရရှိလိုက်တာကြောင့် ဒီကင်မရာ ၉ လုံးနဲ့ ဖုန်းကို ထင်ထားတာထက် စောပြီး မြင်တွေ့ရနိုင်ခြေ ရှိပါတယ်။
“SoftBank Vision Fund လို သမ္ဘာရင့် ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီရဲ့ ထောက်ခံမှုကို ရရှိထားတာကြောင့် Light ရဲ့ မိုဘိုင်းကင်မရာ နည်းပညာသစ်ကို မျှော်မှန်းထားတာထက် စောပြီး ကမ္ဘာ့အလယ်မှာ ချပြနိုင်တော့မှာပါ” လို့ Light ကို ပူးတွဲတည်ထောင်ခဲ့သူနဲ့ လက်ရှိ CEO ဖြစ်သူ Dave Grannan က ပြောကြားခဲ့ပါတယ်။
Lenses အမြောက်အများကို အရာဝတ္ထုတခုမှာ ဆုံချက်ပေး ရိုက်ကူးနိုင်တဲ့ နည်းပညာကနေ အရာဝတ္ထုတွေနဲ့ ပတ်ဝန်းကျင်မြင်ကွင်းတွေရဲ့ တိကျတဲ့ သုံးဖက်မြင် ပုံရိပ်တွေကိုလည်း ဖန်တီးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Light ဟာ ဒီနည်းပညာကို ဖုန်းနဲ့ တင်ကျေနပ်ဦးမှာမဟုတ်ဘဲ မောင်းသူမဲ့ကားတွေ၊ စက်ရုပ်တွေ၊ လေယာဉ် နည်းပညာတွေ၊ ဒရုန်းတွေနဲ့ စက်မှုလုပ်ငန်းတွေ စတဲ့ နယ်ပယ်အမြောက်အများအထိ ယူဆောင်လာဖို့ ရည်ရွယ်ချက်ရှိတယ်လို့ သိရပါတယ်။
“ Light ကုမ္ပဏီဟာ ရှုပ်ထွေးတဲ့ ကင်မရာစက်ပိုင်းဆိုင်ရာလုပ်ဆော
အဆင့်မြင့်ဓာတ်ပုံနည်းပညာတွေ ပေါ်ထွက်လာအောင်လည်း လမ်းခင်း ပေးနိုင်ခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှု တောင့်တောင့်တင်းတင်း ရရှိလိုက်တာဟာ ဒီနည်းပညာသစ်တွေကို တခြား ဓာတ်ပုံနဲ့ ပုံရိပ်ဖော်ဆောင်မှုနည်းပညာနယ်
ဆက်စပ် သတင်းလင့်ခ် – ကင်မရာ ၉ လုံးနဲ့ ဖုန်း ထုတ်လုပ်မယ့် Light ကုမ္ပဏီ
Ref: Venture Beat, GSM Arena