IT

နိုင်ငံတကာဈေးကွက်အတွက် Android One ဖုန်းအဖြစ် ထွက်ရှိလာတဲ့ Nokia 6.1 Plus

Nokia ဖုန်းတွေ ထုတ်လုပ်ခွင့် ရရှိထားတဲ့ HMD Global ကုမ္ပဏီဟာ Notch ဒီဇိုင်းသုံး ပထမဆုံး Nokia ဖုန်းဖြစ်တဲ့ “X6” စမတ်ဖုန်းကို Global ဗားရှင်းအဖြစ် ပြောင်းလဲထုတ်လုပ်မယ့် ကောလာဟလတွေ ထွက်ပေါ်နေခဲ့တာကို ဖတ်မိကြမှာပါ။ အခုအချိန်မှာတော့ ဒီကောလာဟလတွေ တကယ်ဖြစ်လာပြီလို့ ဆိုရမှာပါ။

HMD Global ဟာ လွန်ခဲ့တဲ့ ၂ လက တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တဲ့ “Nokia X6” ကို နိုင်ငံတကာဈေးကွက် အတွက် Nokia 6.1 Plus နာမည်နဲ့ ဟောင်ကောင်မှာ ပြန်လည် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ အရင် Nokia X6 နဲ့ ကွာတာဆိုလို့ သုံးထားတဲ့ Operating System ပဲ ကွာမှာ ဖြစ်ပြီး၊ Google အသိအမှတ်ပြု Android One ဖုန်းအဖြစ် ထွက်လာတာ ဖြစ်ပါတယ်။ မြင်သာအောင် ပြောရရင် Xiaomi ရဲ့ 5X ဖုန်းနဲ့ Mi A1 ဖုန်းတွေ ပုံစံအတိုင်း ဖြစ်ပါတယ်။

Nokia 6.1 Plus မှာ Android 8.1 Oreo Stock Android ကို အသုံးပြုထားပြီး၊ Notch ပါဝင်တဲ့ 19:9 Aspect Ratio သုံး ၅.၈ လက်မအရွယ် full-HD+ Display ပါဝင်မှာ ဖြစ်ပါတယ်။ Snapdrgon 636 SoC ၊ 4GB RAM နဲ့ 64GB Internal Storage တို့ ပါဝင်ပြီး၊ USB Type-C နဲ့ Quick Charge 3.0 အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ကင်မရာပိုင်းကတော့ ကျောကင်မရာက 16-megapixel+5-megapixel Dual ကျောကင်မရာနဲ့ ဖြစ်ပြီး၊ ရှေ့ကင်မရာကတော့ 16-megapixel Sensor နဲ့ ဖြစ်ပါတယ်။ လက်ရှိခေတ်စားနေတဲ့ Face Unlock နဲ့ AI ဓာတ်ပုံ နည်းပညာတွေပါ အသုံးပြုနိုင်မှာပါ။ ဒါ့အပြင် ရှေ့ကင်မရာနဲ့ ကျောကင်မရာကို တပြိုင်တည်း အသုံးပြုနိုင်တဲ့ Bothie feature လည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။

Nokia X6 တုန်းက RAM မော်ဒယ် ၂ မျိုး ထွက်ရှိခဲ့ပေမယ့် အခု Nokia 6.1 Plus မှာတော့ လောလောဆယ် မော်ဒယ်ကွဲ တမျိုးပဲ ထွက်ရှိလာတာ တွေ့ရပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၉၂ ဒေါ်လာခန့် ရှိပြီး၊ ဇူလိုင်လ ၂၄ ရက်နေ့က စတင်ကာ ဟောင်ကောင်မှာ စတင်ရောင်းချသွားမှာပါ။

အပြာရောင်နဲ့ အဖြူရောင်ဆိုပြီး အရောင် ၂ မျိုးပဲ ရွေးချယ်နိုင်ပါလိမ့်မယ်။ စိတ်မကောင်းစရာ တခုကတော့ နိုင်ငံတကာ ဈေးကွက်အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ဖုန်းဆိုပေမယ့် ဟောင်ကောင်အပြင် တခြား ဘယ်နိုင်ငံတွေမှာ ရရှိဦးမလဲ ဆိုတာကတော့ အခုထိ မသိရသေးပါဘူး။

Ref: Gadgets NDTV

Loading