Xiaomi Mi A စီးရီး ပရိတ်သတ်တွေ စောင့်မျှော်နေတဲ့ Mi A2 စမတ်ဖုန်း နှစ်မျိုးကတော့ အမှန်တကယ် ထွက်ရှိလာခဲ့ပါပြီ။
Mi A2 နဲ့ Mi A2 Lite လို့ နာမည်ပေးထားတဲ့ ယခုစမတ်ဖုန်းနှစ်မျိုးစလုံးဟာ အရင် Mi A1 အတိုင်း Android One စနစ်နဲ့ ထွက်ရှိလာတာဖြစ်ပြီး၊ Android 8.1 နဲ့ စတင်အသုံးပြုရမှာဖြစ်ပါတယ်။
အရင် Mi A1 တုန်းက တရုတ်နိုင်ငံမှာ ထုတ်ထားတဲ့ Mi 5X ဖုန်းကို Operating System ပြောင်းပြီး ပြန်ထုတ်ခဲ့သလိုပဲ၊ အခု Mi A2 ဟာလည်း Mi 6X စမတ်ဖုန်းကို Operating System သုံးပြီး ပြန်ထုတ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် တခုထူးခြားတာက Mi A2 မော်ဒယ်ပဲ Mi 6X နဲ့ တူမှာဖြစ်ပြီး၊ Mi A2 Lite ကတော့ ဒီဇိုင်းကော Specifications ပါ ကွာခြားသွားမှာ ဖြစ်ပါတယ်။
Specifications တွေအရ ပြောရမယ်ဆိုရင် Mi A2 စမတ်ဖုန်းဟာ ၇.၃ မီလီမီတာအထူရှိမှာဖြစ်ပြီး၊ ၆ လက်မအရွယ် 18:9 Aspect Ratio သုံး 1080p LCD Display နဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။ Mid-range SoC တမျိုးဖြစ်တဲ့ Snadragon 660 SoC ၊ 12-megapixel + 20-megapixel ကျောကင်မရာနှစ်လုံးတွဲ၊ 20-megapixel ရှေ့ကင်မရာတို့နဲ့ ဖြစ်ပါတယ်။ USB Type-C၊ 3,000mAh ဘက်ထရီတို့ ပါရှိမှာပါ။ အမြင့်ဆုံးမော်ဒယ်အနေနဲ့ 6GB RAM ကနေ 128GB Storage အထိ ဝယ်ယူရရှိနိုင်ပါတယ်။
Mi A2 Lite ကတော့ ပိုမိုသေးငယ်ပြီး၊ ဈေးသက်သာတဲ့ မော်ဒယ်ဖြစ်ပြီး၊ Mi A2 နဲ့ အဓိက ကွာသွားတာကတော့ Display မှာ Notch ပါဝင်လာတာပါ။ ကျန် ၅.၈၄ လက်မအရွယ် 19:9 1080p LCD Display ၊ Snapdragon 625 SoC ၊ 12-megapixel + 5-megapixel ကျောကင်မရာ၊ 5-megapixel ရှေ့ကင်မရာတို့ ပါဝင်မှာပါ။
ဒီဖုန်းမှာတော့ USB Type-C မဟုတ်တော့ဘဲ ရိုးရိုး micro-USB ပဲဖြစ်သွားကာ၊ ဘက်ထရီကတော့ 4,000mAh ဆိုတော့ ပိုကြီးသွားပါတယ်။ ဘက်ထရီပိုကြီးသွားတာနဲ့အတူ ဖုန်းကိုယ်ထည်လည်း မဆိုစလောက်လေး ပိုထူသွားပြီး၊ ၈.၇၅ မီလီမီတာ အထူရှိမှာပါ။ Mi A2 Lite ကိုတော့ အမြင့်ဆုံးဗားရှင်းအနေနဲ့ 4GB RAM နဲ့ 64GB မော်ဒယ်ဆိုပြီး ဝယ်ယူနိုင်ပါတယ်။
Mi A2 ဖုန်းတွေကို စပိန်နိုင်ငံမှာ စတင်ရောင်းချသွားမှာဖြစ်ပြီး၊ ဈေးနှုန်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
Mi A2 (4GB RAM+32GB Stroage) – $290
Mi A2 (4GB RAM+ 64GB Storage) – $325
Mi A2 (6GB RAM+ 128GB Storage) – $408
Mi A2 Lite (3GB RAM+32GB Storage) – 209$
Mi A2 Lite (4GB RAM+64GB Storage) – 267$
Xiaomi ကတော့ ယခု Mi A2 ဖုန်းမော်ဒယ်အကုန်လုံးကို နိုင်ငံ ၄၀ မှာ ရောင်းချသွားမယ် ပြောခဲ့တာကြောင့် မြန်မာနိုင်ငံကိုလည်း မကြာမီ ရောက်ရှိလာနိုင်ပါတယ်။
Ref: The Verge