IT

AI နည်းပညာ သုံးပြီး Grammar ပြင်ပေးမယ့် Google Docs

Want create site? Find Free WordPress Themes and plugins.

အင်တာနက်လိုင်းရှိရုံနဲ့ Docs (Word) ၊ Spreadsheet နဲ့ Slides တို့ကို Browser, App တွေကနေ အလွယ်တကူ အသုံးပြုနိုင်တဲ့ Google Docs ကို အခုဆို လူတိုင်း၊ လုပ်ငန်းတိုင်းနီးပါး အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

Google Docs မှာ စာလုံးပေါင်း မှားသွားရင် သတိပေးမယ့် Spell-checking Tool ပါဝင်ပြီးသား ဖြစ်ပေမယ့်၊ သဒ္ဒါမှားနေရင်တော့ သူလည်း မကယ်နိုင်ပါဘူး။ လုပ်ငန်း အကြောင်းအရာတွေမှာ သတိထားနေရဲ့သားနဲ့ သဒ္ဒါ မှားသွားတာမျိုးက နည်းနည်း အရှက်ရစရာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ယခုကစပြီး ဒီပြဿနာတွေ ချုပ်ငြိမ်းသွားတော့မှာ ဖြစ်ပါတယ်။

Google ဟာ Docs အတွက် AI နည်းပညာ သုံးပြီး Grammar ပြင်ပေးမယ့် Tool ကို ယနေ့ပဲ စတင် ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Machine translation algorithm အသုံးပြုထားတဲ့ ယခု Tool ဟာ Grammar အမှားတွေကို အလိုအလျောက် သိရှိနိုင်တဲ့အပြင်၊ Grammar အမှန်ကိုလည်း စာရိုက်နေရင်းနဲ့ကို အလိုအလျောက် Suggest လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Google ရဲ့ အဆိုအရတော့ မှားလေ့ရှိတဲ့ ‘‘a’’ နဲ့ ‘‘an’’ လိုမျိုး အမှားတွေကနေ အမှီဝါကျ (subordinate clause) အမှားအယွင်းတွေကိုပါ ပြင်ပေးနိုင်မယ်လို့ သိရပါတယ်။ ဒီ Tool ဟာ ဘယ်လောက် အဆင့်မြင့်မြင့် လုပ်ဆောင်နိုင်သလဲ ဆိုတာကတော့ တကယ်သုံးကြည့်မှ သိရမှာပါ။

 

https://techcrunch.com/wp-content/uploads/2018/07/Spelling-grammar.gif

Google Docs AI Grammar Tool အလုပ်လုပ်ပုံနမူနာ

 

Google အနေနဲ့ ယခု Tool ကို တခြား Developer တွေအတွက်ပါ API အနေနဲ့ ထုတ်ပေးမယ်ဆိုရင် တခြား App တွေ Service တွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့လာနိုင်ပါတယ်။ ဒါပေမယ့် လောလောဆယ် ထုတ်ပေးဖို့ အစီအစဉ် မရှိလောက်ပါဘူး။

AI နည်းပညာသုံး Grammar ပြင်ပေးမယ့် Tool ကို စမ်းအသုံးပြုချင်ရင်တော့ Google ရဲ့ Early Adopter Program ကနေ အသုံးပြုခွင့်လျှောက်ထားပြီး သုံးကြည့်နိုင်ပါတယ်။ လတ်တလောမှာ Google က ရောင်းတဲ့ G Suite ဝန်ဆောင်မှုကို ယူထားတဲ့ ကုမ္ပဏီလုပ်ငန်းတွေမှာပဲ အသုံးပြုနိုင်ပါလိမ့်မယ်။ ဒါတောင်မှ G Suite Admin နဲ့ ဆက်သွယ်ပြီး၊ သူကိုယ်တိုင် ဖောင်ဖြည့်လျှောက်ပေးမှ ရပါလိမ့်မယ်။ ဖောင်ကိုတော့ ယခု Link မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

G Suite Docs Grammar Checker အတွက် လျှောက်ထားရမည့်ဖောင်

Ref: Tech Crunch

Did you find apk for android? You can find new Free Android Games and apps.
Loading