Facebook ဟာ “Watch Party” Feature အသစ်ကို တကမ္ဘာလုံးက Group တွေအားလုံးအတွက် ဇူလိုင်လ ၂၅ ရက်နေ့မှာ ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါ Feature ကို တချို့ Group တွေမှာ စမ်းသပ်နေတာ တနှစ်ခွဲလောက် ကြာနေပြီဖြစ်ပြီး၊ အခုမှ Group အားလုံးအတွက် ရရှိလာတာပါ။
“Watch Party” ဆိုတာ Group မန်ဘာအားလုံး အတူတကွ ကြည့်ရှုနိုင်တဲ့ ဗီဒီယိုပါတီ တခုဖြစ်ပြီး Live ဗီဒီယိုတွေကော Record လုပ်ထားပြီးသား ဗီဒီယိုတွေကော ပါဝင်မှာဖြစ်ပါတယ်။ Group မန်ဘာတိုင်း Watch Party ထောင်နိုင်ပြီး၊ ကြည့်ချင်တဲ့ ဗီဒီယိုတွေကို Party ထောင်ထားတဲ့လူက ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ ဗီဒီယိုတွေ ရွေးချယ်ပြီးပြီဆိုတာနဲ့ တခြား မန်ဘာတွေကို ဖိတ်ကြားပြီး အတူတူ ကြည့်နိုင်မှာပါ။
Live လွှင့်သလိုပဲ ဗီဒီယိုတွေကို Comment ပေးတာ၊ ကိုယ်ကြည့်ချင်တဲ့ တခြား ဗီဒီယိုတွေကို ပါတီထောင်တဲ့ လူဆီ တောင်းဆိုတာတွေလည်း လုပ်နိုင်မှာပါ။ ဗီဒီယိုတွေကို ရစ်တာ၊ကျော်တာနဲ့ တောင်းဆိုတဲ့ ဗီဒီယိုတွေ ထပ်ထည့်တာ အားလုံးကို ပါတီထောင်ထားတဲ့လူ စိတ်ကြိုက်လုပ်နိုင်မှာဖြစ်ပါတယ်။
တယောက်တည်း Host မလုပ်ချင်ဘူးဆိုရင်လည်း တခြားမန်ဘာဝင်တွေကို ဖိတ်ပြီး အတူ Host လုပ်လို့ရမှာဖြစ်ပါတယ်။ ပူးတွဲတင်ဆက်သူ (Co-hosts) တိုင်းကလည်း ဗီဒီယိုထပ်ထည့်တာတွေ လုပ်နိုင်မှာဖြစ်ပါတယ်။
ယခု Feature အသစ်ကို လက်ရှိမှာ Facebook Group တွေမှာပဲ ရရှိသေးပေမယ့်၊ Page တွေမှာလည်း ထုတ်ပေးဖို့ ကြိုးစားလျက်ရှိတယ်လို့ Facebook က ပြောကြားခဲ့ပါတယ်။ Page တွေမှာ ရရှိဖို့တော့ အချိန်နည်းနည်း လိုဦးမှာပါ။
Watch Party ဟာ အမေးအဖြေ ကဏ္ဍတွေ ပြုလုပ်လေ့ရှိတဲ့ Facebook Group တွေ၊ အကြောင်းအရာမျိုးစုံနဲ့ ပတ်သတ်ပြီး လုပ်ပုံလုပ်နည်း (Tutorial) ဗီဒီယိုတွေ တင်ဆက်လေ့ရှိတဲ့ Facebook Groups တွေအတွက် အသုံးဝင်မယ့် Feature တခု ဖြစ်လာမှာပါ။ တခြား Group တွေမှာလည်း နှစ်သက်ရာ ဗီဒီယိုတွေကို ရွေးချယ်ပြီး မန်ဘာအားလုံး အတူတကွ မှတ်ချက်ပေး၊ ဆွေးနွေးပြီး ကြည့်လာနိုင်မှာပါ။
Ref: Facebook, Tech Crunch