• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

“မကွဲအက်နိုင်တဲ့ OLED Display အပျော့” ကို Samsung မိတ်ဆက်ပြသ

by Nigma
27 July 2018
in IT
A A
Samsung ကနေ ထုတ်လုပ်လိုက်တဲ့ OLED Display အပျော့

Samsung ကနေ ထုတ်လုပ်လိုက်တဲ့ OLED Display အပျော့

6.8k
VIEWS
Share on FacebookShare on Twitter

“Flexible OLED Display” လို့ ခေါ်ကြတဲ့ ကွေးနိုင်၊ ခေါက်နိုင်တဲ့ OLED Display တွေ စတင် ထွက်ရှိလာခဲ့တာ အခုဆိုရင် နှစ်အနည်းငယ် ကြာမြင့်ခဲ့ပါပြီ။ ဒါပေမယ့် ဒီ Display တွေကို လက်ရှိ အသုံးချနေတဲ့ ပုံစံက Display အပေါ်မှာ ကာကွယ်ပေးဖို့ အတွက် မှန်အမာသားကိုပဲ သုံးစွဲနေတဲ့ ပုံစံ ဖြစ်တာကြောင့် Display က တကယ်တမ်း ကွေးနိုင်ရင်တောင် မှန်ခံနေတဲ့အတွက် စွမ်းဆောင်ရည် အပြည့်အဝ အသုံးချနိုင်မှာ မဟုတ်ပါဘူး။

ဒါပေမယ့် အခု Samsung ကနေ ထုတ်လုပ်လိုက်တဲ့ OLED Display အပျော့ကတော့ ဒီအကန့်အသတ်တွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ Samsung Display ကနေ ထုတ်ပြလိုက်တဲ့ Flexible OLED Display ချပ် အသစ်ဟာ မှန်အတိုင်း ကြည်လင် ပြတ်သားမှုကို ပေးစွမ်းနိုင်တဲ့ ပလတ်စတစ ်အကြည်သားကို တခါတည်း တွဲဖက် အသုံးပြုထားပြီး၊ Display ရဲ့ ကွေးနိုင်ဆန့်နိုင်မှုလည်း အပြည့်အဝရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

RelatedPosts

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.5k
မြိတ်မြို့

မြိတ်မြို့

11 May 2025
539
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
236

Display ကို ကာပေးထားတဲ့ ပလတ်စတစ် အကြည်သားရဲ့ဓာတ်ပစ္စည်း နာမည်ကိုတော့ Samsung က လျှို့ဝှက် ထားပါတယ်။ Samsung OLED Display အသစ်ဟာ အကာမှန် မပါဘဲနဲ့တောင် အကြမ်းခံနိုင်စွမ်း မြင့်မားပြီး၊ ထုတ်ကုန် ပစ္စည်းတွေရဲ့ လုံခြုံ အကြမ်းခံမှုကို စမ်းသပ်ပေးတဲ့ နာမည်ကျော် Underwriters Laboratories ကုမ္ပဏီရဲ့ အသိအမှတ်ပြု လက်မှတ်ရရှိပြီးသားလည်း ဖြစ်တယ်လို့ သိရပါတယ်။

“Unbreakable Display” လို့ အမွှန်းတင်ထားတဲ့ Samsung Display အသစ်ဟာ UL ရဲ့ စစ်ဘက်သုံး စံနှုန်းတွေနဲ့ စမ်းသပ်မှုတွေကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ ၄ ပေအမြင့်ကနေ ၂၆ ကြိမ်ဆက်တိုက် ပစ်ချမှုတွေကို မပွန်းမပဲ့ ခံနိုင်ရည်ရှိခဲ့သလို ၁၆၀ ဒီဂရီဖာရင်ဟိုက်နဲ့ (-၂၅.၆) ဒီဂရီ ဖာရင်ဟိုက်လို ပြင်းထန်တဲ့အပူချိန် အမှတ်တွေမှာလည်း ခံနိုင်ရည် ရှိခဲ့ပါတယ်။

အဆိုပါ စမ်းသပ်မှုတွေမှာ Display ရဲ့ အရှေ့အနောက်၊ ဘေးဘောင်နဲ့ ထောင့်စွန်းနေရာတွေမှာတောင် ထိခိုက်မှု လုံးဝ မရှိခဲ့ဘူးလို့ Samsung က သတင်းထုတ်ပြန်ထားပါတယ်။ အမြင့်ပေ ထပ်တိုးပြီး ၆ ပေအမြင့်ကနေ ပစ်ချ စမ်းသပ်ခဲ့တာတောင် အကောင်းအတိုင်း ရှိနေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“မကွဲအက်နိုင်တဲ့ ယခု OLED Display” ကို စမတ်ဖုန်းတွေမှာ အသုံးပြုဖို့ အဓိက ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် တခြား အီလက်ထရောနစ် ပစ္စည်းတွေဖြစ်တဲ့ လက်ကိုင် ဂိမ်းစက်တွေ၊ e-learning တက်ဘလက်တွေ၊ ကားတွင်း Display တွေနဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေမှာလည်း အသုံးပြုသွားနိုင်ဖို့အတွက် မျှော်မှန်းထားပါတယ်။

ယခု OLED Display panel အသစ်သုံးထားတဲ့ ပစ္စည်းတွေကို ဘယ်တော့လောက် မြင်တွေ့ရနိုင်မလဲ ဆိုတာကိုတော့ အတိအကျ မပြောထားတဲ့အတွက် ဈေးကွက်တွင်း မြင်တွေ့ရဖို့ကတော့ လိုသေးတယ်လို့ ခန့်မှန်းရပါတယ်။

Ref: Samsung, The Verge

Your Thoughts …
Tags: OLED DisplaySamsung
Nigma

Nigma

Contributor

Similar Picks:

ကိုရီးယား Samsung က AI Features ပါတဲ့ Galaxy S25 စမတ်ဖုန်း ထုတ်ပြ မိတ်ဆက်

ကိုရီးယား Samsung က AI Features ပါတဲ့ Galaxy S25 စမတ်ဖုန်း ထုတ်ပြ မိတ်ဆက်

by ဧရာဝတီ
26 January 2025
1.7k

Samsung language AI team ကို ဦးဆောင်နေတဲ့ ဒုတိယ အမှုဆောင် ဥက္ကဌ Park Ji-sun က သူတို့ဟာ စမတ်ဖုန်း နယ်ပယ်တွင်း AI features တွေနဲ့ ပတ်သက်လို့ ခြေတလှမ်း...

Browser အသစ်တခု ဖန်တီးပြီး Google ကို ယှဉ်ဖို့ ခြေလှမ်းလာတဲ့ OpenAI

Browser အသစ်တခု ဖန်တီးပြီး Google ကို ယှဉ်ဖို့ ခြေလှမ်းလာတဲ့ OpenAI

by ဧရာဝတီ
24 November 2024
1.4k

OpenAI က Google ရဲ့ အဓိက စီးပွားရေးမိတ်ဖက် ကုမ္ပဏီဖြစ်တဲ့ Samaung ရဲ့ ထုတ်ကုန်တွေမှာ AI (ဉာဏ်ရည်တု) လုပ်ဆောင်ချက်တွေ ထည့်သွင်းဖို့ ဆွေးနွေးခဲ့တယ် ဆိုပြီးလည်း…

Samsung Galaxy Note 9 စမတ်ဖုန်း

Samsung Galaxy Note 9 ဖုန်းမှာ ဘယ်လို ထူးခြားမှုတွေ ပါဝင်လာမလဲ

by Nigma
10 August 2018
6.2k

Note 9 ရဲ့ အမိုက်ဆုံး Feature နောက်တခုကတော့ Samsung Dex ဆော့ဖ်ဝဲကို ဖုန်းထဲမှာ တခါတည်း ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။

ဗီဒီယိုအတုတွေ ဖန်တီးနိုင်တဲ့ Deepfake AI နည်းပညာ

ဓာတ်ပုံတပုံနဲ့တင် ဗီဒီယိုအတုတွေ ဖန်တီးနိုင်တဲ့ Deepfake AI ကို Samsung ပြသ

by Nigma
26 May 2019
11k

Deepfake ဟာ မကောင်းတာချည်း ပြည့်နေတဲ့ နည်းပညာတော့ မဟုတ်ပါဘူး။ ဂန္တဝင်ပုံတူ ပန်းချီကားတချပ်ကို အသက်သွင်းတာမျိုး ပျော်စရာကောင်းတဲ့ ဖန်တီးမှုတွေလည်း လုပ်နိုင်ပါတယ်။

Samsung ခေါက်ချိုးဖုန်း Galaxy Z Flip

ဒုတိယမြောက် ခေါက်ချိုးဖုန်း Galaxy Z Flip ကို Samsung မိတ်ဆက်

by Nigma
13 February 2020
27.4k

Samsung Galaxy Z Flip မှာ အရင် Galaxy Fold နဲ့ မတူ၊ ကွဲပြားတဲ့ ခေါက်ဒီဇိုင်းအသစ်ကို အသုံးပြုထားပြီး၊ မကြာသေးမီက မိတ်ဆက်ခဲ့တဲ့ Motorola Razor ခေါက်ဖုန်းနဲ့ ဒီဇိုင်း အနည်းငယ်ဆင်တူပါတယ်။

Samsung Galaxy Note 7 မိတ်ဆက်ပွဲ / သီဟတိုး / ဧရာဝတီ

၆ လ အရစ်ကျ အတိုးမဲ့ ၀ယ်ယူနိုင်မယ့် Galaxy Note 7

by သီဟတိုး
4 August 2016
830

Note 7 ကို မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်ကာ တရားဝင်ဝယ်ယူ ရရှိနိုင်မှာဖြစ်ပြီး စျေးနှုန်းက မြန်မာငွေကျပ် ၉ သိန်း ၂ သောင်း ဖြစ်ပါတယ်။ အရောင်အားဖြင့် ရွှေရောင်၊ ငွေရောင်၊...

Next Post
ကြည်လင်းနှင့် ကွင်းဆက်များ ပေါ်လွင်လာပြီဟု တရားလို၏ ရှေ့နေပြော (ရုပ်/သံ)

ကြည်လင်းနှင့် ကွင်းဆက်များ ပေါ်လွင်လာပြီဟု တရားလို၏ ရှေ့နေပြော (ရုပ်/သံ)

တိုင်းအစိုးရအဖွဲ့ အသိအမှတ်မပြု၍ သာသနာ့ဂုဏ်ရည်သီလရှင်ပညာရေးကျောင်း အခက်အခဲ ဖြစ်နေ (ရုပ်/သံ)

တိုင်းအစိုးရအဖွဲ့ အသိအမှတ်မပြု၍ သာသနာ့ဂုဏ်ရည်သီလရှင်ပညာရေးကျောင်း အခက်အခဲ ဖြစ်နေ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate