IT

iPad Pro မှာပါ နားကြပ်ပေါက် ဖြုတ်ပစ်သွားဖွယ်ရှိတဲ့ Apple

Want create site? Find Free WordPress Themes and plugins.

Apple ဟာ iPhone တွေမှာ နားကြပ်ပေါက် ဖြုတ်ပစ်ခဲ့တာ အားမရတဲ့အတွက် အခုအခါ iPad Pro မော်ဒယ် အသစ်တွေမှာပါ 3.5mm နားကြပ်ပေါက် ဖြုတ်ပစ်ဖွယ် ရှိနေပါတယ်။

ဂျပန်အခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ Macotakara ကနေ ထွက်ပေါ်လာတဲ့ ယခုသတင်းအရ Apple ဟာ iPad Pro အသစ်တွေကို နားကြပ်ပေါက် ဖြုတ်ရုံမက၊ အရွယ်အစားပါ နည်းနည်း သေးပစ်လိမ့်မယ်လို့ သိရပါတယ်။

Apple ဟာ iPhone 7 မှာ နားကြပ်ပေါက် စတင်ဖြုတ်ခဲ့ပေမယ့်၊ iPhone သမားတွေ ဒုက္ခ(သိပ်) မဖြစ်ရအောင် 3.5mm to Lightning Adapter တွေ တခါတည်း ထည့်ပေးခဲ့ပါတယ်။ စိတ်မကောင်းစရာ တခုကတော့ လာမယ့် iPad Pro ကျရင်လည်း နားကြပ်ပေါက် ဖြုတ်ပစ်မှာ ဖြစ်ပေမယ့်၊ ပိုဆိုးတာက 3.5mm Adapter ပါ ထည့်ပေးတော့ မဟုတ်ဘူးလို့ သိရပါတယ်။

နောက်ထပ် တခုကတော့ လာမယ့်နှစ် မိတ်ဆက်မယ့် iPad Pro တွေဟာ အရွယ်အစားပါ အနည်းငယ် ပိုသေးသွားဖို့ ရှိနေပါတယ် ၁၀.၅ လက်မ မော်ဒယ်တွေဟာ အလျား ၂၄၇.၅ မီလီမီတာ၊ အနံ ၁၇၈.၇ မီလီမီတာနဲ့ အထူ ၆ မီလီမီတာ ဖြစ်သွားနိုင်ပါတယ်။

လက်ရှိအရွယ်အစားက ၂၅၀ x ၁၇၄.၁ x ၆.၁ မီလီမီတာဆိုတော့ အရမ်းတော့ သိသာမှာ မဟုတ်ပါဘူး။ အလားတူပဲ iPad Pro 12.9-inch model ဟာ အလျား ၂၈၀ မီလီမီတာ၊ အနံ ၂၁၅ မီလီမီတာနဲ့ အထူ ၆.၄ မီလီမီတာ ဖြစ်သွားမယ်လို့ ဆိုထားပါတယ်။ ၁၂.၉ လက်မ ရဲ့ လက်ရှိ အရွယ်အစားက ၃၀၇ x ၂၂၀.၆ x ၆.၉ မီလီမီတာ ရှိတဲ့အတွက် ၁၂.၉ လက်မ မော်ဒယ်မှာတော့ နည်းနည်း သိသာမှုတွေ မြင်တွေ့ရပါလိမ့်မယ်။

ဒီအရွယ်အစားတွေက Apple အနေနဲ့ iPad Pro မော်ဒယ်အသစ်တွေမှာ iPhone X လို ဘေးဘောင်တွေ သေးပစ်ပြီး၊ Full Screen ပုံစံမျိုး လုပ်တော့မယ်ဆိုတဲ့ တခြားသတင်းတွေနဲ့ ကိုက်ညီနေတာ တွေ့ရပါတယ်။

Screen အပြည့်ဖြစ်သွားတာနဲ့ အညီ Touch ID ကိုလည်း iPad မှာ မြင်တွေ့ရတော့မှာမဟုတ်ဘဲ Face ID ကိုပဲ အဓိက အသုံးပြုရတော့မှာ ဖြစ်ပါတယ်။ ဒီသတင်းကတော့ ရင်းမြစ်ပေါင်းများစွာကနေ ကျနော်တို့ ကြားနေတာ ကြာပြီဖြစ်သလို၊ iOS 12 beta မှာပါတဲ့ Code တွေကနေတဆင့်လည်း သိရှိထားပြီဖြစ်လို့ သေချာသလောက် နီးပါး ရှိနေပါတယ်။

Macotakara ရဲ့ နောက်ထပ် တင်ပြချက်ကတော့ နည်းနည်း လက်ခံဖို့ ခဲယဉ်းပါတယ်။ ဒါကတော့ Face ID ဟာ iPad ကို Landscape သုံးရင် အလုပ်လုပ်မှာ မဟုတ်တဲ့အတွက်၊ Apple ဟာ Smart Keyboard လိုမျိုး ဆက်စပ်ပစ္စည်းတွေ ချိတ်သုံးတဲ့ Smart Connector ကိုပါ Lightning Port နဲ့ ကပ်လျက် အောက်ဘက်နားကို ရွှေ့ဖို့ ရှိတယ်လို့ ထပ်မံပြောကြားထားပါတယ်။

ယခုဒီဇိုင်းပြောင်းလဲမှုသာ တကယ်ဖြစ်လာမယ်ဆိုရင်တော့ ကြီးမားတဲ့ပြောင်းလဲမှုတခုဖြစ်လာမှာပါ။ iPad ကို Landscape အဓိကသုံးဖို့ ဒီဇိုင်းထုတ်ထားရာကနေ ဒေါင်လိုက်ပြောင်းသုံးဖို့ ကြီးမားတဲ့ ဒီဇိုင်းပြောင်းလဲမှုတွေ ရှိလာနိုင်ပါတယ်။ iPro Pro ရဲ့ Smart Keyboard အသစ်ကိုလည်း ဒေါင်လိုက်သုံးလို့ အဆင်ပြေအောင် ပြောင်းပစ်သွားဖွယ်ရှိနေတာ တွေ့ရပါတယ်။

လောလောဆယ် မျက်စိထဲ မြင်ကြည့်ရင်တောင် ဘဝင်ကျစရာ မရှိပေမယ့် Apple က ဘယ်လို ဘဝင်ကျအောင် လုပ်နိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

Macotakara သတင်းဌာနဟာ အရမ်းခိုင်လုံတဲ့ သတင်းရင်းမြစ်တခု မဟုတ်ပေမယ့် Supplier တွေကနေ ခိုင်မာတဲ့ သတင်းတွေ ဖွင့်ဟခဲ့ဖူးတဲ့ အစဉ်အလာတွေ ရှိတယ်လို့ သိရတာကြောင့် ဒီသတင်းတွေက အမှန်တကယ် ဖြစ်လာနိုင်ပါတယ်။

Ref: 9to5Mac, The Verge

Did you find apk for android? You can find new Free Android Games and apps.
Loading