• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

Android ဖုန်းတွေရဲ့ အဓိက Feature တခုကို iPhone မှာ မကြာခင် ရနိုင်ဖွယ်ရှိ

by Nigma
2 August 2018
in IT
A A
Android ဖုန်းတွေရဲ့ အဓိက Feature တခုကို iPhone မှာ မကြာခင် ရနိုင်ဖွယ်ရှိ
9.5k
VIEWS
Share on FacebookShare on Twitter

Android ဖုန်းတွေနဲ့ iPhone တွေရဲ့ အဓိကကွာခြားချက်တခုကို ပြောပါဆိုရင် SIM ကတ် နှစ်ကတ် အသုံးပြုနိုင်တဲ့ Feature ကို ပြောရမှာပါ။ Android ဖုန်းတိုင်းလိုလိုမှာ SIM နှစ်ကတ် အသုံးပြု နိုင်ပေမယ့်၊ iPhone တွေမှာတော့ လက်ရှိအချိန်ထိ SIM တကတ်တည်း အသုံးပြုနိုင်ပါတယ်။

ဒါပေမယ့် မကြာခင်ထွက်ရှိလာမယ့် 2018 iPhone မော်ဒယ်အသစ်တွေမှာတော့ SIM ကတ်နှစ်ကတ် အသုံးပြုလို့ ရလာနိုင်ဖွယ်ရှိပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
12.4k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.6k
မြိတ်မြို့

မြိတ်မြို့

11 May 2025
581

 

 

iOS 12.5 Developer Beta မှာ ‘‘second SIM status’’ နဲ့ ‘‘second SIM tray status’’ လို့ ရည်ညွှန်းထားတဲ့ Code Line တွေကို 9to5Mac ကနေ စတင်တွေ့ရှိခဲ့ပြီး၊ အဆိုပါ Code တွေအရ ဆိုရင် အသစ်ထွက်ရှိမယ့် iPhone မော်ဒယ်တွေမှာ SIM နှစ်ကတ်သုံးလို့ ရလာနိုင်ပါတယ်။

Bloomberg သတင်းဌာနကလည်း ၂၀၁၈ ခုနှစ်အတွင်း ထုတ်မယ့် iPhone X Plus နဲ့ LCD Display သုံးမယ့် တန်ဖိုးနည်း iPhone အသစ်တို့မှာ Dual SIM အသုံးပြုလာနိုင်မယ်လို့ ဖော်ပြခဲ့ဖူးတာကြောင့် Dual SIM iPhone ထွက်လာဖို့ တော်တော်ဖြစ်နိုင်ချေ များနေပါပြီ။

Apple အနေနဲ့ Dual SIM iPhone ထုတ်မယ်ဆိုရင်တောင် ဈေးကွက်တချို့အတွက်ပဲ ထုတ်ပေးနိုင်ပါ တယ်။ ဖြစ်နိုင်တာကတော့ Dual SIM သုံးလို့ရတာကို ပိုကြိုက်ကြတဲ့ အာရှနဲ့ အိန္ဒိယ ဈေးကွက် တို့မှာပဲ Dual SIM iPhone ကို ထုတ်ပေးသွားဖို့ များပါတယ်။ ဥရောပနဲ့ အမေရိကဈေးကွက် တို့မှာတော့ ထုံးစံအတိုင်း SIM တကတ်ပဲ အသုံးပြုနိုင်တဲ့ iPhone တွေကို ရောင်းချသွားမှာပါ။

Apple ဟာ Dual SIM အသုံးများတဲ့ အိန္ဒိယနိုင်ငံမှာဆိုရင် လက်ရှိ ဈေးကွက်ဝေစု ၂ ရာခိုင်နှုန်း လောက်ပဲ ရရှိထားတာကြောင့် ဈေးကွက်ဝေစု ပိုများများ သိမ်းပိုက်နိုင်ဖို့ အိန္ဒိယမှာ Dual SIM iPhone ထုတ်ပေးဖို့ လိုအပ်နေပါတယ်။

လတ်တလောသိရှိထားတဲ့သတင်းတွေအရ Apple ဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ iPhone မော်ဒယ် ၃ မျိုး အထိ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ မော်ဒယ် ၃ မျိုးထဲက တမျိုးဟာ ၆.၁ လက်မ LCD Display နဲ့ ထွက်လာ မှာဖြစ်ပြီး၊ ဈေးလည်း ပိုနည်းလာမှာပါ။ နာမည်ကြီး ဈေးကွက်လေ့လာရေး ပညာရှင် ဖြစ်တဲ့ Ming-Chi Kuo ကတော့ အဆိုပါ LCD iPhone ဟာ ဒေါ်လာ ၆၀၀ ကနေ ၇၀၀ လောက်ပဲ ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

Apple အနေနဲ့ လက်ရှိ Android ဖုန်းတွေမှာ သုံးထားသလို ပုံမှန် SIM နှစ်ကတ် တပြိုင်တည်း ထည့်သုံးနိုင်တဲ့ SIM ကတ်အပေါက်နဲ့ပဲ ထုတ်မလား ဒါမှမဟုတ် Apple Watch တွေကလို e-SIM ကို ဒုတိယ SIM ကတ်ပုံစံမျိုး အဖြစ် သုံးမလားဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ သေချာတာတခုကတော့ Code Line တွေမှာပါ Dual SIM Support နဲ့ ပတ်သက်တာတွေ တွေ့နေရပြီဆိုတော့ မကြာခင်အချိန်အတွင်း Dual SIM iPhone တမျိုးကို မြင်တွေ့ ရဖို့ ရှိပါတယ်။

Ref: Gadgets Now, Tech Crunch, 9to5 Mac

Your Thoughts …
Tags: Apple 2018 iPhone
Nigma

Nigma

Contributor

Similar Picks:

No Content Available
Next Post
ထိုင်းရိုးရာ အနှိပ်ခန်းတွေလည်း နာမည်ကြီး ခရီးသွား ဆွဲဆောင်မှုတွေထဲမှာ တခု အပါအဝင်ပါ

ထိုင်းနိုင်ငံမှာ အနှိပ်ခံရင်း အနားယူကြမလား

Galaxy Tab S4 တက်ဘလက်

အကောင်းဆုံး ဖြစ်လာမယ့် Android Galaxy Tab S4 တက်ဘလက်ကို Samsung မိတ်ဆက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
7k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate