IT

In-Display Fingerprint Sensor ပါဝင်တဲ့ Meizu 16 နဲ့ Meizu 16 Plus စမတ်ဖုန်းများ

Want create site? Find Free WordPress Themes and plugins.

Meizu ပရိတ်သတ်တွေ မျှော်လင့်စောင့်စားနေတဲ့ Meizu 16 နဲ့ 16 Plus စမတ်ဖုန်းကို သြဂုတ်လ ၈ ရက်နေ့က တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်ခဲ့ပါတယ်။

Meizu 16 နဲ့ 16 Plus တို့ဟာ လက်ရှိအမြန်ဆုံး မိုဘိုင်း Chipset ဖြစ်တဲ့ Snapdragon 845 SoC ၊ 8GB RAM တို့နဲ့ ထွက်ရှိလာတာဖြစ်ပြီး၊ Flagship ဖုန်းဈေးကွက်ကို ဦးတည်ထားတဲ့ ဖုန်းတွေဖြစ်ပါတယ်။

 

 

ဒီဖုန်းနှစ်ခုရဲ့ ထူးခြားချက်ကတော့ လက်ဗွေရာဆန်ဆာကို Display အထဲမှာ ထည့်ထားတာဖြစ်ပြီး၊ ကုမ္ပဏီရဲ့ အဆိုအရ တိကျမှု ၉၉.၁၂ ရာခိုင်နှုန်းအထိ ရှိတယ်လို့ သိရပါတယ်။ In-Display ဖြစ်တာကြောင့် လက်ဗွေရာဖတ်မယ်ဆိုရင် ဖုန်း Screen ပေါ်က သတ်မှတ်နေရာပေါ်ကို လက်တင် လိုက်ရုံပဲဖြစ်ပြီး၊ ဝ.၂၅ စက္ကန့်ပဲ ကြာမြင့်မှာဖြစ်ပါတယ်။

ဒါ့အပြင် Apple ရဲ့ Taptic Engine ကို မှီငြမ်းထားတဲ့ mEngine 2.0 လည်း Meizu 16 နဲ့ Meizu 16 Plus တို့မှာ ပါဝင်မှာဖြစ်ပါတယ်။ ဖုန်းတွင်းအပူချိန်ကို ထိန်းသိမ်းဖို့အတွက် အပူကူးကြေးနီပိုက်လိုင်း တချောင်းလည်း အထဲမှာ ပါဝင်မှာ ဖြစ်ပါတယ်။ Meizu 16 နဲ့ 16 Plus တို့ဟာ Display နဲ့ ဘက်ထရီ အရွယ်အစားပဲ ကွာခြားမှာဖြစ်ပြီး၊ ကျန်တာတွေကတော့ အတူတူပဲ ဖြစ်ပါတယ်။

Meizu 16 က ၆ လက်မအရွယ် 2160 x 1080 pixels FHD+ AMOLED Display နဲ့ဖြစ်ပြီး၊ Meizu 16 Plus ကတော့ ၆.၅ လက်မအရွယ်၊ Resolution တူ FHD+ AMOLED Display နဲ့ ဖြစ်ပါတယ်။ Meizu 16 မှာ 3,010mAh ဘက်ထရီကို သုံးထားပြီး၊ 16 Plus မှာတော့ 3,640mAh ဘက်ထရီကို အသုံးပြုထားပါတယ်။

ဖုန်းနှစ်မျိုးစလုံးမှာ 12MP+20MP telephoto lens နဲ့ 20MP ရှေ့ကင်မရာတို့ကို တပ်ဆင်ထားပြီး၊ Bluetooth 5 ၊ Meizu ရဲ့ အားအမြန်သွင်းနည်းပညာဖြစ်တဲ့ mCharge နည်းပညာတို့ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

 

Meizu 16 နဲ့ Meizu 16 Plus

 

Meizu 16 နဲ့ Meizu 16 Plus တို့ရဲ့ Storage မော်ဒယ်အကွဲတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ တရုတ်ပြည်တွင်းမှာ သြဂုတ်လ ၈ ရက်နေ့မှ စတင်ကာ ကြိုတင်အော်ဒါ မှာယူနိုင်မှာ ဖြစ်ပြီး၊ သြဂုတ်လ ၁၆ ရက်နေ့မှာ စတင်ရောင်းချသွားမှာပါ။

RAM Storage Price

6GB 64GB CNY 2,700 ($395/€340)

6GB 128GB CNY 3,000 ($440/€380)

8GB 128GB CNY 3,300 ($485/€420)

Ref: Gadgets NDTV, GSM Arena

Did you find apk for android? You can find new Free Android Games and apps.
Loading