IT

Mid-range စမတ်ဖုန်းများအတွက် Snapdragon 670 Chipset အသစ်ကို Qualcomm မိတ်ဆက်

Want create site? Find Free WordPress Themes and plugins.

Snapdragon 710 Chipset ကို ပြီးခဲ့တဲ့ မေလလောက်ကမှ မိတ်ဆက်ထားတဲ့ Qualcomm ဟာ အခုလည်း Snapdragon 670 ဆိုတဲ့ Chipset အသစ်ကို ထပ်မံမိတ်ဆက်လိုက်ပြန်ပြီ ဖြစ်ပါတယ်။

Snapdragon 670 ဟာ မနှစ်က မိတ်ဆက်ထားတဲ့ Snapdragon 660 မျိုးဆက်သစ်လို့ ပြောရမှာထက် စာရင် Snapdragon 710 နဲ့ ပိုတူပြီး၊ Mid-range (စွမ်းဆောင်ရည်လတ်) စမတ်ဖုန်းတွေအတွက် ရည်ရွယ်ထုတ်လုပ် ထားတဲ့ Chipset ဖြစ်ပါတယ်။

Snapdragon 670 Chipset အသစ်ဟာ Snapdragon 710 နဲ့ 845 တို့အတိုင်း 10nm Process နဲ့ ထုတ်လုပ် ထားတာဖြစ်ပြီး၊ Kryo 360 CPU ၊ Adreno 615 GPU နဲ့ Spectra 250 ISP တို့ကို အသုံးပြုထားပါတယ်။ အရင်က Flagship chipset တွေမှာ သုံးခဲ့တဲ့ X12 LTE modem ကို ပြန်လည် အသုံးပြုထားတာတွေ့ရပါတယ်။

 

 

AI ခေတ်ဖြစ်လာတာနဲ့အညီ Snapdragon 670 မှာ တတိယမျိုးဆက် AI Engine ပါဝင်ပြီး၊ Artificial Intelligence လုပ်ဆောင်ရည်တွေကို အရင်ကထက် ၁.၈ ဆ ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Snapdragon 660 ထက် ပိုသာလာတဲ့ အချက်တွေကတော့ Snapdragon 670 ဟာ CPU ပိုင်းမှာ ၁၅ ရာခိုင်နှုန်း ပိုမိုစွမ်းဆောင်ရည်မြင့်လာပြီး၊ GPU ကလည်း ဂရပ်ဖစ်စွမ်းဆောင်ရည် ပိုမြင့်လာမှာပါ။

ဒါ့အပြင် Spectra 250 Image Processor ဟာ ကင်မရာဆန်ဆာတခုတည်းဆိုရင် 25-megapixel အထိ Support လုပ်မှာဖြစ်ပြီး၊ ဆန်ဆာနှစ်ခုဆိုရင် 16-megapixel နှစ်ခု သုံးနိုင်မှာဖြစ်ပါတယ်။ 4K Video တွေအထိ ရိုက်လာနိုင်မှာလည်းဖြစ်ပြီး၊ Noise လျော့ချမှု၊ တုန်ခါမှုလျော့ချမှုနဲ့ Depth သိရှိနိုင်မှုတွေ ပိုကောင်းလာမှာ ဖြစ်ပါတယ်။

 

 

Snapdragon 670 မှာ full-HD+ Display အထိ တပ်ဆင်နိုင်ပြီး၊ 16GB RAM နဲ့ Storage မှာ eMMC ကော UFS 2.1 ပါ Support လုပ်မှာဖြစ်ပါတယ်။ Snapdragon 670 ရဲ့ အဓိက အကောင်းဆုံးလို့ ဆိုရမယ့်အချက် ကတော့ X12 LTE modem ဖြစ်ပါတယ်။

ဒီ Modem ဟာ LTE နဲ့ Wi-Fi မှာ ပိုကောင်းတဲ့လိုင်းကို အလိုအလျောက်ပြောင်းလဲချိတ်ပေးနိုင်သလို၊ နှစ်ခုပေါင်းပြီးလည်း Download မြန်နှုန်းကို တင်ပေးနိုင်ပါတယ်။

Download မြန်နှုန်းအများဆုံး 600Mbps ကနေ Upload မြန်နှုန်းအများဆုံး 150Mbps အထိ သုံးနိုင်မှာပါ။ Streaming ခေတ်အတွက် သင့်တော်တဲ့ modem တခုဖြစ်ပါတယ်။

 

 

နောက်ဆုံး Feature တခုကတော့ အားအမြန်သွင်းစနစ် ထောက်ပံ့မှုဖြစ်ပြီး၊ ၁၅ မိနစ်အတွင်းမှာတင် ၅၀ ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်တဲ့ Quick Charge 4+ နည်းပညာလည်း သုံးလို့ရမှာပါ။ Bluetooth v5 ၊ Wi-Fi 802.11 ac with Mu-MIMO ၊ ဂြိုလ်တုနေရာပြစနစ် ၆ ခုတို့ကိုလည်း သုံးနိုင်မယ့် အမိုက်စား Chipset တခုဖြစ်ပါတယ်။

Snapdragon 670 မှာ ဒီ Features တွေအကုန် သုံးနိုင်တယ်ဆိုပေမယ့်၊ ဖုန်းထုတ်လုပ်သူကုမ္ပဏီက ထည့်ပေးမှ သုံးလို့ရမှာဖြစ်တာကိုတော့ သတိပြုစေချင်ပါတယ်။

Snapdragon 670 ကို စမတ်ဖုန်းထုတ်လုပ်သူ (OEM) တွေအနေနဲ့ ဝယ်ယူရရှိနိုင်ပြီဖြစ်ပြီး အခုနှစ်ကုန်ပိုင်းလောက် ထွက်လာမယ့် Mid-range ဖုန်းအသစ်တွေမှာ စတင်မြင်တွေ့ရဖို့ ရှိပါတယ်။

Ref: Gadgets NDTV, Qualcomm

Did you find apk for android? You can find new Free Android Games and apps.
Loading