စမတ်ဖုန်းဈေးကွက်မှာ ယခုတပတ်အတွင်း ရေပန်းအစားဆုံးဖုန်းကတော့ Samsung ကနေ အသစ်မိတ်ဆက်လိုက်တဲ့ Galaxy Note 9 ဖြစ်ပါတယ်။
Galaxy Note 9 ကို သြဂုတ်လ ၉ ရက်နေ့၊ New York City မှာ ပြုလုပ်ခဲ့တဲ့ Unpacked ပွဲကနေ မိတ်ဆက်ခဲ့တာဖြစ်ပြီး၊ တကမ္ဘာလုံးကိုလည်း တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။
အဆိုပါပွဲကို ပြိုင်ဘက်စမတ်ဖုန်းကုမ္ပဏီဖြစ်တဲ့ Huawei ကလည်း သေချာပေါက်စောင့်ကြည့်ခဲ့ပုံံံပေါ်ပြီး၊ Note 9 ဖုန်းရဲ့ တီထွင်ဆန်းသစ်မှုအားနည်းခြင်းကို အောက်ပါပုံနဲ့ Twitter ကနေတဆင့် ဝေဖန်တိုက်ခိုက် လိုက်ပါတယ်။

Huawei Mobile က တင်ခဲ့တဲ့ Tweet မှာ Huawei P10 Plus နဲ့ P20 Pro ဖုန်းနှစ်လုံးကို အတူယှဉ်တွဲပြထားပြီး၊ “တကယ့် Upgrade အစစ်ဆိုတာ ဒါမျိုးကို ခေါ်တယ်” ဆိုပြီး ရေးသားထားပါတယ်။ Huawei ဟာလည်း P20 Pro မှာ ကင်မရာပိုင်းကို အဓိက Upgrade လုပ်ခဲ့ပြီး၊ ကျောကင်မရာ ၃ လုံး၊ 5x zoom ဆွဲနိုင်တဲ့ 40MP Lens တွေနဲ့ Upgrade လုပ်ပေးခဲ့တာဖြစ်ပါတယ်။
Huawei ရဲ့ Tweet ဟာ Samsung ကို တိုက်ရိုက်နာမည်တပ်ဖဲ့ထားတာမဟုတ်ပေမယ့်၊ Galaxy Note 9 ကို ရည်ရွယ်တယ်ဆိုတာ ရှင်းပြစရာမလိုပါဘူး။
Galaxy Note 9 ဖုန်းကလည်း S-Pen ၊ Battery နဲ့ RAM ပိုင်းတွေမှာ အဆင့်မြှင့်တင်မှုတွေ ရှိလာပေမယ့်၊ ကင်မရာကျတော့ Galaxy S9/S9 Plus ရဲ့ ကင်မရာစနစ်ပုံစံအတိုင်း ပြန်သုံးခဲ့တာ တွေ့ရပါတယ်။ Samsung ဟာ Galaxy S9/S9 Plus ကို မိတ်ဆက်တုန်းကလည်း ကင်မရာကိုပဲ အနည်းငယ် Upgrade လုပ်ခဲ့တာပါ။
Huawei ကတော့ နေ့စဉ်ဖုန်းအသုံးပြုရာမှာ အမှန်တကယ် သိသာကွာခြားမှုရှိတဲ့ Upgrades အစစ်တွေကိုပဲ အလေးပေးလုပ်ဆောင်သွားမှာဖြစ်ပြီး၊ နောက်ထပ်ထုတ်မယ့် Flagship မော်ဒယ်အသစ်မှာလည်း အလားတူ ဆန်းသစ်မှုတွေ တွေ့မြင်ရဖို့ ရှိတယ်လို့ အဆိုပါ Tweet မှာ အရိပ်အမြွက်ပြောကြားသွားခဲ့ပါတယ်။
Huawei အနေနဲ့ မကြာမီအချိန်အတွင်းမှာ Mate 20 series ဖုန်းအသစ်တွေကို မိတ်ဆက်ဖို့ ရှိတာကြောင့် ဒီဖုန်းတွေမှာ ဘယ်လို Upgrade အစစ်တွေကို တွေ့မြင်ရမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပါ။
Ref: Android Authority, GSM Arena