IT

Tablet ပရိတ်သတ်များအတွက် "Mi Pad 4 Plus" ကို Xiaomi ထပ်မံ မိတ်ဆက်

Want create site? Find Free WordPress Themes and plugins.

Xiaomi က ထုတ်တဲ့ Mi Pad Tablet တွေဟာ ဈေးသက်သာပြီး၊ စွမ်းဆောင်ရည် မြင့်မားမှုကြောင့် လူကြိုက်များတဲ့ Tablet တွေ ဖြစ်ပါတယ်။ ယခုအခါ Mi Pad ပရိတ်သတ်တွေ အတွက် “Mi Pad 4 Plus” ဆိုတဲ့ Tablet မော်ဒယ်အသစ်တမျိုးကို Xiaomi က ထပ်မံမိတ်ဆက်လိုက်ပြန်ပါပြီ။

“Mi Pad 4 Plus” ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက မိတ်ဆက်ခဲ့တဲ့ Mi Pad 4 ရဲ့ Plus မော်ဒယ်အသစ် ဖြစ်ပြီး၊ 16:10 Aspect Ratio သုံး 10.1-inch Display နဲ့ ထွက်ရှိလာတာ ဖြစ်ပါတယ်။ Mi Pad 4 Plus ရဲ့ တခြားအဓိက Features တွေကတော့ လက်ဗွေရာ Sensor ပါ Home ခလုတ်၊ ကြီးမားတဲ့ 8,620mAh ဘက်ထရီ၊ AI သုံး Face Unlock စနစ်တို့ ဖြစ်ပါတယ်။

 

 

ကျန် Specifications တွေကတော့ Mi Pad 4 အတိုင်း Snapdragon 660 SoC ၊ 13MP, f/2.0 ကျောကင်မရာ၊ 5-megapixel, f/2.0 ရှေ့ကင်မရာတို့ ဖြစ်ပါတယ်။ Display resolution အနေနဲ့ 1920 x 1200 FullHD ရှိပြီး၊ 4G Nano SIM နှစ်ကတ်ထိုး အသုံးပြုနိုင်မှာပါ။

Mi Pad 4 Plus ကို 64GB နဲ့ 128GB ဆိုပြီး Storage မော်ဒယ်နှစ်မျိုး ထုတ်သွားမှာဖြစ်ပြီး၊ RAM ကတော့ မော်ဒယ်ကွဲနှစ်ခုလုံး 4GB နဲ့ ဖြစ်ပါတယ်။ USB Type-C အပေါက်၊ Bluetooth 5.0, Wi-Fi 802.11ac တို့လည်း အသုံးပြုနိုင်မှာပါ။

 

 

Mi Pad 4 Plus ရဲ့ ဈေးနှုန်းတွေကတော့ 64GB Internal Storage မော်ဒယ်ကို ၁,၈၉၉ ယွမ် (မြန်မာငွေ ၄ သိန်းဝန်းကျင်) နဲ့ 128GB မော်ဒယ်ကို ၂,၀၉၉ ယွမ် (မြန်မာငွေ ၄ သိန်းခွဲ ဝန်းကျင်) ပေးရမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံ အတွင်းမှာ သြဂုတ်လ ၁၆ ရက်နေ့က စတင်ရောင်းချသွားမှာဖြစ်ကာ၊ အနက်ရောင်နဲ့ ရွှေရောင် ကာလာနှစ်မျိုးပဲ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Ref: Gadgets NDTV, XDA Developers

Did you find apk for android? You can find new Free Android Games and apps.
Loading