IT

ဈေးပိုသက်သာတဲ့ Cloud Storage အစီအစဉ်သစ် "Google One" ကို မိတ်ဆက်

Want create site? Find Free WordPress Themes and plugins.

Google ဟာ ယနေ့မှာ လက်ရှိ ရောင်းချနေတဲ့ Google Drive Cloud Storage အစီအစဉ်တွေကို “Google One” အမည်နဲ့ ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။ Google One ဟာ အရင် Google Drive ဈေးနှုန်းတွေထက် ပိုမိုသက်သာသလို၊ အသုံးပြုသူတွေအနေနဲ့လည်း ရွေးချယ်ပိုများလာတာ တွေ့ရပါတယ်။

Google One ရဲ့ အနိမ့်ဆုံးဈေးနှုန်းကတော့ အရင် Google Drive အတိုင်း 100GB အတွက် တလကို ၁ ဒႆမ ၉၉ ဒေါ်လာနဲ့ စတင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Google One မှာ 200GB အတွက် တလ ၂ ဒႆမ ၉၉ ဒေါ်လာအစီအစဉ် အသစ်တိုးလာပါတယ်။ ဒါ့အပြင် အရင်က 1TB ကို ၉ ဒႆမ ၉၉ ဒေါ်လာနဲ့ ရောင်းချခဲ့ရာကနေ အခု 2TB ကို ၉ ဒႆမ ၉၉ ဒေါ်လာပဲ ပေးရတော့မှာပါ။

Google One အစီအစဉ်သစ်ကို အသုံးပြုချင်တယ်ဆိုရင်တော့ လွယ်ပါတယ်။ ပထမဆုံး Google Drive ကို သွားပါ။ အောက်နားက Upgrade Storage ကို နှိပ်လိုက်တာနဲ့ Google One အစီအစဉ်အသစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ 2TB ထက် ပိုတဲ့ တလစာ Storage ဈေးနှုန်းတွေကတော့ ယခင်အတိုင်းပဲ ဖြစ်ပါတယ်။

Google One မှာ အသစ်ရရှိမယ့် အကျိုးခံစားခွင့်တွေကတော့ Google ကို ၂၄ နာရီ၊ ၇ ရက် အချိန်ပြည့် ဆက်သွယ်မေးမြန်းနိုင်မှု၊ Google Play အတွက် Credits တွေနဲ့ Google Search က ဟိုတယ်အထူးဈေးနှုန်း တွေကို ခံစားခွင့်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

အကျိုးခံစားခွင့်အသေးစိတ်ကိုတော့ ထပ်မံကြေညာဖွယ်ရှိပါတယ်။ Google One အစီအစဉ်အသစ်မှာ အသုံးပြုသူတွေအနေနဲ့ တယောက်တည်း သုံးစရာမလိုတော့ဘဲ မိသားစုဝင်တွေနဲ့လည်း မျှသုံးလို့ရပြီဖြစ်ပါတယ်။

 

https://cdn.vox-cdn.com/thumbor/O9yzYgDdNt9HjLQJD3blK48T9zI=/1000x0/filters:no_upscale()/cdn.vox-cdn.com/uploads/chorus_asset/file/12055123/blog_animation_Background_081318.gif

 

Google One ဆိုတဲ့ အမှတ်တံဆိပ်အသစ်ကို မိတ်ဆက်လိုက်တဲ့ Google ရည်ရွယ်ချက်ကတော့ ယခု Storage အစီအစဉ်တွေဟာ Drive တခုတည်း အတွက်တင် မဟုတ်ဘဲ၊ Gmail, Photos, Docs အစရှိတဲ့ Google ဝန်ဆောင်မှုအားလုံးနဲ့ပါ အသုံးပြုနိုင်တယ်ဆိုတာကို ပိုမိုပေါ်လွင်စေချင်လို့ ဖြစ်ပါတယ်။

Ref: The Verge, Google

Did you find apk for android? You can find new Free Android Games and apps.
Loading