• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

ရေစက်ကျနေတဲ့ပုံစံ “Waterdrop Display” နဲ့ ပွဲထွက်လာတဲ့ Oppo F9

by Nigma
16 August 2018
in IT
A A
"Waterdrop Display" နဲ့ပွဲထွက်လာတဲ့ Oppo F9

"Waterdrop Display" နဲ့ပွဲထွက်လာတဲ့ Oppo F9

8.8k
VIEWS
Share on FacebookShare on Twitter

Oppo F စီးရီးဖုန်းအသစ်ဖြစ်တဲ့ Oppo F9 ကို ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်နိုင်ငံတို့မှာ တရားဝင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Oppo F9 ဖုန်းမှာ ရေစက်တွဲလွဲခိုနေတဲ့ V ပုံစံ Display Notch ကို အသုံးပြုထားပြီး၊ Oppo ကတော့ ယခုဒီဇိုင်းကို Waterdrop Display လို့ တင်စား ခေါ်ဝေါ်ထားပါတယ်။ အမှန်တကယ်လည်း တခြားဖုန်းတွေက လေးထောင့်ကျကျ Notch တွေလိုမဟုတ်ဘဲ သေးငယ်တဲ့ ရေစက်ပုံစံ Notch လေးကိုပဲ ဖုန်းမှာ တွေ့မြင်ရမှာပါ။

RelatedPosts

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
292
တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
192
သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
306

Oppo F9 ဖုန်းဟာ ယခုဒီဇိုင်းအသစ်ကြောင့် Screen နဲ့ ကိုယ်ထည်အချိုးအစား ၉၀ ဒႆမ ၈ ရာခိုင်နှုန်းအထိ ရယူထား နိုင်ပါတယ်။ Display အရွယ်အစားက ၆ ဒႆမ ၃ လက်မ ရှိပြီး၊ Full-HD+ (1080×2340 pixels) Resolution ရှိကာ 19.5:9 Aspect Ratio နဲ့ ဖြစ်ပါတယ်။

 

 

Oppo F9 ဖုန်းမှာ MediaTek ရဲ့ Chipset အသစ်ဖြစ်တဲ့ Helio P60 SoC ကို အသုံးပြုထားပြီး၊ 4GB RAM နဲ့ 6GB RAM ဆိုပြီး RAM မော်ဒယ်နှစ်မျိုး ထုတ်သွားမှာဖြစ်ပါတယ်။ Nano SIM နှစ်ကတ်ထိုးဖြစ်ပြီး Android 8.1 Oreo စနစ်အခြေခံ Color OS 5.2 နဲ့ ထွက်ရှိလာမှာပါ။

ကင်မရာပိုင်းအနေနဲ့ F9 ဖုန်းမှာ 16-megapixel, f/1.8 အပါချာ နဲ့ 2-megapixel, f/2.4 အပါချာရှိတဲ့ ကျောကင်မရာ နှစ်လုံးတွဲကို အသုံးပြုထားပြီး၊ ရှေ့ကင်မရာကတော့ 25-megapixel, f/2.0 Sensor နဲ့ ဖြစ်ပါတယ်။

ရှေ့ကင်မရာမှာ HDR နည်းပညာထည့်သွင်းထားတာကြောင့် HDR Selfie တွေ လည်း ရိုက်ကူးနိုင်မှာပါ။ ကျောကင်မရာ ကနေလည်း Portrait Mode, AI နည်းပညာသုံး မြင်ကွင်း သိရှိမှုစနစ်၊ AI Beautification 2.1, AR စတစ်ကာနဲ့ ဗီဒီယိုအနှေးရိုက်ကူးမှုတို့လည်း အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

 

 

F9 ဖုန်းမှာ Storage အနေနဲ့ 64GB ပါဝင်မှာဖြစ်ပြီး၊ microSD ကတ်လည်း ထပ်စိုက်နိုင်ဦးမှာပါ။ micro-USB, 3.5mm နားကြပ်ပေါက်၊ 3,500mAh ဘက်ထရီတို့ ပါဝင်ပြီး၊ Oppo ရဲ့ VOOC အားအမြန်သွင်းနည်းပညာလည်း အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Oppo F9 4GB RAM မော်ဒယ်ကို ဗီယက်နမ်နိုင်ငံမှာ ဒေါ်လာ ၃၄၀ ခန့်နဲ့ ရောင်းချသွားမှာဖြစ်ပြီး၊ 6GB RAM မော်ဒယ်ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။ ယနေ့ကစ ကြိုတင်အော်ဒါမှာယူနိုင်ပြီဖြစ်ပြီး သြဂုတ်လ ၂၄ ရက်နေ့မှာ ဈေးကွက်တွင်း စတင်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Ref: Gizmo China, Gadgets NDTV

Your Thoughts …
Tags: Oppo F9
Nigma

Nigma

Contributor

Similar Picks:

Oppo F9 ရဲ့ Gorilla Glass 6 ဖုန်း

Gorilla Glass 6 ကို Oppo F9 ဖုန်းမှာ ပထမဆုံး အသုံးပြုသွားမည်

by Nigma
7 August 2018
4.3k

Oppo ကနေ F9 နဲ့ F9 Pro တို့ကို မိတ်ဆက်ဖို့ ရှိနေတာကြောင့် အဆိုပါဖုန်း ၂ မျိုးဟာ Gorilla Glass 6 သုံး ပထမဆုံးဖုန်းတွေ ဖြစ်လာမှာပါ။

Next Post
မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ အင်ဂျင်နီယာဌာန တိုင်းတာရေး ဌာနခွဲ ဌာနမှူး ဦးဝေဇွန်အောင်  / သဇင်လှိုင် / ဧရာဝတီ

“ရန်ကုန်မှာ ထူးကဲဒီရေ နောက် ၁ ပေ လောက်သာ ထပ်တက်ရင် ထိခိုက်မှု ပိုများလာနိုင်တယ်”

သက်ငယ္မုဒိန်းမှု သေဒဏ်ပေးရေး လှုပ်ရွားမှုတခု  / ဧရာဝတီ

သက်ငယ်မုဒိမ်းမှုကို ထောင်တသက်ချမှတ်မည့် ဥပဒေကြမ်းထုတ်ပြန်

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.6k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
5.2k

Most Read

  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate