ဖွံ့ဖြိုးဆဲဈေးကွက်များမှာ ဦးဆောင်ဖျော်ဖြေရေး ဝန်ဆောင်မှုတခုဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့ လူကြိုက်အများဆုံး ဖျော်ဖြေရေးဝန်ဆောင်မှုတခုလည်းဖြစ်တဲ့ iflix ဟာ အဆင့်မြှင့်တင်ထားတဲ့ iflix 3.0 ကို စတင် မိတ်ဆက်လိုက်ပါတယ်။
iflix 3.0 မှာ မြန်မာနိုင်ငံတဝန်းလုံးက အသုံးပြုသူတွေအနေနဲ့ လစဉ်ကြေး ပေးသွင်းစရာမလိုဘဲ ရုပ်ရှင်၊ဇာတ်လမ်းပေါင်းများစွာကို အခမဲ့ကြည့်ရှုနိုင်ပါပြီ။
လစဉ်ကြေးပေးသွင်းစရာမလိုတဲ့ iflix FREE မှာဆိုရင် ပြည်တွင်းနဲ့ နိုင်ငံတကာက ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေကို အခမဲ့ကြည့်ရှုနိုင်မှာဖြစ်တဲ့အပြင် ယနေ့အတွက် ရုပ်ရှင်အညွှန်းကဏ္ဍ၊ ဗီဒီယိုအတိုများ စုစည်းမှု iflix Snacks ၊ နိုင်ငံကျော်အစီအစဉ်များစတဲ့ များပြားစုံလင်တဲ့ ကဏ္ဍမျိုးစုံကိုလည်း လုံးဝ အခမဲ့ ကြည့်ရှုနိုင်မှာပါ။
ဒါ့အပြင် iflix က မူပိုင်ရိုက်ကူးမယ့် သီးသန့်တီဗီစီးရီးတွေကိုလည်း iflix FREE မှာတင် အခမဲ့ကြည့်ရှုနိုင်ဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။
အသစ်တင်သမျှ ဗီဒီယို Content တိုင်းကို အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်မယ့် “The Feed” ဆိုတဲ့ Feature အသစ်ကိုလည်း အသုံးပြုနိုင်မှာပါ။ iflix FREE မှာတော့ ကြော်ငြာအနည်းငယ်ကို ထည့်သွင်းပြသသွားဖို့ရှိတယ်လို့ လည်း သိရပါတယ်။
iflix VIP ကို အဆင့်မြှင့်တင်မယ်ဆိုရင်လည်း အလွယ်တကူမြှင့်တင်နိုင်ပြီး၊ ယခင်ကအတိုင်း လွယ်ကူစွာ ငွေပေးချေနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
iflix VIP မှာတော့ iflix FREE မှာ ရရှိမယ့် Features အကုန်လုံးအပြင်၊ အထူးတိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်များကိုလည်း ကြည့်ရှုနိုင်မှာပါ။ ဒါ့အပြင် ရုပ်ရှင်၊ဇာတ်လမ်းနဲ့ ဗီဒီယိုအားလုံးကို ကြော်ငြာမပါဘဲ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
” ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့ iflix အသုံးပြုသူတွေအတွက် ရုပ်ရှင်၊ တီဗီအစီအစဉ်များ၊ တိုက်ရိုက်ထုတ်လွှင့်သည့် အခမ်းအနားများ၊ သတင်းများနဲ့ အချိန်တိုတိုနဲ့ ကြည့်နိုင်မယ့် ဗီဒီယိုတွေကို တသက်တာလစဉ်ကြေးမလိုဘဲ အခမဲ့ကြည့်နိုင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့အတွက် အရမ်းဂုဏ်ယူဝမ်းသာမိပါတယ်” လို့ iflix Myanmar ရဲ့ Country Lead ဖြစ်သူ ကိုအာကာကျော်က iIlix 3.0 မိတ်ဆက်ပွဲမှာ ပြောပါတယ်။
iflix 3.0 မှာ အသုံးပြုသူတွေ ကြိုက်နှစ်သက်မယ့် နောက်ထပ်ပြောင်းလဲမှုတခုကတော့ အရင်က ဗီဒီယို ၁၀ ခုကိုပဲ Download လုပ်၊ သိမ်းဆည်းထားနိုင်ရာကနေ အခုဆို ဗီဒီယို ၂၅ ခုထိ သိမ်းထားနိုင်ပါပြီ။ ဒါ့အပြင် အရင်က ဗီဒီယိုတွေကို ၇ ရက်ပဲ သိမ်းထားနိုင်ပေမယ့်၊ အခုဆို ရက် ၃၀ အထိ သိမ်းထားနိုင်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။