IT

iPhone မော်ဒယ်အသစ်တွေမှာ Apple Pencil ပါ သုံးလို့ရတော့မည်

Want create site? Find Free WordPress Themes and plugins.

Apple Pencil ကို အရင်တုန်းက iPad Pro တွေမှာပဲ သုံးလို့ရခဲ့ပေမယ့်၊ အခုဆို ရိုးရိုး iPad မှာလည်း Pencil သုံးလို့ရနေပါပြီ။ ထိုနည်းတူပဲ Apple ဟာ iPhone တွေမှာပါ Apple Pencil သုံးလို့ရအောင် လုပ်ပေးတော့မှာ ဖြစ်ပါတယ်။

Economic Daily News က ပေါက်ကြားလာတဲ့ သတင်းအရဆိုရင် ယခုနှစ်အတွင်းမိတ်ဆက်မယ့် iPhone မော်ဒယ်သစ် ၃ မျိုးထဲက OLED Display သုံးမယ့် iPhone X ဒုတိယမျိုးဆက်နဲ့ စခရင်ပိုကြီးမယ့် iPhone X Plus တို့မှာ Apple Pencil သုံးလို့ရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

တန်ဖိုးပိုနည်းမယ့် LCD iPhone မော်ဒယ်မှာတော့ သုံးလို့ရမှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။ ဒီအတိုင်းဆို တန်ဖိုးကြီး iPhone မော်ဒယ်တွေနဲ့ တန်ဖိုးနည်း iPhone မော်ဒယ်တွေရဲ့ အဓိကကွာခြားချက်ကလည်း Apple Pencil ဖြစ်လာနိုင်ပါတယ်။

EDN ရဲ့ ဖော်ပြချက်အရ Wacom Tablet တွေအတွက် Stylus Chip ထုတ်ပေးနေတဲ့ ထိုင်ဝမ်အခြေစိုက် Elan ကုမ္ပဏီဟာ iPhone အတွက် Apple Pencil ကို ထုတ်လုပ်ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Stylus ကို လက်ရှိအချိန်မှာ Laptops တွေမှာပဲ အသုံးများပြီး၊ Stylus သုံးလို့ရတဲ့ ဖုန်းနဲ့ Tablet တွေက ဈေးကွက်အတွင်းမှာ ၁၀ ရာခိုင်နှုန်းလောက်ပဲရှိနေပါတယ်။ ဒါပေမယ့် iPhone မှာသာ Apple Pencil သုံးလို့ရအောင် လုပ်ပေးလိုက်မယ်ဆိုရင် တခြားဖုန်းထုတ်လုပ်သူတွေလည်း Apple လမ်းစဉ်နောက်လိုက် လာဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ Apple ပူးတွဲတည်ထောင်သူ Steve Jobs ဟာ ၂၀၀၇ ခုနှစ်မှာ ပထမဆုံး iPhone ကို မိတ်ဆက်တုန်းက “ဖုန်းနဲ့ ဘယ်သူမှ Stylus မသုံးချင်ဘူး” လို့ ပြောခဲ့ဖူးတာကြောင့်၊ အသစ်ထွက်မယ့် iPhone တွေမှာ Apple Pencil သုံးလို့ရလာပြီဆိုရင် Steve Jobs စကားနဲ့တော့ ဆန့်ကျင်ဘက် ဖြစ်နေမှာပါ။

Ref: 9to5Mac, Apple Insiders, Mac Rumors

Did you find apk for android? You can find new Free Android Games and apps.
Loading