Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲ အသစ်ဖြစ်တဲ့ Poco ရဲ့ ပထမဆုံး စမတ်ဖုန်း F1 ကို မနေ့က အိန္ဒိယနိုင်ငံမှာ စတင် မိတ်ဆက်သွားခဲ့ပါတယ်။ Poco F1 ဟာ တန်ဖိုးနည်းနည်းနဲ့ စွမ်းဆောင်ရည်မြင့် ဖုန်းတလုံး အသုံးပြုချင်သူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ဖုန်းဖြစ်
Poco F1 ဖုန်းရဲ့ အဓိက ဆွဲဆောင်မယ့် Specs တွေကတော့ လက်ရှိစွမ်းဆောင်ရည်အမြင့်ဆုံး Mobile Chipset ဖြစ်တဲ့ Snapdragon 845 နဲ့ ကြီးမားတဲ့ 4,000mAh ဘက်ထရီပါ။ Xiaomi အနေနဲ့ ဒီဖုန်းကို မထုတ်ခင်မှာ Reddit ဖိုရမ်တွေကို ဂရုတစိုက်ဖတ်ရှုခဲ့ပြီး အသုံးပြုသူအများစု လိုချင်တဲ့ အတိုင်း Performance နဲ့ ဘက်ထရီပိုင်းကို အဓိကဦးစားပေး ထုတ်လုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Poco F1 ဖုန်းမှာ Notch ပါဝင်တဲ့ 6.18-inch 1080p Display ကို အသုံးပြုထားပြီး၊ ကင်မရာပိုင်း အနေနဲ့ 20-megapixel ရှေ့ကင်မရာနဲ့ 12-megapixel+5-megapixel dual ကျောကင်မရာတို့ ပါဝင်မှာပါ။ Storage မော်ဒယ်အနေနဲ့ 6GB+64GB ၊ 6GB+128GB နဲ့ 8GB+256GB ဆိုပြီး မော်ဒယ် ၃ မျိုး ထုတ်သွားဖို့ ရှိပါတယ်။
ဒါ့အပြင် LiquidCool နည်းပညာနဲ့ Quick Charge 3.0 နည်းပညာတို့လည်း ပါဝင်ဦးမှာပါ။ SIM Slot ကတော့ SIM နဲ့ microSD ပေါင်းထားတဲ့ hybrid slot ဖြစ်ပြီး၊ microSD ကတ် 256GB အထိ ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။
Poco F1 ဖုန်းဟာ ဒီဇိုင်းပိုင်းမှာတော့ အကောင်းစားတွေ သိပ်မသုံးထားဘဲ ကုန်ကျစရိတ် ချွေတာဖို့ အတွက် ပိုလီကာဘွန်နိတ် ပလတ်စတစ် ကိုယ်ထည်သာ အသုံးပြုထားပါတယ်။ Poco F1 Armoured Edition မှာတော့ Kevlar ကျောဘက် ကိုယ်ထည်နဲပါ။
ဒါ့အပြင် အကာဖန်သားပြင်အတွက်လည်း Gorilla Glass 3 မော်ဒယ်အဟောင်းကိုသာ ပြန်လည် အသုံးပြုထားတာ တွေ့ရပါတယ်။ Steel Blue ၊ Graphite Black နဲ့ Rosso Red ဆိုတဲ့ ကာလာ ၃ မျိုး ထုတ်သွားမှာ ဖြစ်ပါတယ်။
Android 8.1 Oreo-based MIUI နဲ့ပဲ ထွက်ရှိလာတာဖြစ်ပြီး၊ ထွက်ထွက်ချင်းမှာ MIUI 9.6 နဲ့ အသုံးပြုနိုင်မှာပါ။ နောက်လအတွင်း MIUI 10 တင်ပေးမယ်လို့တော့ ပြောထားပါတယ်။ USB Type-C Port ၊ 3.5mm နားကြပ်ပေါက်နဲ့ Bluetooth 5.0 တို့ ပါဝင်မှာဖြစ်ပြီး၊ လက်ဗွေရာ Sensor အပြင် Face Unlock နည်းပညာလည်း သုံးနိုင်မှာပါ။
Poco F1 ဖုန်းကို အိန္ဒိယနိုင်ငံမှာ Flipkart နဲ့ Mi.com website တွေကနေတဆင့် သြဂုတ်လ ၂၉ ရက်နေ့မှာ စတင် ရောင်းချသွားမှာ ဖြစ်ပြီး၊ အာရှနဲ့ ဥရောပ ဈေးကွက်အတွင်းလည်း ဝင်ရောက် လာမှာပါ။ ဈေးနှုန်းတွေကတော့ 6GB RAM မော်ဒယ်နှစ်ခုက ဒေါ်လာ ၃၀၀ နဲ့ ၃၄၃ ဒေါ်လာတို့ ရှိပြီး၊ 8GB RAM မော်ဒယ်ကတော့ ၄၁၄ ဒေါ်လာ ရှိပါတယ်။ Armored Edition ကတော့ ၄၂၉ ဒေါ်လာ ပေးရမှာပါ။
Ref: The Next Web, The Verge