စမတ်ဖုန်းတွေဟာ နေ့စဉ်လူနေမှုဘဝမှာ မသုံးမဖြစ်သုံးနေရတဲ့ အသုံးအဆောင်တွေပဲဖြစ်ပြီး ဈေးအပေါဆုံးဖုန်းကနေ ဈေးအကြီးဆုံးဖုန်းအထိ အသီးသီးရှိကြပါတယ်။ အခုတခါဖော်ပြပေးမှာကတော့ ၂၀၁၈ခုနှစ်မှာ ကမ္ဘာ့ဈေးအကြီးဆုံး အဖြစ်သတ်မှတ်ထားတဲ့ စမတ်ဖုန်းတွေအကြောင်းပဲဖြစ်ပါတယ်။
(၁) Black Diamond iPhone 5
ရွှေနဲ့ အနက်ရောင်စိန်တို့ကို ပေါင်းစပ်ပြီး ဖန်တီးပြုလုပ်ထားတဲ့ Black Diamond iPhone 5 ဟာဆိုရင်တော့ ကမ္ဘာ့ဈေးအကြီးဆုံးဖုန်းတွေထဲမှာ နံပါတ်(၁) အဖြစ်ရပ်တည်နေပါတယ်။ ဒီဖုန်းဟာဆိုရင်တော့ ဒေါ်လာ ၁၅.၃သန်းခန့်တန်ဖိုးရှိပြီး ဖုန်းရဲ့Home Buttonမှာ ၂၆ကာရက်ရှိ အနက်ရောင်စိန်ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒီဖုန်းရဲ့ တဦးတည်းသောပိုင်ရှင်ကတော့ တရုတ်လူမျိုး ဘီလျံနာတဦးပဲဖြစ်ပါတယ်။
(၂) Diamond Rose iPhone 4 32GB
ကမ္ဘာ့ဈေးအကြီးဆုံး စမတ်ဖုန်းအဖြစ် ဒုတိယနေရာမှာရပ်တည်နေတဲ့ ဒီဖုန်းဟာဆိုရင်တော့ ဒေါ်လာ ၈သန်းခန့် တန်ဖိုးရှိပါတယ်။ စိန်အလုံး၅၀၀နဲ့ ဖုန်းတလုံးလုံးကို အလှဆင်ထားပြီး ဘေးဘက်ခလုတ်တွေကိုတော့ ပလက်တီနမ်နဲ့ ဖန်တီးပြုလုပ်ထားတာပဲဖြစ်ပါတယ်။
(၃) Supreme Goldstriker iPhone 32GB
တတိယမြောက်ဈေးအကြီးဆုံးဟာဆိုရင်လည်း iPhone အမျိုးအစားပဲဖြစ်ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၃.၂သန်းခန့် ရှိပါတယ်။ ဖုန်းရဲ့ ဖရိန်ကိုတော့ ၂၇၁ဂရမ် အသားတင်အလေးချိန်ရှိတဲ့ ရွှေသားအစစ်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပြီး စိန်အလုံးရေ၅၃လုံးခန့်နဲ့ အလှဆင်ထားတာဖြစ်ပါတယ်။
(၄) iPhone 3G King’s Button
ဒီဖုန်းကို ဖန်တီးပြုလုပ်ထားသူကတော့ သြစတြေးလျနိုင်ငံသား Peter Aloisson ဆိုသူပဲဖြစ်ပြီး ဖုန်းရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၂.၄သန်းခန့်ပဲဖြစ်ပါတယ်။ Home Button မှာ ၆.၆ကာရက်ရှိတဲ့ တလုံးတည်းသောစိန်နဲ့ အလှဆင်ထားပြီး ဒီစိန်ကြောင့်ပဲ ဖုန်းရဲ့ မြင့်မားစေတာဖြစ်ပါတယ်။
(၅) GoldVish Le Million
တန်ဖိုးကြီး လက်ဝတ်ရတနာတွေနဲ့ အကောင်းစားနာရီတွေကို ဒီဇိုင်းဆွဲဖန်တီးတဲ့ ဒီဇိုင်နာတဦးဖြစ်သူ Emmanuel Gueitဆိုသူက ဖန်တီးပြုလုပ်ထားတဲ့ ဒီဖုန်းဟာဆိုရင်တော့ ဒေါ်လာ ၁.၃သန်းခန့်တန်ဖိုးရှိပြီး ကမ္ဘာ့ဈေးအကြီးဆုံးဖုန်း အဖြစ် ဂင်းနစ်စံချိန်ဝင်ထားတဲ့ ဖုန်းတလုံးလည်းဖြစ်ပါတယ်။
18kရှိပလက်တီနမ်နဲ့ ၂၀ကာရက်ရှိ စိန်တွေနဲ့ အလှဆင်ထားတဲ့ ဒီဖုန်းဟာဆိုရင်တော့ ၂၀၀၆ခုနှစ်မှာပဲ ပြင်သစ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ပွဲတခုမှာ ရောင်းထွက်သွားခဲ့ပြီပဲဖြစ်ပါတယ်။
Ref: www.wonderslist.com