LG မှ G7 One နဲ့ G7 Fit ဖုန်းမော်ဒယ် အသစ်များ မိတ်ဆက်
LG ဟာ IFA 2018 နည်းပညာပြပွဲ မတိုင်မီမှာ G7 One နဲ့G7 Fit ဖုန်းမော်ဒယ် အသစ်နှစ်မျိုးကို ကြိုတင် မိတ်ဆက်လိုက်ပါတယ်။ ဖုန်းနှစ်မျိုးလုံးရဲ့ ထူးခြားချက်ကတော့ ကျောကင်မရာ ၂ လုံး၊ ၃ လုံးတွေ ခေတ်စားနေချိန်မှာ ကျောကင်မရာ တလုံးတည်းကိုပဲ အသုံးပြုထားတာ ဖြစ်ပါတယ်။
LG G7 One ဟာ Google ရဲ့ Android One စနစ်အသုံးပြုထားတဲ့ Stock Android ဖုန်းတလုံး ဖြစ်ပြီး၊ Android updates တွေကို ပုံမှန်ရရှိသွားမယ့် ဖုန်းဖြစ်ပါတယ်။ G စီးရီးထဲမှာ Snapdragon 835 သုံးထားတဲ့ ပထမဆုံး ဖုန်းလည်းဖြစ်ပြီး၊ 6.1-inch QHD+ FullVision Displayနဲ့ ဖြစ်ပါတယ်။
Display မှာ Notch ကို မြင်တွေ့ရမှာဖြစ်ပြီး၊ Display အလျားရှည်လျားတဲ့ 19.5:9 Aspect Ratioနဲ့ ဖြစ်ပါတယ်။ ဖုန်းအောက်ဘက်မှာတော့ ဘောင်အနည်းငယ်ကို ဆက်လက်မြင်တွေ့ရပြီး၊ လက်ဗွေရာ ဆန်ဆာကိုတော့ ဖုန်းရဲ့ နောက်ဘက်မှာ ထည့်သွင်းပေးထားပါတယ်။
LG G7 One စမတ်ဖုန်းကို 4GB RAMနဲ့ 32GB Storage မော်ဒယ်တမျိုးတည်းသာ ရောင်းချ သွားမှာဖြစ်ပြီး၊ microSD ကတ်တော့ 2TB အထိ ထပ်စိုက်နိုင်မှာဖြစ်ပါတယ်။ လက်ရှိ Android 8.1 Oreo နဲ့ ထွက်လာမှာ ဖြစ်ပေမယ့် Android One ပရိုဂရမ်ထဲက ဖုန်းဖြစ်တာကြောင့် မကြာခင် Android 9 Pie လည်း ရရှိမယ့် ဖုန်းပါ။
G7 One မှာ 16MP, f/1.6 ကျောကင်မရာတလုံးတည်းကို အသုံးပြုထားပြီး၊ ရှေ့ကင်မရာကတော့ 8MP, f/1.9 Lens နဲ့ ဖြစ်ပါတယ်။ Quad DAC, DTS:X နဲ့ Quick Charge 3.0 နည်းပညာတို့ ပါဝင်မှာ ဖြစ်ပြီး၊ ရေစိုခံနိုင်စွမ်းရည် IP68 လည်း ရရှိထားတဲ့ ဖုန်းဖြစ်ပါတယ်။
ဒုတိယ မော်ဒယ်ဖြစ်တဲ့ LG G7 Fit ကတော့ Snapdragon 821နဲ့ ထွက်ရှိလာတဲ့ဖုန်းဖြစ်ပြီး၊ Display နဲ့ Storage အရွယ်အစားတွေကတော့ G7 One နဲ့ တူတူပဲ ဖြစ်ပါတယ်။ ကင်မရာကတော့ G7 Fit မှာ 16-megapixel, f/2.2 အပါချာရှိတဲ့ 76-degree wide-angle Lensနဲ့ ကျောကင်မရာကို အသုံးပြုထားပြီး ရှေ့ကင်မရာကတော့ 80-degree wide-angel lesnနဲ့ 8-megapxiel ကင်မရာ ဖြစ်ပါတယ်။
microSD ကတ်လည်း 2TB အထိ ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိဈေးကွက်ထဲမှာ microSD ကတ်က 512 GB အထိပဲ ထွက်သေးတာကြောင့် 512GB ပဲ ထပ်စိုက်နိုင်မှာပါ။ G7 One အတိုင်း G7 Fit မှာ Quad DAC, ရေစိုခံနိုင်စွမ်းရည်နဲ့ Quick Charge 3.0 နည်းပညာတို့ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။
Android One စနစ်နဲ့တော့ မဟုတ်ပါဘူး။ G7 One ဖုန်းကို New Morocccan Blueနဲ့ New Aurora Black အရောင် ၂ မျိုးနဲ့ ထုတ်လုပ်သွားမှာဖြစ်ပြီး၊ G7 Fit ကိုတော့ New Aurora Black နဲ့ New Platinum Gray ဆိုပြီး ၂ ရောင် ထုတ်သွားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မယ့် ရက်တွေကိုတော့ IFA 2018 ပွဲရောက်မှ ထပ်မံကြေညာသွားဖို့ ရှိပါတယ်။
Ref :GSM Arena, Gadgets 360