မကြာသေးခင်က မြန်မာနိုင်ငံမှာ စစ်ဘက်ဆိုင်ရာအရာရှိကြီးတွေရဲ့ Facebook စာမျက်နှာတွေ ပိတ်သိမ်းခံထား ရပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ ဆိုရှယ်မီဒီယာများမှာ Facebook လောက်ကိုသာ အများဆုံးသုံးကြတာကို တွေ့ရပါတယ်။ ဒါကြောင့် ကမ္ဘာမှာ အသုံးပြုမှုအများဆုံး လူမှုကွန်ရက် မီဒီယာတွေကို တင်ပြချင်ပါတယ်။
(၁) Facebook
Facebook ကတော့ မြန်မာအပါအဝင်တကမ္ဘာလုံးမှာ အသုံးပြုမှုအများဆုံး လူမှုကွန်ရက် ဖြစ်ပါတယ်။ Facebook ကို ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပါတယ်။ တည်ထောင်ပြီး ၁၂ အကြာကစလို့ Facebook လူမှုကွန်ရက်ဟာ အရမ်းအောင်မြင်လာပြီးတဲ့နောက် တလကို ပျှမ်းမျှအကောင့်ဖွင့်သူ ၁ ဒဿမ ၅၉ ဘီလီယံရှိလာ တယ်လို့ သိရပါတယ်။
Facebook ဟာ တကမ္ဘာလုံးက လူအချင်းချင်းဆက်သွယ်ဖို့ အလယ်အလတ်အဆင့်ထိ ကောင်းတဲ့လူမှုကွန်ရက်ဖြစ်ပြီး ဒီလူမှုကွန်ရက်မှာ အသေးစားလုပ်ငန်းနဲ့ အလယ်အလတ်တန်းစား လုပ်ငန်းကို ကြော်ငြာသူ ၁ မီလီယံခန့်ရှိတယ်လို့ လည်း သိရပါတယ်။
(၂) Twitter
Twitter ကတော့ အသုံးပြုသူတွေအတွက် စည်းကမ်းတွေများပြီး သင့်ရဲ့စီးပွားရေးလုပ်ငန်းတွေကို ကြော်ငြာထည့်လို့ မရဘူးဆိုပေမယ့် တလကို ပျှမ်းမျှအကောင့်ဖွင့်သူ ၃၂၀ မီလီယံခန့် ရှိတယ်လို့ သိရပါတယ်။
စီးပွားရေးသမားတွေကတော့ မိမိကုန်ပစ္စည်းတွေကို ကြော်ငြာချင်ရင် အသုံးပြုလောက်မယ့်သူရဲ့ မေးခွန်းကိုဖြေပေးခြင်း၊ အသစ်ထွက်ကုန်ပစ္စည်းသတင်းတွေကို တင်ပေးခြင်းလောက်ကိုပဲ လုပ်နိုင်ပါတယ်။ Twitter ကိုတော့ ၂၀၀၆ခုနှစ် မတ်လ ၂၁ က စတင်တည်ထောင်ခဲ့ပါတယ်။
(၃) LinkedIn
LinkedIn ကိုတော့ ၂၀၀၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်မှာ စတင်တည်ထောင်ခဲ့ပြီး ၂၀၀၃ ခုနှစ် မတ်လမှာ စတင်အသုံးပြုဖို့ လွှင့်ခဲ့ပါတယ်။ ဒီလူမှုကွန်ရက်ကတော့ ပရောဖက်ရှင်နယ် Network သမားတွေ အရမ်းအသုံးပြုတဲ့ လူမှုကွန်ရက် ဖြစ်ပါတယ်။
ဒီလူမှုကွန်ရက်ကို ဘာသာစကား ၂၄မျိုးနဲ့ အသုံးပြုလို့ရပြီး အသုံးပြုသူ ၄၀၀ မီလီယံရှိတယ်လို့ သိရပါတယ်။ ဒီလူမှုကွန်ရက်ဟာ တူညီတဲ့စီးပွားရေးနယ်ပယ်ကလူတွေ အသုံးပြုဖို့ သင့်တော်ပြီး သတင်းနဲ့ စာရင်းဇယားတွေ နဲ့သက်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြည်တွင်းက ပရောဖက်ရှင်နယ်တွေနဲ့ ချိတ်ဆက်ပေးတဲ့ လူမှုကွန်ရက် ဖြစ်ပါတယ်။
(၄) Youtube
Youtube ကတော့ အကြီးမားဆုံး ဗီဒီယိုတင်ဆက်မှုအခြေခံ လူမှုကွန်ရက်ဖြစ်ပါတယ်။ Youtube ကို ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့က paypal ကုမ္ပဏီဝန်ထမ်း ၃ ဦးက တည်ထောင်ခဲ့ပြီး ၂၀၀၆ ခုနှစ် နိုဝင်ဘာလမှာ Google ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁ ဒဿမ ၆၅ ဘီလီယံနဲ့ ဝယ်ယူခဲ့ပါတယ်။
Youtube မှာ ဝင်ရောက်ကြည့်ရှုသူဟာ တလကို ၁ မီလီယံရှိပြီး Google ပြီးရင် သတင်းအချက်အလက် ရှာဖွေမှုအများဆုံး လူမှုကွန်ရက်ဖြစ်ပါတယ်။
Ref; smallbiztrends.com