တဖြည်းဖြည်းနဲ့ ခေတ်စားလာတဲ့ စမတ်စပီကာ ဈေးကွက်ထဲကို Huawei ပါ ဝင်ရောက်လာပြီ ဖြစ်ပါတယ်။
Huawei ဟာ ပြီးခဲ့တဲ့ သောကြာနေ့က IFA 2018 ပွဲမှာ Amazon ရဲ့ Alexa digital assistant ပါဝင်တဲ့ “AI Cube” စမတ်စပီကာကို မိတ်ဆက်သွားခဲ့ပါတယ်။ “Google Home” , “Apple HomePod” တို့ထက် ပိုသာတဲ့ အချက်တခုကတော့ AI Cube ဟာ သာမန် စမတ်စပီကာတင် မဟုတ်ဘဲ၊ 4G modem နဲ့ Home Wi-Fi Router အဖြစ်ပါ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။
AI Cube ဟာ ဒီဇိုင်းပိုင်းကတော့ Google Home နဲ့ တော်တော်ဆင်ပါတယ်။ Huawei ဟာ လောလောဆယ်မှာ ကိုယ်ပိုင် Digital Assistant ကောင်းကောင်း မရှိသေးတဲ့အတွက် Amazon ရဲ့
Alexa assistant ကိုပဲ ဒီ စမတ်စပီကာမှာ ထည့်သွင်း အသုံးပြုထားပါတယ်။
4G LTE SIM ကတ် ထည့်သုံးဖို့ အတွက် slot တခုလည်း ပါဝင်ပြီး၊ hot spot ဖြစ်ဖြစ်၊ Ethernet နဲ့ ဖြစ်ဖြစ်လည်း router ပုံစံ အိမ်မှာ အသုံးပြုနိုင်ပါတယ်။
AI Cube ဟာ ၈.၆ လက်မ အမြင့်ရှိပြီး၊ အချင်းကတော့ ၄.၅၇ အမြင့် ရှိပါတယ်။ အလေးချိန် ၉၀၀ ဂရမ် ( ၂ ပါင်ခန့်) ရှိပြီး၊ LTE Cat 6 အသုံးပြုနိုင်ကာ ဆယ်လူလာမြန်နှုန်း 300Mbps အထိ မြန်နှုန်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ Wi-Fi 802.11 ac dual-band ပါဝင်ပြီး၊ အသံဖမ်းယူနိုင်ဖို့အတွက် မိုက်ခရိုဖုန်း ၄ လုံးလည်း ပါဝင်မှာ ဖြစ်ပါတယ်။
AI Cube ဟာ အရည်အသွေးမြင့် အသံပေးစွမ်းနိုင်တဲ့ စမတ်စပီကာတလုံး ဖြစ်ကြောင်း အာမခံထားပြီး၊ ဥရောပမှာ အရင်ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဈေးနှုန်းကိုတော့ တရားဝင် မသိရသေးပါဘူး။
Ref: CNBC, Engadget