Lenovo အပိုင် Motorola ဟာ P30 စမတ်ဖုန်းကို ပြီးခဲ့တဲ့လက မိတ်ဆက်ခဲ့ပြီးနောက် မကြာခင်မှာပဲ P30 Note ဆိုတဲ့ မော်ဒယ်အသစ်ကို ထပ်မံမိတ်ဆက်လိုက်ပါတယ်။
Motorola P30 Note ဟာ အရင် P30 ဖုန်းနဲ့ ဒီဇိုင်းပိုင်းတူညီပေမယ့်၊ အသုံးပြုထားတဲ့ Hardware တွေတော့ အနည်းငယ်ကွာခြားသွားပြီး၊ P30 ထက် ပိုစွမ်းဆောင်ရည်မြင့်တဲ့ Specifications တွေနဲ့ ထွက်လာတာ ဖြစ်ပါတယ်။ အဓိကပြောင်းလဲမှုတွေကတော့ ကြီးမားတဲ့ 5,000mAh ဘက်ထရီကို ပြောင်းသုံးပေးထားတာပါ။ ဒါ့အပြင် microSD card သပ်သပ် ထည့်လို့ရတဲ့ triple SIM အကန့်လည်း ပါဝင်လာပါတယ်။
Motorola P30 Note မှာ Snapdragon 636 SoC ကို အသုံးပြုထားပြီး၊ ကျောဘက်လက်ဗွေရာဆန်ဆာနဲ့ ဖြစ်ပါတယ်။ ဘက်ထရီပိုကြီးသွားတဲ့အတွက် အလေးချိန်လည်း နည်းနည်းပိုများလာပြီး၊ ၁၉၈ ဂရမ်ရှိပါတယ်။ ဒေါင်လိုက်ကျောကင်မရာ နှစ်လုံးတွဲ၊ 3.5mm နားကြပ်ပေါက်၊ Notch ပါဝင်တဲ့ Display နဲ့ Motorola တံဆိပ်ပါတဲ့ ဖုန်းအောက်ဘက် ဘောင်တို့ကို တွေ့မြင်ရမှာပါ။
ကျောဘက် Dual Camera မှာတော့ 16MP+5MP sensors တွေကို အသုံးပြုပေးထားပြီး၊ အဓိက sensor က f/1.8 lens နဲ့ ဖြစ်ကာ၊ ဒုတိယ sensor ကတော့ f/2.2 lens နဲ့ ဖြစ်ပါတယ်။ ရှေ့ကင်မရာကတော့ 12MP, f/2.0 lens နဲ့ ဖြစ်ပြီး၊ AI Beauty လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။
ဒီဖုန်းဟာ မကြာခင်ရက်ပိုင်းကမှ IFA Berlin ပွဲမှာ မိတ်ဆက်သွားတဲ့ Motorola One Power နဲ့ အတူတူပဲ ဖြစ်ပါတယ်။ Stock Android သုံးထားတဲ့ One Power ဖုန်းကိုတော့ အိန္ဒိယမှာပဲ စတင်ရောင်းချသွားမှာဖြစ်ပြီး၊ Android 8.1 Oreo-based ZUI 4.0 သုံးထားတဲ့ P30 Note ကိုတော့ တရုတ်နိုင်ငံမှာ ရောင်းချသွားမှာဖြစ်ပါတယ်။
Motorola P30 Note ဈေးနှုန်းတွေကတော့ 4GB RAM မော်ဒယ်ကို ၁,၉၉၉ ယွမ် ( မြန်မာငွေ လေးသိန်းခွဲခန့်) နဲ့ 6GB RAM မော်ဒယ်ကို ၂,၂၉၉ ယွမ် (မြန်မာငွေ ငါးသိန်းနှစ်သောင်းခန့်) ရှိမှာ ဖြစ်ပါတယ်။ Mercury Black အရောင်တမျိုး တည်းနဲ့ တရုတ်နိုင်ငံမှာ ဝယ်ယူနိုင်ပါပြီ။ ကနဦးဝယ်တဲ့လူတွေအတွက် JBL နားကြပ်တွေ လက်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။
Ref: Gadgets 360, GSM Arena