IT

အသက် ၁၅ နှစ်အောက် ကျောင်းသားများ ကျောင်းချိန်အတွင်းဖုန်းအသုံးမပြုရန် ပြင်သစ်တားမြစ်

Want create site? Find Free WordPress Themes and plugins.

နိုင်ငံလုံးဆိုင်ရာ ဥပဒေအသစ်အရ ပြင်သစ်နိုင်ငံက အသက် ၁၅ နှစ်အောက် ကျောင်းသား၊ ကျောင်းသူအားလုံးဟာ ယခုတနင်္လာနေ့က စတင်ပြီး ကျောင်းချိန်အတွင်းမှာ ဖုန်းလုံးဝအသုံးပြုလို့ ရမှာမဟုတ်တော့ပါဘူး။

ပြင်သစ်သမ္မတ Emmanuel Macron ဟာ ၂၀၁၇ ခုနှစ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးတုန်းက ကျောင်းမှာ ဖုန်းအသုံးပြုမှု လုံးဝတားမြစ်မယ်လို့ ကတိပေးခဲ့ပြီးနောက်၊ ပြီးခဲ့တဲ့ ဂျူလိုင်လမှာ ယခုဥပဒေကို စတင်ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။

နွေရာသီကျောင်းပိတ်ရက်ပြီး၊ ယခုတပတ် တနင်္လာနေ့က စတင်ကာ တနိုင်ငံလုံးက အခြေခံမူလတန်းကျောင်းနဲ့ အလယ်တန်းကျောင်းအားလုံးမှာ ယခုဥပဒေ သက်ရောက်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ပြင်သစ်နိုင်ငံက ကျောင်းတွေမှာ ၂၀၁၀ ခုနှစ်ကတည်းက စာသင်ချိန်အတွင်း ဖုန်းအသုံးမပြုရ ဥပဒေရှိပေမယ့် ယခုဥပဒေအသစ်မှာတော့ စာသင်ရပ်နားချိန်နဲ့ မုန့်စားဆင်းချိန်တွေမှာပါ ဖုန်းသုံးလို့ရမှာ မဟုတ်တော့ပါဘူး။

စာသင်ကျောင်းတွေအနေနဲ့ အသက် ၁၅ နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကိုပါ ဖုန်းသုံးခွင့် ပိတ်ချင်ရင် ပိတ်ပင်နိုင်မှာလည်း ဖြစ်တယ်လို့ သိရပါတယ်။ မသန်စွမ်းကျောင်းသားတွေတော့ ယခုဥပဒေမှာ အကျုံးမဝင်ပါဘူး။

ယခု ဥပဒေအသစ်ကြောင့် ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ မိမိတို့ရဲ့ ဖုန်းတွေကို Locker ထဲ ထည့်ရင်ထည့် မဟုတ်ရင် ကျောင်းချိန်တခုလုံး ပါဝါပိတ်ထားရမှာဖြစ်ပါတယ်။ ကျောင်းချိန်အတွင်း ဖုန်းသိမ်းထားရမယ့် နည်းလမ်း တွေကိုတော့ စာသင်ကျောင်းတွေ ကိုယ်တိုင် သတ်မှတ်ပေးထားရမှာပါ။

ကျောင်းနေအရွယ် ကလေးတွေအနေနဲ့ စမတ်ဖုန်းတွေအပေါ် မှီခိုလွန်းအားကြီးပြီး၊ စိတ်ပျံ့လွယ်လာကြောင်း စိုးရိမ်မှုတွေ ဖြစ်နေကြတဲ့အချိန်မှာ ယခုဥပဒေ စတင်ပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံက အသက် ၁၂ နှစ်နဲ့ ၁၇ နှစ်ကြား ဆယ်ကျော်သက်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ မိုဘိုင်းဖုန်းကိုယ်စီနဲ့ ဖြစ်တာကြောင့်၊ ယခုဥပဒေဟာ ကလေးငယ်တွေကြား အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာအကြောင်းအရာတွေ ပြန့်ပွားမှုကို အဟန့်အတားဖြစ်စေနိုင်မယ်လို့ ထောက်ခံသူတွေက မျှော်လင့်ထားကြပါတယ်။

ဒါပေမယ့် ဝေဖန်သူတွေကတော့ ဒီတားမြစ်ချက်ဥပဒေဟာ လူကြိုက်များအောင် လုပ်ပြတဲ့ ‘စတန့်’ တခုသာဖြစ်ပြီး၊ အမှန်တကယ်အသက်ဝင်လာအောင် လုပ်ဖို့ ခက်ခဲမယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref: Business Insider, Channel New Asia

Did you find apk for android? You can find new Free Android Games and apps.
Loading