မြန်မာနိုင်ငံရဲ့ အင်တာနက်ဝန်ဆောင်မှုတခုဖြစ်တဲ့ Myanmar Net နဲ့ Viu တို့ပူးပေါင်းပြီး “အဝသုံးနဲ့ အမုန်းကြည့်” Package တရားဝင်မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့ စက်တင်ဘာလ ၄ရက်နေ့မှာ ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ် မှာ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ Viu မှာတော့ အာရှတလွှားမှ ဖျော်ဖြေရေးအစီအစဉ်များ၊ ရုပ်ရှင်ဇာတ်လမ်းများအား မြန်မာနိုင်ငံမှာ ပေးအပ်နိုင်ရန် ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံရဲ့ပထမဆုံးနဲ့ တခုတည်းသော ၁၀၀% မြန်မာစာတန်းထိုး Digital ဗီဒီယိုဝန်ဆောင်မှုဖြစ်ပြီး အဆိုပါဗီဒီယိုများကို Download ပြုလုပ်၍ကြည့်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
“အဝသုံးနဲ့ အမုန်းကြည့်” Package ကိုဝယ်ယူသုံးစွဲတဲ့ သူတိုင်းဟာ သတ်မှတ်ထားသော ပုံသေဈေးနှုန်းနဲ့အတူ အကန့်အသတ်မဲ့ ဒေတာသုံးစွဲခွင့်ဖြင့် Viu App မှဗီဒီယိုများကို ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
“ ကိုရီးယားနဲ့ တရက်တည်းပြမယ့် နာမည်ကျော် Running Man တီဗီအစီအစဉ်တွေသာမက K ဒရမ်မာတွေဖြစ်တဲ့ The Heirs နှင့် Doctors စတဲ့ဇာတ်လမ်းတွဲတွေ ၊ နာမည်ကြီး ဇာတ်ကားတွေဖြစ်တဲ့ ထိုင်းက Peemak နဲ့ အိန္ဒိယက Bhaagmathie အပါအဝင် Viu ရဲ့ရုပ်ရှင်တွေနဲ့ တီဗီအစီအစဉ်တွေအားလုံးမှာ ၁၀၀ရာခိုင်နှုန်းပြည့် မြန်မာစာတန်းထိုး တွေ ပါဝင်လာမှာဖြစ်ပါတယ်” လို့ Viu Myanmar ရဲ့ Country Manager ဖြစ်သူ Lavina Tauro ကပြောပါတယ်။
၂၀၁၆ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တဲ့ Viu ဟာ အာရှတိုက်တဝှမ်းမှာ အောက်မြင်မှုများရရှိခဲ့ကာ ဒစ်ဂျစ်တယ် ဖျော်ဖြေရေးဆိုင်ရာ ထိပ်တန်းဝန်ဆောင်မှုတခုအဖြစ် လူသိများလာခဲ့တာဖြစ်ပါတယ်။