ZTE ဖုန်းပရိတ်သတ်တွေ စောင့်မျှော်နေတဲ့ Nubia Z18 စမတ်ဖုန်းကတော့ တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်သွားခဲ့ပြီ ဖြစ်ပါတယ်။
OPPO R17 နဲ့ F9 စမတ်ဖုန်းတွေကနေ စတင်ခေတ်စားလာတဲ့ ရေစက်ပုံစံ Notch ဒီဇိုင်းကို Nubia Z18 စမတ်ဖုန်းမှာ အသုံးပြုထားတာတွေ့ရပြီး၊ Screen နဲ့ ကိုယ်ထည်အချိုးအစား ၉၁.၈ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ကုမ္ပဏီက ဆိုထား ပါတယ်။ သေချာကြည့်မယ်ဆိုရင် ZTE Nubia Z18 ရဲ့ notch ဒီဇိုင်းဟာ OPPO F9 တို့က notch နဲ့ အနည်းငယ် ကွာခြားပြီး၊ Essential PH-1 ဖုန်းက notch နဲ့ ပိုတူတာကို တွေ့ရမှာပါ။
Nubia Z18 ရဲ့ Screen အရွယ်အစားက 5.99-inch ရှိပြီး၊ 1080×2160 pixels IPS LCD Display နဲ့ ဖြစ်ပါတယ်။ ဖုန်းအပေါ်ဘက်နဲ့ အောက်ဘက်မှာ ဘောင်အနည်းငယ်သာ ပါဝင်ပြီး၊ ဘေးဘက်မှာတော့ ဘောင်လုံးဝမပါဝင် သလောက်နီးပါး Screen အပြည့်ဒီဇိုင်းနဲ့ ဖြစ်ပါတယ်။ လက်ရှိစွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်တဲ့ Snapdragon 845 SoC ၊ 6GB or 8GB RAM တို့နဲ့ ထွက်ရှိလာတဲ့ flagship ဖုန်းတလုံးဖြစ်ပါတယ်။ Storage ကို 64GB နဲ့ 128GB ဆိုပြီး နှစ်မျိုးရွေးချယ်နိုင်မှာပါ။
Qualcomm ရဲ့ Quick Charge 4.0 စနစ်အသုံးပြုနိုင်တဲ့ 3,450mAh ဘက်ထရီလည်း ပါဝင်ပြီး၊ အပူချိန် ထိန်းချုပ်ဖို့ အတွက် ZTE ရဲ့ Neo Power စနစ်လည်း ပါဝင်မယ်လို့ သိရပါတယ်။
ကင်မရာပိုင်းကတော့ Portrait Selfie တွေ ရိုက်နိုင်တဲ့ 8MP, f/2.0 ရှေ့ကင်မရာ၊ Scene recognition နဲ့ 960fps Slow Motion ဗီဒီယိုတွေ ရိုက်နိုင်တဲ့ 16MP, f/1.6+ 24MP, f/1.6 ကျောကင်မရာ နှစ်လုံးတွဲတို့ ပါဝင်မှာ ဖြစ်ပါတယ်။
ZTE Nubia Z18 ကို ယနေ့ကစတင်ကာ တရုတ်နိုင်ငံအတွင်း ကြိုတင်အော်ဒါမှာယူနိုင်ပြီဖြစ်ပြီး၊ ဈေးနှုန်းတွေကတော့ 6GB/64GB မော်ဒယ်ကို ၃၅၀ ယူရိုနဲ့ 8GB/128GB မော်ဒယ်ကို ၄၁၅ ယူရိုနီးပါး ကျသင့်မှာပါ။ အနီရောင်နဲ့ အနက်ရောင် ကာလာနှစ်မျိုး ရွေးချယ်နိုင်မှာပါ။ ဒီထက်လှတာလိုချင်တဲ့လူတွေအနေနဲ့ ပိုက်ဆံနည်းနည်းပိုသုံးကာ ၄၅၀ ယူရိုနဲ့ Van Gogh Special Edition မော်ဒယ်ကို ဝယ်ယူနိုင်ပါတယ်။
Ref: GSM Arena, Gadgets 360