IT

Chrome ရဲ့T-rex ဂိမ်းကို နှစ် ၁၇ သန်းကြာ ဆော့နိုင်ကြောင်း Google ပြောကြား

Want create site? Find Free WordPress Themes and plugins.

Chrome အသုံးပြုသူတိုင်း ဒိုင်နိုဆောဂိမ်း ဆော့ဖူးကြမှာပါ။ အလုပ်လုပ်နေရင်းဖြစ်ဖြစ် လိုင်းသုံးနေရင်းဖြစ်ဖြစ် အင်တာနက် မရှိတော့တဲ့အခါ ဒီဒိုင်နိုဆောလေးက အားလုံးရဲ့ အပျင်းပြေဆေး တခွက်ပါပဲ။

Google ဟာ Chrome browser ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မွေးနေ့ ဦးထုပ်လေးကို ယခင်တပတ်က ဒိုင်နိုဆောဂိမ်းမှာ စထည့်ပေးခဲ့ပါတယ်။ ဒါ့အပြင် ဒီဂိမ်း ဖြစ်ပေါ်လာပုံ အကြောင်းကိုလည်း ဂိမ်းတီထွင်သူတွေနဲ့ တွေ့ဆုံမေးမြန်းပြီး ဆောင်းပါးအဖြစ် ဖော်ပြခဲ့ပါသေးတယ်။

ဒီဂိမ်းကို Chrome Designer Team က Edward Jung, Sebastien Gabriel နဲ့ Alan Bettes တို့ရဲ့ အိုင်ဒီယာနဲ့ အကောင်အထည် ဖော်ခဲ့တာဖြစ်ပြီး၊ ၂၀၁၄ ခုနှစ်မှာ စတင်ထည့်သွင်းခဲ့တာလို့ သိရပါတယ်။

အင်တာနက် မရှိတော့တာကို ရည်ညွှန်းပြီး “Wi-fi” မပေါ်ခင် သမိုင်းခေတ်ဦး ကာလကို ပြန်သွားတဲ့ ပုံစံဖော်ထားတာလို့ ဂိမ်းတီထွင်သူတဦးဖြစ်တဲ့ Sebastian က ရှင်းပြပါတယ်။

ဂိမ်းထဲက ဒိုင်နိုဆောအကောင်လေးရဲ့ ကနဦးဒီဇိုင်းကိုတော့ “Project Bolan” လို့ အမည် ပေးခဲ့ပါတယ်။ ၁၉၇၀ ပြည့်နှစ် တွေက နာမည်ကြီး Glam Rock တီးဝိုင်းတခုဖြစ်တဲ့ T-Rex က ကွယ်လွန်သူ ပွဲထွက်အဆိုတော် Marc Bolan ကို ရည်ညွှန်းပြီး နာမည်ပေးခဲ့တာပါ။

ဒါ့အပြင် Edward Jung က ဒီဂိမ်းကို အကြာဆုံး နှစ်ပေါင်း ၁၇ သန်းအထိ ကစားနိုင်အောင် ပရိုဂရမ် ရေးထားကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။ “T-rex လေးကို နှစ်ပေါင်း ၁၇ သန်းအထိ အများဆုံး ပြေးနိုင်အောင် လုပ်ထားပါတယ်။ တကယ့် T-rex တွေ ကမ္ဘာပေါ်မှာ အသက်ရှင် နေထိုင်ခဲ့တဲ့ အချိန် ပမာဏနဲ့ အတူတူပါပဲ” လို့ Jung က ဆိုပါတယ်။

“ဒါပေမယ့် နှစ် ၁၇ သန်းကြာပြီးရင်တော့ ခင်ဗျားရဲ့ Spacebar လည်း အကောင်းတိုင်း ရှိမှာ မဟုတ်တော့ပါဘူး” လို့ Jung က ဟာသနှောပြောကြားသွားခဲ့ပါတယ်။

Google က အဆိုပါ “ဒိုင်နိုဆော အပြေးဂိမ်း” ကို Device ပေါင်းစုံကနေ ဆော့ကစားမှု အရေအတွက် ၁ လကို သန်း ၂၇၀ လောက် ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီဂိမ်း အများဆုံး ဆော့တဲ့ နိုင်ငံတွေကတော့ မိုဘိုင်းအင်တာနက် ဈေးကြီးပြီး လိုင်းမကောင်းတဲ့ မက္ကဆီကို၊ ဘရာဇီးနဲ့ အိန္ဒိယတို့က ဖြစ်တယ်လို့ ဆိုပါတယ်။

Ref: Google, Game Rant

Did you find apk for android? You can find new Free Android Games and apps.
Loading