IT

iPhone X နဲ့ iPhone SE ထုတ်လုပ်မှုကို Apple ရပ်ဆိုင်း

Want create site? Find Free WordPress Themes and plugins.

Apple ဟာ မနေ့ညက Gather Round ပွဲမှာ iPhone XS ၊ iPhone XS Max နဲ့ iPhone XR မော်ဒယ်အသစ် ၃ မျိုးကို မိတ်ဆက်သွားခဲ့ပါတယ်။ Apple ဟာ အရင်က iPhone မော်ဒယ်အသစ်ထွက်လာတာနဲ့ အရင်နှစ် မော်ဒယ်ကို ဈေးတော်တော် လျော့ပေးလိုက်တာမျိုး လုပ်လေ့ရှိပေမယ့်၊ ယခုနှစ်မှာတော့ ထူးထူးခြားခြား မနှစ်ကတင် ထုတ်ထားတဲ့ iPhone X ကို ထုတ်လုပ်မှု လုံးဝ ရပ်ဆိုင်းပစ်လိုက်ပါတယ်။

Apple အနေနဲ့ iPhone X ကို ယခင်ဈေးထက် အနည်းငယ်လျော့ရောင်းပြီး ဝင်ငွေရှာနိုင်သေးပေမယ့် iPhone X မှာ အသုံးပြုထားတဲ့ တန်ဖိုးကြီး ကုန်ကြမ်းပစ္စည်းတွေဟာ ဈေးကျဦးမှာ မဟုတ်တာကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်းပစ်လိုက်တာ ဖြစ်ပါတယ်။ iPhone X ကို ဈေးလျော့ရောင်းမယ့်အစား ဒီဇိုင်း၊ Display နဲ့ ကင်မရာတို့မှာ ကုန်ကျစရိတ် လျှော့သုံးထားတဲ့ iPhone XR မော်ဒယ်ကိုပဲ မိတ်ဆက်လိုက်တာက ကုမ္ပဏီ အတွက် ပိုကိုက်မှာပါ။

iPhone X နဲ့အတူ ထုတ်လုပ်မှုရပ်ဆိုင်းလိုက်တဲ့ နောက်ထပ် iPhone မော်ဒယ်တွေကတော့ iPhone 6s နဲ့ iPhone SE တို့ ဖြစ်ပါတယ်။ iPhone SE ဆိုရင်လည်း လွန်ခဲ့တဲ့ ၂ နှစ်မှ မိတ်ဆက်ထားတဲ့ မော်ဒယ်ဖြစ်ပြီး ဒေါ်လာ ၃၅၀ ထဲနဲ့ ရောင်းချခဲ့တာကြောင့် လူကြိုက်များခဲ့တဲ့ မော်ဒယ်တခု ဖြစ်ပါတယ်။ ဒါ့အပြင် iPhone 6s နဲ့ SE တို့ဟာ 3.5mm နားကြပ်ပေါက် ပါဝင်တဲ့ နောက်ဆုံံး iPhone တွေ ဖြစ်တာကြောင့် လက်ရှိ iPhone စီးရီးမှာ နားကြပ်ပေါက်ပါတဲ့ မော်ဒယ် လုံးဝ မရှိတော့ဘူးလို့ ဆိုနိုင်ပါတယ်။

ဝမ်းသာစရာ သတင်းတခုကတော့ Apple ဟာ iPhone 7 နဲ့ iPhone 8 မော်ဒယ်အားလုံးကို ဒေါ်လာ ၁၀၀ စီ ဈေးလျှော့ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် iPhone 7 ကို ဒေါ်လာ ၄၅၀ တည်းနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပြီး iPhone 8 ကိုတော့ ဒေါ်လာ ၆၀၀ တည်းနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Ref: GSM Arena, Business Insider

ဆက်စပ် ဖတ်ရှုရန်

 

Did you find apk for android? You can find new Free Android Games and apps.
Loading