Apple ရဲ့ နောက်ဆုံး mobile operating system အသစ်ဖြစ်တဲ့ iOS 12 ကတော့ ယနေ့တရားဝင် ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ Beta စမ်းသပ်မှုမှာ ၃ လ ကြာမြင့်ခဲ့ပြီးနောက်၊ ယနေ့မှာ iOS 12 ရမယ့် iPhone နဲ့ iPad မော်ဒယ်တိုင်း အတွက် ထွက်ရှိလာတာ ဖြစ်ပါတယ်။
iOS 12 ရရှိမယ့် iPhone ၊ iPad နဲ့ iPod Touch စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
iPhone X
iPhone 8 and 8 Plus
iPhone 7 and 7 Plus
iPhone 6S and 6S Plus
iPhone SE
iPhone 6 and 6 Plus
iPhone 5S
iPad Pro (9.7-inch, 10.5-inch, and both generations of 12.9-inch)
iPad (2018)
iPad (fifth-gen)
iPad Air and iPad Air 2
iPad mini 2, 3, and 4
iPod Touch (sixth-gen)
iOS 12 တင်ချင်တယ်ဆိုရင် မိမိ iPad ဒါမှမဟုတ် iPad ရဲ့ Settings app ထဲသွားရောက်ကာ၊ General ထဲက Software Update ကနေ သွားရောက် Update ပြုလုပ်နိုင်ပါတယ်။
ယခုနှစ် အစောပိုင်းတုန်းက ကျင်းပခဲ့တဲ့ WWDC ပွဲမှာ စတင်မိတ်ဆက်ခဲ့တဲ့ iOS 12 ဟာ ပိုမိုမြန်ဆန်တဲ့ iOS အသုံးပြုမှု အတွေ့အကြုံကို ပေးစွမ်းဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ OS အသစ် ဖြစ်ပါတယ်။ အထူးသဖြင့် အချိန်ကြာလာတာနဲ့အမျှ နှေးကွေးမှုတွေ ရှိလာတဲ့ Device အဟောင်းတွေကို ပိုမိုမြန်ဆန်စေဖို့ ရည်ရွယ်ထားတာပါ။
ဒါ့အပြင် iOS 12 မှာ ဖုန်းနဲ့ Tablet အသုံးပြုမှု ပုံစံကို အသုံးပြုသူကိုယ်တိုင် စီမံထိန်းချုပ်နိုင်ဖို့အတွက် Screen Time ၊ App အလိုက် တစုတစည်းတည်းပြသမယ့် Notification ပုံစံအသစ် စတဲ့ Features အသစ်တွေလည်း အများအပြား ပါဝင်လာပါတယ်။
Apple ရဲ့ အဆိုအရ iOS 12 ဟာ အရင် iOS 11 ထက်စာရင် App ဖွင့်နှုန်း ၂ ဆ ပိုမိုမြန်ဆန်လာမှာဖြစ်ပြီး၊ ကင်မရာ App ကို အရင်ထက် ၇၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်စွာ ဖွင့်နိုင်မယ်လို့ သိရပါတယ်။
Ref: The Verge