Xiaomi ရဲ့ Mi 8 မျိုးဆက်မှာတော့ နောက်ထပ် မိသားစုဝင်တွေ ထပ်တိုးလာပါပြီ။ Xiaomi ဟာ Mi 8 Pro ကတော့ Screen Fingerprint (စခရင်အောက် လက်ဗွေရာစနစ်) ပါဝင်တဲ့ မော်ဒယ်ဖြစ်ပြီး၊ Mi 8 Lite (Youth) ကတော့ ရိုးရိုး ကျောဘက်လက်ဗွေရာ Sensor နဲ့ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ အတွင်းမှာတော့ Mi 8 Pro ကို Mi 8 Screen Fingerprint Edition နဲ့ Mi 8 Lite ကို Mi 8 Youth ဆိုပြီး ခေါ်ဆိုသွားမှာ ဖြစ်ပါတယ်။
Mi 8 Pro ဟာ Mi 8 Explorer Edition ကိုမှ နိုင်ငံတကာ ဈေးကွက်အတွက် ပြန်ထုတ်ပေးထားတဲ့ မော်ဒယ်လို့ ယူဆနိုင်ပြီး၊ ဖိအားသိ Screen အောက်လက်ဗွေရာ ဖတ်စနစ်နဲ့ ထွက်ရှိလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် 3D Face Unlock စနစ်တော့ မပါဝင်တော့ဘဲ ရိုးရိုး IR သုံး Face Unlock စနစ်သာ ပါဝင်လာတယ်လို့ သိရပါတယ်။
Mi 8 EE လိုပဲ ကျောဘက် အကြည်ဒီဇိုင်းနဲ့ ရရှိနိုင်မှာ ဖြစ်သလို၊ အပြာရောင်နဲ့ ရွှေရောင်လည်း ထုတ်သွားမှာ ဖြစ်ပါတယ်။ Mi 8 EE မှာ 8GB RAM မော်ဒယ် တမျိုးတည်း ရှိပေမယ့်၊ Mi 8 Pro ကိုတော့ 6GB RAM နဲ့ 8GB RAM နှစ်မျိုး ထုတ်သွားမှာ ဖြစ်ပါတယ်။
တခြား အချက်အလက်တွေအနေနဲ့ Mi 8 Pro မှာ Snapdragon 845 Chipset ၊ 12MP f/1.8 + 12 MP f/2.4 ကျောကင်မရာနဲ့ 20MP ရှေ့ကင်မရာတို့ ပါဝင်မှာ ဖြစ်ပါတယ်။ 6.21-inch 1080×2248 pixels OLED Display ကို အသုံးပြုထားပါတယ်။
6GB/128GB မော်ဒယ်ကို ယူရို ၄၀၀ ခန့်နဲ့ 8GB/128GB မော်ဒယ်ကို ၄၅၀ ယူရို ဈေးနှုန်း သတ်မှတ်ထားပါတယ်။ Mi 8 Pro ကိုတော့ ယနေ့ကစ ကြိုတင်အော်ဒါ မှာယူနိုင်ပြီ ဖြစ်ပြီး၊ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ရောင်းချသွားမှာပါ။
နောက် ဖုန်းတလုံးဖြစ်တဲ့ Mi 8 Lite ကတော့ အနည်းငယ် Specs လျော့ထားတဲ့ မော်ဒယ် ဖြစ်ပါတယ်။ 6.26-inch LCD Display ၊ Snapdragon 660 Chipset ၊ 12MP + 5M ကျောကင်မရာ၊ Resolution ပိုမြင့်တဲ့ 24MP ရှေ့ကင်မရာတို့ကို အသုံးပြုထားပြီး၊ 3,350mAh ဘက်ထရီနဲ့ ဖြစ်ပါတယ်။
Mi 8 Pro နဲ့ မတူတာကတော့ Mi 8 Lite မှာ ကျောဘက်လက်ဗွေရာဆန်ဆာကိုပဲ အသုံးပြုထားပြီး၊ အပြာနဲ့ ခရမ်းပြေးအရောင်နဲ့ လိမ္မော်နဲ့ အဝါပြေး အရောင်ဆိုပြီး Gradient ကာလာ ၂ မျိုး ထုတ်သွားမှာပါ။
Mi 8 Lite ဈေးနှုန်းကတော့ 4GB/64GB မော်ဒယ်ကို ၁၇၅ ယူရို ၊ 6GB/64GB မော်ဒယ်ကို ၂၁၀ ယူရို နဲ့ 6GB/128GB မော်ဒယ်ကို ၂၅၀ ယူရို အသီးသီးနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ သူ့ကိုတော့ စက်တင်ဘာလ ၂၅ ရက်နေ့ကျမှ စတင်ဝယ်ယူနိုင်မှာပါ။
Ref: GSM Arena