IT

မျက်နှာပြင်အောက်လက်ဗွေရာဆန်ဆာ ပါဝင်တဲ့ Meizu 16X ကို မိတ်ဆက်

Want create site? Find Free WordPress Themes and plugins.

Meizu ပရိတ်သတ်တွေ စောင့်မျှော်နေတဲ့ Meizu 16X ဖုန်းကတော့ တရားဝင်ထွက်ရှိလာပါပြီ။ မနေ့က တရုတ်နိုင်ငံမှာ မိတ်ဆက်သွားခဲ့တာဖြစ်ပြီး၊ Meizu 16X အပြင် Meizu X8 ဖုန်းကိုပါ တခါတည်း မိတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။

Meizu 16X နဲ့ Meizu X8 ဖုန်းနှစ်မျိုးလုံးမှာ Snapdragon 710 Chipset ကို အသုံးပြုထားပြီး၊ 6GB RAM ပါဝင်တာ၊ ဒေါင်လိုက်ကျောကင်မရာနှစ်လုံး၊ 20-megapixel selfie ကင်မရာနဲ့Android 8.1 Oreo စနစ်အခြေခံ Flyme OS တို့ ပါဝင်တာခြင်းလည်း အကုန်တူညီပါတယ်။

ကွာခြားသွားတာတွေကတော့ Meizu 16X မှာ Display အောက် လက်ဗွေရာဆန်ဆာ (In-Display Fingerprint Scanner) ကို အသုံးပြုထားပြီး၊ 8X မှာတော့ ရိုးရိုးလက်ဗွေရာဆန်ဆာကိုပဲ ဖုန်းကျောဘက်မှာ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် Meizu 16X က Notch မပါဝင်တဲ့ Display နဲ့ဖြစ်ပြီး၊ X8 မှာတော့ Display Notch ကို တွေ့မြင်ရမှာပါ။

Meizu 16X မှာ 6-inch (1080×2160 pixels) FHD+ AMOLED Display ၊ Snapdragon 710 SoC ၊ 6GB RAM တို့ ပါဝင်ပြီး၊ Storage ကိုတော့ 64GB နဲ့ 128GB ဆိုပြီး နှစ်မျိုးရွေးချယ်နိုင်မှာပါ။

ကျောဘက်ကင်မရာကတော့ f/1.8 အပါချာရှိတဲ့ 12-megapixel wide-angel lens နဲ့ f/2.6 20-megapixel telephoto lens နှစ်ခုကို အသုံးပြုထားပါတယ်။ အဓိက 12-megapixel lens မှာတော့ OIS ၊ PDAF စနစ်တွေ ပါဝင်မှာပါ။ ရှေ့ကင်မရာကတော့ f/2.0 20-megapixel ကင်မရာဖြစ်ပါတယ်။

In-Display Fingerprint Scanner ၊ mCharge အားအမြန်သွင်းစနစ်အသုံးပြုနိုင်တဲ့ 3,100mAh ဘက်ထရီတို့ ပါဝင်ပြီး၊ USB-Type C Port နဲ့ ဖြစ်ပါတယ်။

Meizu 16X စမတ်ဖုန်း

Meizu 16X 64GB မော်ဒယ်ကို ၂၀၉၈ ယွမ် ( မြန်မာငွေ ၄ သိန်း ၈ သောင်းကျော်) ရှိပြီး၊ 128GB မော်ဒယ်ကတော့ ၂၃၉၈ ယွမ် ( မြန်မာငွေ ၅ သိန်းခွဲဝန်းကျင်) ရှိမှာ ဖြစ်ပါတယ်။ အနက်၊ ရွှေရောင်နဲ့ အဖြူရောင် သုံးမျိုး ထုတ်သွားမှာဖြစ်ပြီး၊ စက်တင်ဘာလ ၂၆ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

ဈေးပိုနည်းတဲ့ Meizu X8 မှာတော့ 6.2-inch (1080×2220 pixels) FHD+ Display ကို အသုံးပြုထားပြီး၊ 4GB RAM နဲ့ 6GB RAM နှစ်မျိုးထွက်လာမှာပါ။ Dual Camera Setup နဲ့ပဲဖြစ်ပေမယ့် ကင်မရာဆန်ဆာပြောင်းသွားပြီး dual PD focus စနစ်ပါတဲ့ f/1.9 12-megapixel Lens နဲ့ 5-megapixel Lens တို့နဲ့ ဖြစ်သွားပါတယ်။

အထက်ကပြောခဲ့သလိုပဲ လက်ဗွေရာဆန်ဆာကိုတော့ ဖုန်းကျောဘက်မှာ တွေ့ရမှာပါ။ mCharge အားအမြန်သွင်းစနစ်ရတဲ့ 3,210mAh ဘက်ထရီလည်း ပါဝင်ပါတယ်။

Meizu X8 စမတ်ဖုန်း

Meizu X8 ကိုတော့ မော်ဒယ်ကွဲသုံးမျိုးထုတ်သွားမှာပါ။ 4GB RAM + 64GB Storage မော်ဒယ်က ၁၅၉၈ ယွမ် ( မြန်မာငွေ ၃ သိန်း ၇ သောင်းခန့်)၊ 6GB+64GB မော်ဒယ်က ၁၇၉၈ ယွမ် (မြန်မာငွေ ၄ သိန်းကျော်) နဲ့ 6GB+128GB မော်ဒယ်က ၁၉၉၈ ယွမ် ( မြန်မာငွေ ၄ သိန်း ၆ သောင်းခန့်) ကျသင့်မှာ ဖြစ်ပါတယ်။

အနက်၊ အပြာနဲ့ အဖြူ သုံးရောင် ရွေးချယ်နိုင်ပြီး၊ အောက်တိုဘာလ ၁၅ ရက်နေ့မှ စတင်ရောင်းချမှာဖြစ်ပါတယ်။

Ref: Gadgets NDTV, GSM Arena

Did you find apk for android? You can find new Free Android Games and apps.
Loading