Samsung Galaxy Note 9 ဟာ လက်ရှိ Android ဖုန်းတွေထဲမှာ အကောင်းဆုံးနဲ့ Feature အစုံလင်ဆုံး ဖုန်းတလုံးဆိုတာ ငြင်းစရာ မရှိပါဘူး။
ဒါပေမယ့် Galaxy Note 9 ပိုင်ရှင်တိုင်း ကျိန်းသေပေါက် ကြုံတွေ့ရမယ့် ပြဿနာတခုကတော့
Bixby ခလုတ်ပါ။ အသံ အတိုးအချဲ့ ခလုတ်နဲ့ အောက်ဘက် ကပ်လျက်နားမှာ ရှိတာကြောင့် ဗီဒီယိုကြည့်၊ သီချင်းနားထောင်တဲ့အခါမှာ အသံခလုတ်နဲ့ Bixby ခလုတ်ကို မှားနှိပ်မိတတ်ပါတယ်။
အရင် Note 8 မှာတုန်းကတော့ Bixby ခလုတ်ကို ပိတ်ထားလို့ရတဲ့ Option ထည့်ထားပေးပေမယ့်၊ Note 9 မှာတော့ စိတ်မကောင်းဖွယ်ရာ ဖြုတ်ပေးထားခဲ့တာဖြစ်ပါတယ်။ Bixby ခလုတ်ကို တခြား Function တွေအတွက် သုံးလို့ မရသလို၊ ပိတ်ထားလို့ပါ မရတာကို နည်းပညာမီဒီယာတွေ အပါအဝင် အားလုံးလိုလို ဝေဖန်ခဲ့ကြပါတယ်။
ဒါပေမယ့် ဒီဝေဖန်မှုတွေကို Samsung ဘက်က အရေးတယူ နားထောင်ပေးတယ်ဆိုတာကို သက်သေပြ လိုက်ပါပြီ။ အခုနောက်ဆုံး (စက်တင်ဘာလ ၂၀ ရက်နေ့) က ထွက်ရှိလာတဲ့ Bixby update မှာ Bixby ခလုတ်ကို မှားနှိပ်မိရခက်အောင် လုပ်ပေးလိုက်ပါတယ်။ ပိတ်လို့ ရအောင် လုပ်ပေးလိုက်တာ၊ မှားနှိပ်မိတော့အောင် လုပ်ပေးလိုက်တာတော့ မဟုတ်ဘဲ ခလုတ်ကို မှားနှိပ်မိရင်တောင် Bixby ပွင့်မလာအောင် လုပ်ပေးလိုက်တာပါ။
အခု အသစ်ပါလာတဲ့ Bixby settings မှာ Bixby ခလုတ်ကို တချက် ဒါမှမဟုတ် နှစ်ချက်နှိပ်မှ Bixby ပွင့်လာမလားဆိုတာကို ရွေးထားနိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် တချက်လောက် မှားနှိပ်မိရုံနဲ့ Bixby ဆီရောက် သွားမှာမဟုတ်ဘဲ ကြည့်နေတဲ့ဗီဒီယိုကို အနှောင့်အယှက်မရှိ ဆက်ကြည့်နိုင်တော့မှာပါ။
Bixby ကို Update လုပ်ချင်တယ်ဆိုရင်တော့ Bixby ကို ခေါ်၊ ပြီးရင် ညာဘက် အပေါ်ထောင့်က အစက် ၃ စက်ကို နှိပ်ပြီး၊ Setting>About Bixby မှာ “Update” ပြုလုပ်နိုင်ပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
Samsung Galaxy Note 9 တွင် Bixby ခလုတ်ကို ပိတ်နိုင်မည်မဟုတ်
Samsung Galaxy Note 9 ဖုန်းမှာ ဘယ်လို ထူးခြားမှုတွေ ပါဝင်လာမလဲ
Samsung Galaxy Note 9 ကို သွယ်ဝိုက်တိုက်ခိုက်လိုက်တဲ့ Huawei
Galaxy Note 9 ဖုန်း မီးစွဲလောင်မှုကြောင့် Samsung ကို တရားစွဲဆို
Ref: Android Authority