IT

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတွေကို Facebook ကူညီတော့မည် မဟုတ်

Want create site? Find Free WordPress Themes and plugins.

နိုင်ငံရေးကမ့်ပိန်းတွေကနေ ရှေ့လျောက် ခပ်ကင်းကင်းနေဖို့ Facebook က ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ Facebook ဟာ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတွေကို ဝန်ထမ်းလွှတ်ပြီး လာရောက် ကူညီပေးတော့မှာ မဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့တယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။

လက်ရှိ အမေရိကန်သမ္မတ Donald Trump ရဲ့ ၂၀၁၆ ခုနှစ် မဲဆွယ်စည်းရုံးရေး အစီအစဉ်တွေ တုန်းက Facebook ကနေ ဝန်ထမ်းတွေ စေလွှတ်၊ အကူအညီပေးခဲ့ပေမယ့် ယခုကစပြီး ဒီလို လုပ်ပေးတော့မှာ မဟုတ်ပါဘူး။

Facebook နည်းတူ Twitter နဲ့ Google တို့ကလည်း ရွေးကောက်ပွဲကာလအတွင်း ငွေသုံးအများဆုံး ကြော်ငြာရှင်တွေ ဖြစ်တဲ့ ရွေးချယ်ခံကိုယ်စားလှယ်လောင်းတွေရဲ့ ရုံးခန်းတွေအထိ ဝန်ထမ်းတွေ စေလွှတ်ပြီး ကူညီပေးခဲ့ပါတယ်။

ရွေးချယ်ခံကိုယ်စားလှယ်လောင်းတွေအနေနဲ့ သက်ဆိုင်ရာ ကြော်ငြာပလက်ဖောင်းမှာ အောင်မြင်စွာ ကြော်ငြာနိုင်ဖို့ အတွက် လိုအပ်တဲ့ နည်းစနစ်ပိုင်းဆိုင်ရာအကူအညီတွေ လာရောက် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

Facebook က လွှတ်ပေးတဲ့ ဝန်ထမ်းတွေဟာ နိုင်ငံရေးသမားတွေရဲ့ ဝန်ထမ်းတွေကို Facebook ကြော်ငြာပလက်ဖောင်း အသုံးပြုနည်း ပြန်သင်ကြားပေးခဲ့သလို၊ မဲဆန္ဒရှင်ပြည်သူတွေရဲ့ အာရုံကို ဖမ်းစားနိုင်အောင် ဘယ်လိုစာသား ရေးရမလဲ ဆိုတာပါ သင်ကြားပေးခဲ့ကြတယ်လို့ သိရပါတယ်။

သမ္မတ Donald Trump ရဲ့ ဒီဂျစ်တယ်မီဒီယာဒါရိုက်တာဖြစ်သူ Brad Parscale ကိုယ်တိုင်က Trump အနိုင်ရရှိမှုမှာ Facebook ရဲ့ လာရောက် ကူညီပေးမှုကလည်း အဓိကကျခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူပါတယ်။ Facebook ကတော့ Hillary Clinton ကိုလည်း ကူညီပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် သူမရဲ့ မဲဆွယ်စည်းရုံးရေးအစီအစဉ်က လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။

သမ္မတ Trump ရဲ့ မဲဆွယ်စည်းရုံးရေး ဒီဂျစ်တယ်ကမ့်ပိန်းတွေကို တာဝန်ယူလုပ်ပေးခဲ့သူ Cambridge Analytic ကုမ္ပဏီနဲ့ Facebook တို့အကြား ဒေတာအရှုပ်တော်ပုံ ပေါ်ထွက် လာပြီးနောက်၊ Facebook အနေနဲ့ ဝေဖန်မှုတွေ အမြောက်အများရင်ဆိုင်ခဲ့ရတာကြောင့် ရှေ့လျောက် နိုင်ငံရေး ကမ့်ပိန်းတွေကို လာရောက်ကူညီပေးတော့မှာ မဟုတ်ကြောင်း ကြေညာခဲ့တာပါ။

ဒါပေမယ့် နိုင်ငံရေးကမ့်ပိန်းတွေကို ကြော်ငြာခွင့် အပြီးတိုင် ပိတ်သိမ်းလိုက်တာတော့ မဟုတ်ပါဘူး။ Facebook Politics portal ကနေပဲ နိုင်ငံရေးအဖွဲ့အစည်းတွေ လိုအပ်မယ့် သတင်း အချက်အလက်တွေကို ပေးအပ်သွားမှာပါ။ ဒါပေမယ့် ကြော်ငြာပလက်ဖောင်းကို မသုံးတတ်ရင်တော့ ကုမ္ပဏီကို တိုက်ရိုက်ဆက်သွယ်ပြီး အခြေခံသင်ကြားချက်တွေကို ရယူနိုင်တယ်လို့ ဆိုပါတယ်။

Facebook ရဲ့ ကြော်ငြာရှင်အားလုံးနည်းတူ ကြော်ငြာတွေ ခွင့်ပြုချက်ရဖို့ လိုအပ်တဲ့ အကူအညီတွေကိုလည်း တောင်းခံနိုင်မှာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading