IT

Selfie ကြောင့် သေဆုံးမှု များလာတဲ့အတွက် ‘Selfie မရိုက်ရ ဇုန်များ’ သတ်မှတ်ရန် တောင်းဆို

Want create site? Find Free WordPress Themes and plugins.

Selfie ရိုက်ဖို့ ကြိုးစားရင်း သေဆုံးရတဲ့ ဖြစ်စဉ်များ အလျင်အမြန်တိုးပွားလာသည့်အတွက် ကမ္ဘာလည့်ခရီးသည် လည်ပတ်မှုရှိတဲ့ နေရာဒေသတွေမှာ ‘No-selfie zones’ တွေ သတ်မှတ်ပေးဖို့အတွက် သုတေသနပညာရှင်တွေက တောင်းဆိုလိုက်ပါတယ်။

မနှစ်ကတင် Selfie ရိုက်ကူးရင် လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး၊ ၂၀၁၁ ခုနှစ် အောက်တိုဘာလ နဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ အတွင်းမှာဆိုရင် စုစုပေါင်း ၂၅၉ ဦးအထိ ရှိခဲ့တယ်လို့ All India Institute of Medical Sciences က သုတေသန ပညာရှင်တွေရဲ့ မှတ်တမ်းတင်လေ့လာချက်မှာ ဖော်ပြထားပါတယ်။ ယခုလေ့လာချက်ဟာ Selfie ကြောင့် သေဆုံးမှု ဖြစ်စဉ်တွေအပေါ်မှာ အကြီးမားဆုံးလေ့လာချက်တခုလည်း ဖြစ်ပါတယ်။

Selfie ကြောင့် သေဆုံးရတဲ့အထဲမှာ ရေနစ်သေဆုံးမှုက အများဆုံးဖြစ်ပြီး၊ ယာဉ်မတော်တဆမှုနဲ့ ပြုတ်ကျမှုတွေကလည်း အဖြစ်အများဆုံးထဲ ပါနေပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသားဦးရေက ၇၂.၅ ရာခိုင်နှုန်း နဲ့ အမျိုးသမီးက ၂၇.၅ ရာခိုင်နှုန်း ရှိတာကြောင့် အမျိုးသားဦးရေက ပိုမိုများပြားနေတာ တွေ့ရမှာပါ။

ဦးဆောင်လေ့လာသူတဦးဖြစ်တဲ့ Dr. Agam Bansal က Selfie ဆိုတာ မူလသဘောသဘာဝအရ အန္တရာယ်မရှိပေမယ့်၊ Selfie တွေနဲ့ တွဲလျက်ထွက်ပေါ်လာတဲ့ လူသားတွေရဲ့ အပြုအမူတွေကတော့ အန္တရာယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

“Selfie မရိုက်သင့်တဲ့ အန္တရာယ်ရှိနေရာတွေ၊ အန္တရာယ်ရှိအပြုအမူတွေအကြောင်း လူတိုင်းကို အသိပညာပေးဖို့ လိုအပ်ပါတယ်” လို့ Dr. Agam Bansal က ဆိုပါတယ်။

“ Selfie ကြောင့် သေဆုံးမှုဖြစ်စဉ်တွေကို လျော့ချနိုင်ဖို့အတွက် ‘Seflie မရိုက်ရဇုန်’ တွေကို နေရာအနှံ့အပြားမှာ ကြေညာထားရှိရပါမယ်။ Selfie မရိုက်ရနေရာများကို အထူးသဖြင့် ရေနဲ့ နီးတဲ့နေရာတွေ၊ တောင်စွယ်တောင်ထိပ်တွေ၊ အထပ်မြင့် အဆောက်အဦ တွေအပေါ်မှာ သတ်မှတ်ပေးသင့်ပါတယ်” လို့ ဆိုထားပါတယ်။

Selfie ကြောင့် သေဆုံးမှုတွေကို Dr. Bansal က ‘Selficide’ လို့ နာမည်တပ်ထားပါတယ်။

Selfie ကြောင့် သေဆုံးမှုဖြစ်စဉ်အားလုံးရဲ့ တဝက်လောက်က အသက် ၂၀ ကနေ ၂၉ နှစ်ကြား၊ လူငယ်လူရွယ်တွေ ဖြစ်ပြီး၊ ၃၆ ရာခိုင်နှုန်းလောက်က အသက် ၁၀ နှစ်ကနေ ၁၉ နှစ်အကြား ဆယ်ကျော်သက်တွေ ဖြစ်ပါတယ်။

သေဆုံးမှုအများဆုံးက အိန္ဒိယနိုင်ငံဖြစ်ပြီး၊ သူ့နောက်မှာ ရုရှား၊ USA နဲ့ ပါကစ္စတန်တို့ အသီးသီးရှိနေပါတယ်။ အိန္ဒိယနိုင်ငံ၊ ဂိုအာပြည်နယ်မှာဆို ယခုနှစ် ဇွန်လကတည်းက ‘No Selife Zones’ တွေကို တရားဝင်သတ်မှတ် ပြဌာန်းပေးပြီး ဖြစ်ပါတယ်။

Ref: Telegraph, Metro

Did you find apk for android? You can find new Free Android Games and apps.
Loading