IT

အသားအရေပိုလှနေတဲ့ Selfie ဓာတ်ပုံတွေကြောင့် iPhone Xs ဝေဖန်ခံနေရ

Want create site? Find Free WordPress Themes and plugins.

Apple ရဲ့ နောက်ဆုံးပေါ် iPhone မော်ဒယ်တွေမှာ ထူးခြားတဲ့ Effect တခုကို တွေ့နေရတယ်လို့ iPhone Xs ပိုင်ရှင် တော်တော်များများက ပြောနေကြပါတယ်။

iPhone Xs ပိုင်ရှင်တချို့က ဖုန်းရဲ့ အရှေ့ကင်မရာနဲ့ ရိုက်တဲ့ဓာတ်ပုံတွေမှာ သူတို့ရဲ့ မျက်နှာတွေဟာ သိသိသာသာ ချောမွေ့သွားတာကို သတိထားမိတယ်လို့ ဆိုကြပြီး၊ တချို့က Selfie ဓာတ်ပုံတွေဟာ FaceTune လိုမျိုး Beauty Apps တွေက ပြင်ထားတဲ့ပုံနဲ့ တူနေကြောင်း ဝေဖန်နေကြပါတယ်။

အဆိုပါ Selfie effect ကို iPhone Xs တင်မက အရှေ့ကင်မရာချင်း တူညီတဲ့ iPhone Xs Max မှာလည်း တွေ့မြင်နေရတယ်လို့ သိရပါတယ်။

Selfie ပုံတွေမှာ အသားအရေတွေ ပိုလှနေတဲ့ effect က ဘာကြောင့်လဲဆိုတာကိုတော့ ဘယ်သူမှ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Noise လျှော့ချတဲ့လုပ်ဆောင်ချက်တွေပါတဲ့ ကင်မရာစနစ် အသစ်ကြောင့် ဖြစ်တယ်လို့တော့ တော်တော်များများက ထင်ကြေးပေးနေကြပါတယ်။

 

အလင်းနည်းတဲ့အခါ ဓာတ်ပုံတွေမှာ ဗျောက်ထတာလိုမျိုး Noise တွေကို လျှော့ချဖို့အတွက် smooth ဖြစ်အောင် လုပ်ရင်း အခုလို အရုပ်နဲ့တူတဲ့ မျက်နှာ၊အသားအရေတွေ ဖြစ်သွားတာ ဖြစ်နိုင်ပါတယ်။

နာမည်ကြီး YouTube ချန်နယ် ‘Unbox Therapy’ က Youtuber Lewis Hilsenteger ကလည်း အဆိုပါ effect အကြောင်းကို ဗီဒီယိုတခုမှာ ပြောကြားခဲ့ပြီး၊ ကြွေရုပ်၊ ကော်ပတ်ရုပ်လို မျက်နှာမျိုးတွေ ဖြစ်နေတယ်လို့ ဝေဖန်ထားပါတယ်။

“ ဒါကို စသတိထားမိချင်း ဘာလို့ ဒီလိုဖြစ်နေလဲဆိုတာ ရှာကြည့်ဦးမယ်ပေါ့။ ပိတ်လို့ရမယ့် အလိုအလျောက်စနစ်တခုပဲ ဖြစ်မယ်လို့ ထင်ထားခဲ့တာ” ဆိုပြီး Hilsenteger က ရှင်းပြပါတယ်။

“ Beauty modes ပါတဲ့ Samsung, Huawei နဲ့ တခြားဖုန်းတွေလိုပဲ Menus ထဲမှာ လျှောက်ထားပြီး၊ ဒီ effect ကို ပိတ်တဲ့အထိ ဆွဲချလို့ ရမယ်ထင်ထားတာ။ ဒါပေမယ့် ဘာ Beauty Mode မှ မတွေ့ရပါဘူး။ Apple ကလည်း ဒီလို Beauty Mode တွေ ဘာတွေ ထည့်ဖူးတာ မဟုတ်ပါဘူး” လို့ သူက ဆိုပါတယ်။

ဒါကြောင့် iPhone Xs နဲ့ Xs Max တို့ရဲ့ Selfie ဓာတ်ပုံတွေမှာ Beauty Mode ဆန်ဆန် ဓာတ်ပုံတွေ ဖြစ်နေတာဟာ Noise လျော့ချတဲ့ လုပ်ဆောင်ချက်တွေရဲ့ ရလဒ်ပဲ ဖြစ်နိုင်ချေများပါတယ်။

ဒါပေမယ့်လည်း Noise လျော့ချတဲ့ လုပ်ဆောင်ချက်ဟာ ပုံမှန်အားဖြင့် အလင်းနည်းတဲ့အချိန်တွေမှာပဲ အလုပ်လုပ်ဖို့ ပရိုဂရမ်ပေးထားတဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး၊ ပုံမှန်အလင်းရောင်ရတဲ့ အချိန်မှာဆို အသေးစိတ်ကြည်လင်ပြတ်သားမှု လျော့ကျသွားနိုင်တဲ့အတွက် အလုပ်လုပ်မှာမဟုတ်ပါဘူး။

တချို့ User တွေကတော့ အလင်းများတဲ့ အချိန်မှာလည်း ယခု effect ရှိနေသေးတယ်ဆိုတာ သက်သေပြခဲ့ကြပါတယ်။

Business Insider ကလည်း iPhone Xs ရဲ့ Selfie ကင်မရာမှာ အခုလို အသားအရေချောမွေ့အောင် လုပ်ပေးတဲ့ effect သိသိသာသာရှိနေတယ်ဆိုတာကို အရင်မော်ဒယ် iPhone X နဲ့ ရိုက်ထားတဲ့ပုံတွေနဲ့ ဘေးချင်းယှဉ်လျက် ဖော်ပြထားပါတယ်။

ယခုဖြစ်ရပ်နဲ့ ပတ်သတ်ပြီး မီဒီယာတော်တော်များများက Apple ကို ဆက်သွယ်မေးမြန်းထားပေမယ့်၊ အကြောင်းပြန်ကြားခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

Ref: DailyMail, Business Insider

Did you find apk for android? You can find new Free Android Games and apps.
Loading