IT

Samsung ရဲ့ ပထမဆုံး 8K TV ကို ဒေါ်လာ ၁ သောင်းခွဲနဲ့ မှာယူနိုင်ပြီ

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့ သြဂုတ်လတုန်းက မိတ်ဆက်ခဲ့တဲ့ Samsung ရဲ့ ပထမဆုံး QLED 8K TV ကို ယနေ့ ကြိုတင် အော်ဒါ မှာယူနိုင်ပြီလို့ သိရပါတယ်။

၈၅ လက်မ Q900R Smart TV ကို ဒေါ်လာ ၁ သောင်းခွဲဈေးနဲ့ မှာယူရမှာ ဖြစ်ကာ၊ အောက်တိုဘာလ ၂၈ ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ၆၅ လက်မ၊ ၇၅ လက်မနဲ့ ၈၂ လက်မ မော်ဒယ်တွေကိုတော့ ဘယ်နေ့ဝယ်နိုင်မလဲဆိုတာ မသိရသေးပါဘူး။

TV မှာ ပါဝင်တဲ့ “8K AI Upscaling” လုပ်ဆောင်ချက်ဟာ Quantum Processor 8K ကို အသုံးပြုပြီး၊ လက်ရှိ ဗီဒီယိုတွေကို အသေးစိတ် ပိုမိုကြည်လင်ပြတ်သားတဲ့ ရင်သပ်ရှုမောစရာ 8K မြင်ကွင်းအဖြစ် ပြောင်းလဲပေးမှာ ဖြစ်တယ်လို့ ကုမ္ပဏီက ပြောကြားထားပါတယ်။

လောလောဆယ်မှာ 8K ဗီဒီယိုဆိုတာ လုံးဝ မရှိသေးတဲ့အတွက် Samsung ကတော့ 4K ကို 8K အဖြစ် ပိုမိုကြည့်ကောင်း အောင် Upscaling လုပ်ပေးမှာပါ။ Brighness အမြင့်ဆုံး 4,000nits အထိ ရှိကာ HDR10+ format အသစ်ကိုပါ ပေးစွမ်းနိုင်မယ့် TV တလုံး ဖြစ်ပါတယ်။

တခြား Samsung QLED TV တွေလိုပဲ Q900R မှာ ဖုန်းအနောက်က နောက်ခံနံရံ၊ မြင်ကွင်းကို ဓာတ်ပုံရိုက်ယူပြီး၊ တီဗီ Display ပေါ်မှာ Wallpaper တင်ထားလို့ရတဲ့ Ambient Mode လည်း ပါရှိပါတယ်။ တီဗီက နောက်ခံမြင်ကွင်းနဲ့ ရောစပ် နေမယ့် ပုံစံမျိုး ပေးစွမ်းနိုင်မှာပါ။ ဒါ့အပြင် SmartThings ချိတ်ဆက် Gadgets တွေရဲ့ အချက်အလက် တွေကိုလည်း ဒီတီဗီမှာ ကြည့်နိုင်မှာ ဖြစ်ပါတယ်။

လက်ရှိ Samsung 4K QLED စမတ် TV တွေဟာ ဒေါ်လာ ၁၆၀၀ ကနေ ၅၃၀၀ ကြားပဲ ရှိပေမယ့်၊ 8K TV ကတော့ ဒေါ်လာ ၁၅၀၀၀ လောက် ကျသင့်မှာပါ။ ဒါပေမယ့် 8K TV လိုချင်သူတွေ အတွက် ၁ လကို ၄၁၅ ဒဿမ ၇၀ ဒေါ်လာနှုန်းနဲ့ ၃၆ လအထိ အရစ်ကျပေးချေနိုင်မယ့် ငွေပေးချေမှု စနစ်ကိုလည်း Samsung က ကမ်းလှမ်းထားပါတယ်။

Ref: The Verge

Did you find apk for android? You can find new Free Android Games and apps.
Loading