HMD Global ကနေ Nokia စမတ်ဖုန်း မော်ဒယ်သစ် တမျိုးကို မိတ်ဆက်လိုက်ပါတယ်။ Nokia 7.1 လို့ နာမည် ပေးထားပြီး၊ သေသပ်လှပတဲ့ ဒီဇိုင်း၊ သင့်တင့်တဲ့ ဈေးနှုန်းတို့နဲ့ ထွက်ရှိလာတာပါ။
Notch ပါဝင်တဲ့ ၅.၈၄ လက်မ Display နဲ့ဖြစ်ပြီး၊ “PureDisplay Screen နည်းပညာ” ပါဝင်တဲ့ ပထမဆုံး Nokia ဖုန်း ဖြစ်ပါတယ်။ HDR 10 အရည်အသွေးအထိ ဖော်ပြနိုင်တဲ့ Display ဖြစ်ပြီး၊ SDR ဗီဒီယိုတွေကိုလည်း HDR ဗီဒီယိုအဖြစ် ပြောင်းလဲ ပြသနိုင်မယ်လို့ ဆိုပါတယ်။
Nokia 7.1 ကို ဈေးနှုန်း ၃၄၉ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပြီး၊ Amazon ၊ Best Buy နဲ့ B&H တို့ကနေ မနက်ဖြန်မှ စတင်ကာ ကြိုတင်မှာယူနိုင်ပါပြီ။ U.S မှာတော့ ယခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့မှာ ရောင်းချသွားမှာဖြစ်ပါတယ်။
Specifications အနေနဲ့ Nokia 7.1 မှာ Qualcomm Snapdragon 636 Chipset ၊ 3GB ဒါမှမဟုတ် 4GB RAM ၊ 32 GB ဒါမှမဟုတ် 64 GB Internal Storage မော်ဒယ် ၂ မျိုး ထုတ်သွားမှာ ဖြစ်ပါတယ်။ 8MP ၊ f/2.0 ရှေ့ကင်မရာကနေ AI သုံး Face Unlock စနစ် အသုံးပြုနိုင်မှာပါ။ ကျောကင်မရာကတော့ 12MP f/1.8 ကင်မရာနဲ့ 5MP Black and White ကင်မရာအတွဲ ဖြစ်ပါတယ်။
ကျောကင်မရာက နာမည်ကျော် Zeiss lens တွေနဲ့ ဖြစ်ပြီး၊ Nokia ရဲ့ အထင်ကရ Feature တခုဖြစ်တဲ့ “bothie” mode တို့ ရိုက်ကူးနိုင်မှာပါ။ Bothie mode ဆိုတာကတော့ ရှေ့ကင်မရာကော၊ နောက်ကင်မရာကော တပြိုင်တည်း အသုံးချပြီး၊ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်နိုင်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။
Nokia 7.1 ကို 3,060mAh ဘက်ထရီနဲ့ ထုတ်လုပ်ထားပြီး၊ USB-C Port ကနေ အားအမြန်သွင်းစနစ် အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ Nokia ရဲ့ အဆိုအရတော့ မိနစ် ၃၀ အတွင်းမှာ ၅၀ ရာခိုင်နှုန်း အားဝင်မယ်လို့ သိရပါတယ်။
Android 8.1 Oreo စနစ်နဲ့ ဖြစ်ပြီး၊ Android One အစီအစဉ်ထဲပါတဲ့ ဖုန်းတလုံး ဖြစ်တာကြောင့် Android 9.0 Pie Update ကို မကြာမီ နိုဝင်ဘာလ အတွင်းမှာတင် ရရှိမယ့် ဖုန်းဖြစ်ပါတယ်။ ၂ နှစ် ဆက်တိုက် Major Updates တွေနဲ့ ၃ နှစ်ဆက်တိုက် လစဉ်လုံခြုံရေးဆိုင်ရာ Patches တွေလည်း ရရှိဦးမှာ ဖြစ်ပါတယ်။ “Gloss Midnight Blue” နဲ့ “Gloss Steel” ဆိုပြီး ကာလာ ၂ မျိုးပဲ ထုတ်လုပ်သွားဖို့ ရှိပါတယ်။
Ref: GSM Arena, The Verge