IT

Digital Assistant နဲ့ AR Display ပါဝင်တဲ့ "စမတ်ဆိုင်ကယ်ဦးထုပ်များ" မိတ်ဆက်

Want create site? Find Free WordPress Themes and plugins.

စမတ်ဆိုင်ကယ်ဦးထုပ်တွေဟာ ဆန်းသစ်၊ အသုံးဝင်တဲ့ အိုင်ဒီယာတမျိုး ဖြစ်ပေမယ့်၊ ယခုအချိန်ထိ ကောင်းကောင်း အလုပ်မဖြစ်သေးတဲ့ နည်းပညာလို့ ဆိုရမှာပါ။ ဒါပေမယ့် ဒီနည်းပညာကို အကောင်အထည်ဖော် ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေ ရှိနေပါပြီ။

စမတ်ဆိုင်ကယ်ဦးထုပ် တမျိုးကို နောက်ဆုံးမိတ်ဆက်လာတဲ့ ကုမ္ပဏီတခုကတော့ Jarvish ဆိုတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ “Jarvish X” နဲ့ “Jarvish X-AR” ဆိုတဲ့ စမတ်မော်တော်ဆိုင်ကယ်ဦးထုပ် ၂ မျိုးကို စတင် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ Jarvish X က အဆိုပါ မော်ဒယ် ၂ ခုထဲက အရိုးရှင်းဆုံး Basic မော်ဒယ်တခု ဖြစ်ပါတယ်။

လူသုံး အများဆုံး Digital Assistant တွေဖြစ်တဲ့ Siri ၊ Google Assistant နဲ့ Alexa တို့ကို အသံနဲ့ ထိန်းချုပ် အသုံးပြုနိုင်ဖို့အတွက် မိုက်ခရိုဖုန်းတွေ တပါတည်း ပါဝင်လာပါတယ်။ ဆိုင်ကယ် စီးနေရင်း ဖုန်းက သီချင်းဖွင့်ထားတာကို အသံနဲ့ ထိန်းချုပ်နိုင်မယ့်အပြင် ရာသီဥတု အခြေအနေ၊ မြေပုံလမ်းကြောင်းတို့ကိုပါ အသံနဲ့ မေးမြန်း သိရှိနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆိုင်ကယ်ဦးထုပ်ရှေ့မှာ 2K ရှေ့ကင်မရာတလုံး ပါဝင်တာကြောင့် GoPro ကင်မရာ တလုံးသပ်သပ် ထပ်တပ်စရာမလိုဘဲ ဆိုင်ကယ်စီးနေတာကို ဗီဒီယိုရိုက်၊ မှတ်တမ်း တင်ထားနိုင်မှာ ဖြစ်ပါတယ်။ Jarvish X ဦးထုပ်ကို ၇၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပြီး လာမယ့်နှစ် ဇန်နဝါရီလ အတွင်း Kickstarter ပရောဂျက် စမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပိုမို အဆင့်မြင့်တဲ့ Jarvish X-AR ဦးထုပ်မှာတော့ အထက်ပါ လုပ်ဆောင်ချက်တွေ အားလုံးအပြင် Google Glass ပုံစံ Augmented Reality Display တခုပါ အပို ပါဝင်လာမှာ ဖြစ်ပါတယ်။

ဆိုင်ကယ်ဦးထုပ်ရဲ့ အတင်၊ အချ ပြု လုပ်နိုင်တဲ့ AR HUD Display မှာ လက်ရှိအမြန်နှုန်း၊ အကွေ့ တခုချင်းအလိုက် လမ်းညွှန်ချက်၊ ရာသီဥတု အခြေအနေ၊ ဖုန်းအဝင် Call တို့ကို ကြည့်နိုင်မှာပါ။

2K အရှေ့ကင်မရာအပြင် ဦးထုပ်နောက်မှာ နောက်ထပ်ကျော ကင်မရာတလုံး ပါဝင်လာမှာ ဖြစ်တာကြောင့် ဆိုင်ကယ်နောက်ဘက် မြင်ကွင်းကိုပါ ဦးထုပ်ကနေ ကြည့်နေနိုင်မှာလည်း ဖြစ်ပါတယ်။ Jarvish X-AR ဦးထုပ်ကိုတော့ ၂,၅၉၉ ဒေါ်လာအထိ ပေးရဖို့ ရှိပြီး၊ Kickstarter ပရောဂျက်ကို ၂၀၁၉ ဒုတိယ နှစ်ဝက်လောက်မှ စတင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဘက်ထရီ ပါဝင်တဲ့ အဆိုပါ ဦးထုပ် ၂ မျိုးလုံးကို အလေးချိန်ပေ့ါပါးဖို့အတွက် ကာဗွန်ဖိုင်ဘာနဲ့ ပြုလုပ်ထားပြီး၊ X ဦးထုပ်က ဘက်ထရီ ၆ နာရီလောက် အသုံးပြုနိုင်မှာဖြစ်ကာ၊ X-AR ကတော့ ဘက်ထရီ ၄ နာရီလောက် အသုံးခံတယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

Ref: The Verge, Engadget

Did you find apk for android? You can find new Free Android Games and apps.
Loading