Microsoft ဟာ ပြီးခဲ့တဲ့အပတ်က ကျင်းပပြုလုပ်သွားခဲ့တဲ့ Surface ပွဲမှာ Hardware အသစ်တွေနဲ့ အတူ ဆဋ္ဌမမြောက် အဓိက Windows OS Update ဖြစ်တဲ့ October 2018 Update ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။
Microsoft ဟာ Windows 10 October 2018 Update ကို ပွဲကျင်းပပြီးနောက်မှာ တခါတည်း Download နဲ့ Update လုပ်ခွင့်ပေးခဲ့ပါတယ်။ User အားလုံး အတွက်ကိုတော့ အောက်တိုဘာလ ၉ ရက်နေ့မှာ ထုတ်ပေးမယ်ဆိုပြီး ကြေညာခဲ့တာပါ။ ဒါပေမယ့် အခုတော့ ပြဿနာအမျိုးမျိုးကြောင့် Windows 10 October Update ထုတ်ပေးမှုကို ရပ်ဆိုင်းလိုက်ဖို့ Microsoft က ဆုံးဖြတ်ချက် ချလိုက်ပါပြီ။
Windows 10 October Update ကို အစောဆုံး လုပ်ခဲ့ကြသူတချို့က Update လုပ်ပြီးမှာ User ဖိုင်တွေ ပျောက်သွားကြောင်း တိုင်ကြားခဲ့ကြတာကြောင့် Update ရပ်လိုက်တာလို့ Microsoft က ဆိုပါတယ်။
“Update လုပ်ပြီးနောက်မှာ တချို့ဖိုင်တွေ ပျောက်သွားတယ်ဆိုတဲ့ အသုံးပြုတချို့ရဲ့ Report တွေ စုံစမ်းစစ်ဆေးနေတာကြောင့် Windows 10 October 2018 Update (version 1809) ထုတ်ပေးမှုကို User အားလုံးအတွက် ရပ်ထားပါတယ်” လို့ Microsoft က ဆိုပါတယ်။
ဖိုင်ပျောက်သွားတဲ့ User တွေအနေနဲ့ Microsoft ကုမ္ပဏီကို တိုက်ရိုက် ဆက်သွယ်ဖို့ အကြံပေးထားပြီး၊ October update ကို မိမိဘာသာ Download ပြုလုပ်ထားသူတွေအနေနဲ့ “လုံးဝ Install မလုပ်ဖို့နဲ့ နောက်ထပ် Update အသစ်ကို စောင့်ဆိုင်းဖို့” သတိပေးထားပါတယ်။
Windows 10 October Update မှာ ဖိုင်ပျောက်တဲ့ ပြဿနာအပြင်၊ Edge browser အပါအဝင် တချို့ Store Apps တွေကနေ အင်တာနက်ချိတ် မရတော့တာမျိုးတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
Windows 10 User ဘယ်လောက်များများမှာ အခုလိုပြဿနာတွေ ဖြစ်နေလဲဆိုတာ အတိအကျ မသိရပါဘူး။ ဒါပေမယ့် တော်တော်အံ့သြဖို့ ကောင်းတဲ့ ပြဿနာလို့တော့ ဆိုရမှာပါ။ ဘာလို့လဲ ဆိုတော့ October 2018 Update ကို တရားဝင် မထုတ်ပေးခင်ကတည်းက Windows Insider Program ကနေ ကြိုတင် စမ်းသပ် အသုံးပြုသူ အမြောက်အများ ရှိခဲ့ပေမယ့်၊ စမ်းသပ်စဉ်အတွင်းမှာ အလားတူ ပြဿနာမျိုး မကြားခဲ့ရပါဘူး။ အခု တရားဝင် ထုတ်ပေးမှု ဖြစ်လာတဲ့ ပြဿနာလို့ ယူဆရပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
Windows 10 မှာ အားသွင်းကြိုးတပ်ထားပေမယ့် Charging မဝင်တဲ့ ပြဿနာ
Windows 10 ရဲ့ Fresh Start ကို အသုံးပြုပြီး လွယ်ကူစွာ Windows အသစ် ပြန်တင်ကြမယ်
PC အသုံးပြုနေစဉ် Updates လုပ်တာတွေ အလိုအလျောက် ပိတ်ပေးမယ့် Windows 10
ဖုန်းနဲ့ Windows 10 ကွန်ပျူတာကို ချိတ်ဆက်ပြသပေးမယ့် “Your Phone” App
Ref: The Verge