ကမ္ဘာကြီးကို ပိုမိုနီးကပ်မှုရှိအောင် လုပ်ပေးဖို့ ရည်ရွယ်ချက်နဲ့ ၂၀၀၄ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ Facebook ဟာ ၁၄ နှစ်ကျော် သက်တမ်းအတွင်းမှာ Web နဲ့ Mobile Apps တွေကို အဓိကအသုံးပြုပြီး ရည်မှန်းချက်ဆီ လျှောက်လှမ်းခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ Facebook ဟာ Software ချည်းကိုပဲ အားကိုးတော့မှာ မဟုတ်ပါဘူး။
Facebook ဟာ ယနေ့မှာ Portal နဲ့ Portal Plus လို့ အမည်ပေးထားတဲ့ Product အသစ်နှစ်မျိုးကို စတင်မိတ်ဆက် လိုက်ပါတယ်။ Facebook အမှတ်တံဆိပ်နဲ့ ထုတ်တဲ့ ပထမဆုံး Physical Hardware တွေလို့ ပြောရင်လည်း မမှားပါဘူး။ ပြီးတော့ Facebook ကိုယ်တိုင် အစ၊ အဆုံး ဒီဇိုင်းဆွဲ၊ ထုတ်လုပ်ရောင်းချမယ့် Device တွေလည်း ဖြစ်ပါတယ်။
Portal နဲ့ Portal Plus တို့ဟာ Video-chat အတွက် အဓိကထုတ်လုပ်ထားတဲ့ 12-megapixel ကင်မရာနဲ့ Artificial Intelligence ဆော့ဖ်ဝဲတို့ ပါဝင်တဲ့ Device တွေ ဖြစ်ပါတယ်။
A.I စနစ်သုံး ကင်မရာဟာ အသုံးပြုသူ သွားလာလှုပ်ရှားမှု နောက်ကို လိုက်ပါရိုက်ကူးနိုင်တာကြောင့် အရင်လို တနေရာ တည်းမှာ ကျောက်ချထိုင်ပြီး Video chat လုပ်ရတဲ့ဒုက္ခက ကင်းဝေးစေမှာဖြစ်ပါတယ်။ ၃၆၀ ပတ်လည် အသံဖမ်းယူနိုင်တဲ့ မိုက်ခရိုဖုန်းလေးခုလည်း ပါရှိပါတယ်။
ဒါ့အပြင် Amazon ရဲ့ Alexa Digital Assistant လည်း ပါဝင်တာကြောင့် အသံနဲ့တင် Device ကို ထိန်းချုပ်ပြီး၊ သီချင်း အဖွင့်၊အပိတ်၊ မိုးလေဝသအခြေအနေမေးတာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
“Hey Portal” လို့ ပြောပြီး Voice Assistant ကနေ Video Call အတွက် Facebook Messenger ၊ Video တွေကြည့်ဖို့ အတွက် Facebook Watch တို့ကို သွားနိုင်မှာဖြစ်ပါတယ်။ Facebook ကြည့်တာတော့ လုပ်ရမှ ာမဟုတ်ပါဘူး။
အင်တာနက်မှာ ရှာဖွေဖို့ အတွက် Search Tools တွေနဲ့၊ Music Streaming လုပ်ဖို့အတွက် Spotify တို့လို တခြား Third-party Apps တွေလည်း တပါတည်း ပါဝင်လာမှာပါ။ Third-part App Platform တခုကနေ Developers တွေ အနေနဲ့ Portal အတွက် တခြား Tools တွေကိုလည်း ထပ်ရေးဆွဲနိုင်မှာ ဖြစ်ပါတယ်။
Facebook ဟာ သုံးစွဲသူတွေက သူ့ကို အယုံအကြည် နည်းလာတာကိုလည်း သတိထားမိတာကြောင့် Portal နှစ်ခုလုံးမှာ ကင်မရာ ကာဗာအပြင်၊ မိုက်နဲ့ ကင်မရာ ၂ ခုလုံးကို လုံးဝ ပိတ်ပစ်နိုင်တဲ့ ခလုတ်တခုတို့လည်း ပါရှိလာတာ တွေ့ရပါတယ်။
ဒီခလုတ်ဟာ မိုက်နဲ့ ကင်မရာပိတ်ရုံတင်မကဘဲ၊ ဆားကစ်ပါ ပိတ်လိုက်တာကြောင့် Hack ဖို့ လုပ်တာတွေကိုပါ ကာကွယ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
၁၀ လက်မ Screen ပါဝင်တဲ့ Portal ကို ၁၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပြီး၊ လှည့်နိုင်တဲ့ ၁၅.၆ လက်မအရွယ် Screen နဲ့ Portal Plus ကိုတော့ ၃၄၉ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ ရိုးရိုး Portal က 720p Display ၊ စပီကာ ၂ လုံးတို့နဲ့ ဖြစ်ပါတယ်။ Portal Plus ကတော့ 1080p Display ၊ အသံပိုကျယ်တဲ့ စပီကာ ၂ လုံးတို့အပြင်၊ Subwoofer တလုံးလည်း ပါတာကြောင့် သီချင်းကောင်းကောင် းနားထောင်ချင်တဲ့လူတွေ ပိုအကြိုက်တွေ့မှာပါ။
Facebook ဟာ အခု Devices တွေကို သီးသန့် Website တခုကနေ အားလပ်ရက်အမီ ရောင်းချသွားနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ၂ လုံး ဝယ်တဲ့သူတွေအတွက် ဒေါ်လာ ၁၀၀ လျော့ပေးမယ်လို့လည်း သိရပါတယ်။
Ref: NY Times, The Verge