Google ရဲ့ အောက်တိုဘာ ၉ ရက်နေ့ ပွဲမှာ၊ Xiaomi ကလည်း Mi Box S ဆိုတဲ့ Android TV Box အသစ်တမျိုးကို မိတ်ဆက်သွားခဲ့ပါတယ်။ ရိုးရိုးတီဗီတိုင်းနီးပါးကို နောက်ဆုံးပေါ်စမတ်တီဗီအဖြစ် ပြောင်းလဲအသုံးပြုနိုင်အောင် လုပ်ပေးမယ့် တန်ဖိုးနည်း Android TV Box ပါ။
Mi Box S ကို Walmart.com ကနေ U.S မှာ ၅၉.၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပြီး၊ အောက်တိုဘာ ၉ ရက်နေ့ကစပြီး ကြိုတင်မှာယူနိုင်ပါပြီ။ ရောင်းတာကတော့ အောက်တိုဘာ ၁၉ မှာ စတင်ရောင်းချမှာပါ။ TV Box အပြင် ဘက်ထရီထည့်သုံးရတဲ့ ရီမုတ်တခုလည်း ပါရှိမှာ ဖြစ်ပါတယ်။
Google ပွဲမှာ မိတ်ဆက်သွားတဲ့အတိုင်း Xiaomi Mi Box S မှာ Google ရဲ့ ဝန်ဆောင်မှုတွေ ဖြစ်တဲ့ Google Assistant နဲ့ Chromecast လုပ်ဆောင်ချက်တွေ ပါဝင်လာတာ တွေ့ရပါတယ်။
ရီမုတ်မှာတင် အသံနဲ့ ရှာဖွေနိုင်တဲ့ ခလုတ်ပါဝင်တဲ့အတွက်၊ Google Assistant ကို အဝေးကနေ အော်ပြောနေစရာမလိုဘဲ၊ ရီမုတ်ကနေ အသံနဲ့ ခိုင်းနိုင်မှာဖြစ်ပါတယ်။ Netflix အတွက် Shortcut ခလုတ်တခုကိုလည်း ရီမုတ်မှာ ထည့်ပေးထားပါသေးတယ်။
4K HDR အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကို 60fps နဲ့ ပြနိုင်မှာဖြစ်ပြီး၊ Dolby DTS Audio လည်း ပါဝင်မှာဖြစ်ပါတယ်။ Quad-core CPU ၊ 2GB RAM နဲ့ 8GB Storage တို့ ပါရှိပြီး၊ HDMI 2.0A တပေါက်၊ Audio တပေါက်၊ USB 2.0 တပေါက်နဲ့ Bluetooth 4.2 စနစ်တို့ အသုံးပြုနိုင်မှာပါ။
တခြား Android TV တွေလိုပဲ Mi Box S မှာ Google ကနေ မနှစ်ကတုန်းက ပြသခဲ့တဲ့ Android TV အသွင်အပြင်အသစ် နဲ့ ဖြစ်ပါတယ်။ Android 8.1 Oreo စနစ်အခြေခံဖြစ်ပြီး၊ Android Pie ကိုလည်း Update လုပ်နိုင်ဖို့ ရှိပါတယ်။
Ref: 9to5Google, Android Police