IT

Dual-camera ပါဝင်တဲ့ iPhones တွေနဲ့ Facebook 3D ဓာတ်ပုံတွေ ဖန်တီးနိုင်ပြီ

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့မေလတုန်းက ကျင်းပပြုလုပ်ခဲ့တဲ့ F8 ပွဲမှာ၊ Facebook ဟာ သာမန် 2D ဓာတ်ပုံတွေကို သုံးဖက်မြင် ရုပ်လုံးကြွဓာတ်ပုံတွေအဖြစ် ပြောင်းလဲဖန်တီးနိုင်မယ့် လုပ်ဆောင်ချက်တခုကို လုပ်ဆောင်နေကြောင်း ကြေညာခဲ့ပါတယ်။

အခုတော့ အဆိုပါ 3D Photos ဖန်တီးနိုင်မယ့် လုပ်ဆောင်ချက်ကို တရားဝင်ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Facebook အသုံးပြုသူတိုင်း အသက်ဝင်နေတဲ့အလား ရုပ်လုံးကြွတဲ့ 3D ဓာတ်ပုံတွေကို မနေ့ကစပြီး News Feed မှာ မြင်တွေ့ရမှာပါ။

3D Photos တွေကို တင်ချင်တယ်ဆိုရင်တော့ လောလောဆည် ကျောကင်မရာနှစ်လုံးပါတဲ့ iPhones တွေမှာပဲ ရပါသေးတယ်။ ဒီတော့ iPhone 7+ ၊ iPhone 8+ ကနေစပြီး၊ အခုနောက်ဆုံး မိတ်ဆက်ထားတဲ့ iPhone Xs ၊ Xs Max မော်ဒယ်တွေအထိ 3D Photos တွေ ဖန်တီးနိုင်မှာဖြစ်ပါတယ်။ iPhone Xr ကတော့ ကျောကင်မရာ တလုံးတည်း ပါဝင်တဲ့အတွက် ရမှာမဟုတ်ပါဘူး။

ကျောကင်မရာနှစ်လုံးပါဝင်တဲ့ Android ဖုန်းတွေ အများအပြားရှိပေမယ့်၊ အခုလောလောဆည်တော့ iPhones တွေမှာပဲ ရဦးမှာဖြစ်တယ်လို့ Facebook က ဆိုပါတယ်။ နောက်ကျမှ တခြား Dual-camera ဖုန်းတွေအတွက် ထပ်ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

Dual-camera iPhones ပိုင်ရှင်တွေအနေနဲ့ 3D Photos တွေ တင်ချင်တယ်ဆိုရင်၊ ပထမဆုံး ဖုန်းကင်မရာက Portrait Mode နဲ့ ဓာတ်ပုံတပုံ ရိုက်လိုက်ပါ။ ပြီးရင် Facebook က ပို့စ်တင်တဲ့နေရာသွားပါ။

ညာဘက်အပေါ်ထောင့်က အစက်သုံးစက်လေးကို နှိပ်လိုက်ပြီး၊ 3D Photos ဆိုတာကို ရွေးလိုက်ပါ။ ဒီအခါ Portraits ပုံတွေ ကျလာပါလိမ့်မယ်။ ကိုယ်တင်ချင်တဲ့ တပုံကို ရွေးပေးလိုက်ပါ။ Facebook က 3D Photo အဖြစ် အလိုအလျောက်ပြောင်းလဲပေးပါလိမ့်မယ်။ ပြီးရင်တော့ Caption ရေးပြီး၊ Share နှိပ်လိုက်တာနဲ့ 3D Photo ကို မြင်တွေ့ရမှာဖြစ်ပါတယ်။

3D Photos တွေကို မည်သည့်စမတ်ဖုန်းကနေမဆို ဖုန်းကို တိမ်းစောင်းကြည့်ရှုနိုင်ပါတယ်။ 360-degree ဓာတ်ပုံတွေလိုတော့ ဘက်ပေါင်းစုံက လှည့်ကြည့်နိုင်မှာမဟုတ်ဘဲ၊ ရုပ်လုံးကြွပုံအဖြစ်သာ ကြည့်နိုင်မှာပါ။ Oculus Go နဲ့ Oculus Rift VR Headset တွေကနေလည်း 3D Photos တွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Dual-camera ဖုန်းတွေရဲ့ နောက်ခံအတိမ်အနက်ဒေတာ ရိုက်ကူးနိုင်စွမ်းကို အသုံးချပြီး၊ ဆော့ဖ်ဝဲပြင်ဆင်မှု အချို့နဲ့ 3D ဓာတ်ပုံတွေကို ဖန်တီးပေးထားတာ ဖြစ်တယ်လို့ Facebook က ရှင်းပြထားပါတယ်။

Samsung ဖုန်းတွေအပါအဝင် ဖုန်းတော်တော်များများမှာလည်း ကင်မရာ App ကိုယ်စီနဲ့ အခုလို 3D ဓာတ်ပုံတွေကို ရိုက်ကူးနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် Facebook က တင်ခွင့်မပေးသေးတဲ့အတွက် Android ဖုန်းတွေကနေ တင်လို့တော့ ရဦးမှာမဟုတ်ပါဘူး။

Ref: Engadget, Facebook

Did you find apk for android? You can find new Free Android Games and apps.
Loading