IT

မြေပုံဒေတာကို ဆန်ဆာပါ ကျောပိုးအိတ်တွေနဲ့ ခြေလျင်ကောက်ယူနေပြီဖြစ်တဲ့ Apple

Want create site? Find Free WordPress Themes and plugins.

Apple ဟာ Maps ကို ပိုမိုတိကျမှုရှိစေဖို့အတွက် မြေပုံဒေတာတွေကိုစတင် ခြေလျင်ကောက်ယူနေပြီဖြစ်ပါတယ်။ အရင်တုန်းက ဆန်ဆာတပ်ဆင်ထားတဲ့ ဗင်ကားတွေနဲ့ပဲ မြေပုံဒေတာကောက်ယူခဲ့ပေမယ့်၊ အခုတော့ Google နည်းတူ ခြေလျင်ဝန်ထမ်းတွေကိုပါ အသုံးပြုလာတာပါ။

မြေပြင်အခြေအနေ၊ အဆောက်အဦတွေကို 3D ပုံဖော်ရာမှာ အသုံးပြုတဲ့ LiDAR လေဆာဆန်ဆာတွေ၊ ကင်မရာတွေနဲ့ တခြားပစ္စည်းတွေ တပ်ဆင်ထားတဲ့ ကျောပိုးအိတ်ကြီးတွေလွယ်ကာ ဆန်ဖရန်စစ္စကိုမြို့အတွင်း လှည့်ပတ် သွားလာလျက်ရှိတဲ့ Apple ဝန်ထမ်းတွေကို Engadgetကနေ စတင်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

Google ဟာ အလားတူ ဆန်ဆာပါကျောပိုးအိတ်တွေ လွယ်ထားတဲ့ Street View Trekkers တွေကိုအသုံးပြုပြီး၊ ကားဝင်ရောက်ဖို့ ခက်ခဲတဲ့ နေရာဒေသတွေက မြေပုံအချက်အလက်တွေကိုကောက်ယူမှု ပြုလုပ်ခဲ့ တာ တော်တော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

Apple ဘက်က အခုလို မြေပုံဒေတာတွေကို ခြေလျင်ကောက်ယူခြင်းအားဖြင့် လမ်းလျှောက်သွားလာသူတွေ အတွက် ပိုမိုတိကျတဲ့ အချက်အလက်တွေကို ပေးစွမ်းနိုင်မှာဖြစ်သလို၊ ခရီးလမ်းကြောင်း တွက်ချက်ဖော်ပြမှုတွေ လည်း ပိုမိုကောင်းမွန်လာမယ်လို့ ယူဆရပါတယ်။

Apple ဟာ iOS 12 မှာလည်း Maps အတွက် လုပ်ဆောင်ချက်အသစ်တွေအပြင်၊ လမ်းကျဉ်း၊ လမ်းသွယ်တွေ၊ အဆောက်အဦပုံစံတွေ၊ ကားပါကင်တွေ၊ လူသွားလမ်းဒေတာတွေစတဲ့ အသေးစိတ်မြေပုံအချက်အလက်တွေ ထည့်ပေးပြီး၊ မြေပုံဝန်ဆောင်မှုအပိုင်းကို တော်တော်အားထည့်လုပ်လာတာ တွေ့ရပါတယ်။

ပြင်ပမြေပုံဒေတာ အချက်အလက်တွေကို အားမကိုးတော့ဘဲ Apple Maps တခုလုံးကို အဆင့်မြှင့်တင်မယ့် အစီအစဉ်ဟာ နှစ်ရှည်လများ ကြာဦးမယ့် သဘောမှာရှိပါတယ်။ Apple ကိုယ်တိုင်ကလည်း မြေပုံအဆင့်မြင့်တင်မှုတွေကို ဆန်ဖရန်စစ္စကို အတွင်းအရင်လုပ်သွားမယ်လို့ ဆိုထားတာကြောင့်၊ တခြားနိုင်ငံတွေက အသုံးပြုသူတွေအနေနဲ့တော့ သိသိ သာသာတိုးတက်မှုတွေကို မြင်တွေ့ရဦးမှာမဟုတ်သေးပါဘူး။

Ref: Engadget, Cult of Mac

Did you find apk for android? You can find new Free Android Games and apps.
Loading