E-reader အသုံးပြုသူတွေအကြားမှာ နာမည်ကောင်းရရှိထားတဲ့ Kindle Paperwhite ဗားရှင်းအသစ်ကို Amazon က ထုတ်လုပ်၊ မိတ်ဆက်လိုက်ပါတယ်။ ရေစိုခံနိုင်ပြီး၊ ပိုမိုပါးလျတဲ့ ဒီဇိုင်းနဲ့ဖြစ်ကာ ၁၂,၉၉၉ ရူပီး ( မြန်မာငွေ ၂ သိန်း ၈ သောင်းဝန်းကျင်) နဲ့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။
Kindle Paperwhite အသစ်ဟာ ရေစိုခံနိုင်စွမ်း IP68 အထိ ရရှိထားတာကြောင့်၊ ရေ အနက် ၂ မီတာမှာ မိနစ် ၆၀ အထိ စိမ်ထားနိုင်ပါတယ်။
အရင်မျိုးဆက် Kindle Paperwhite အတိုင်း Screen ခြောက်လက်မအရွယ်အစားရှိကာ၊ Display အရှေ့က အလင်းထိုးပေးတဲ့ front-lit display နဲ့ ဖြစ်ပါတယ်။ အရင် backlit Kindle တွေနဲ့ စာရင် အမှောင်ထဲမှာ စာဖတ်ရတာ ပိုမိုအဆင်ပြေ၊ ကောင်းမွန်မှု ရှိပြီး၊ အလင်း၊ အမှောင်ကွဲပြားမှု contrast လည်း ပိုမိုကောင်းမွန်လာတယ်လို့ သိရပါတယ်။
Kindle Paperwhite အသစ်ကို 8GB Wifi မော်ဒယ်နဲ့ 32 GB Wifi နဲ့ 4G မော်ဒယ်ဆိုပြီး နှစ်မျိုး ရောင်းချသွားမှာပါ။ ၁.၈ မီလီမီတာအထူနဲ့ ၁၈၂ ဂရမ်အလေးချိန်ရှိပြီး၊ အရင်မော်ဒယ်ထက် ပိုမိုပါးလျ၊ ပေါ့ပါးသွားပါတယ်။
ဖတ်ရှုမှုမှတ်တမ်းအလိုက် ကြိုက်နှစ်သက်မယ့် စာအုပ်တွေကို ဖော်ပြပေးမယ့် Home Screen အသစ်၊ စာလုံးပုံစံနဲ့ အရွယ်အစား Settings အမျိုးမျိုးကို ပရိုဖိုင်အလိုက် သိမ်းထားနိုင်စွမ်း စတဲ့ ဆော့ဖ်ဝဲပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှု တွေလည်း ယခု Paperwhite မှာ ပါဝင်လာမယ်လို့ Amazon က ဆိုပါတယ်။
Kindle Paperwhite ကြိုတင်အော်ဒါမှာယူသူတိုင်းကို Kindle Unlimited လစဉ်ကြေးအစီအစဉ် သုံးလ နဲ့ ထပ်တိုးအာမခံ သက်တမ်း ၂ နှစ် ခံစားခွင့်တွေ ပေးသွားဖို့ ရှိပါတယ်။
Ref: Gadgets NDTV