• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

Face ID ပါဝင်လာတဲ့ iPad Pro အသစ်ကို Apple မိတ်ဆက်

by Nigma
31 October 2018
in IT
A A
iPad Pro မော်ဒယ်အသစ်တွေကို အမေရိကန်ပြည်ထောင်စု၊ New York မြို့မှာ မိတ်ဆက်သွားခဲ့ပါတယ်

iPad Pro မော်ဒယ်အသစ်တွေကို အမေရိကန်ပြည်ထောင်စု၊ New York မြို့မှာ မိတ်ဆက်သွားခဲ့ပါတယ်

6.4k
VIEWS
Share on FacebookShare on Twitter

Apple ဟာ မနေ့ညက ဒီဇိုင်းလုံးဝ ပြောင်းလဲထားတဲ့ iPad Pro မော်ဒယ်အသစ်တွေကို အမေရိကန်ပြည်ထောင်စု၊ New York မြို့မှာ မိတ်ဆက်သွားခဲ့ပါတယ်။

အရင် iPad Pro ထက် အဆပေါင်းများစွာ ပိုမိုကောင်းမွန်တဲ့ Specs ၊ Face ID စနစ် ၊ USB-C Port တို့ ပါဝင်လာပြီး၊ ဘောင်တွေလည်း ပိုသေးသွားပါတယ်။ အရင်နှစ်တွေလိုပဲ ၁၁ လက်မ iPad Pro နဲ့ ၁၂ ဒဿမ ၉ လက်မ iPad Pro ဆိုပြီး အရွယ်အစား ၂ မျိုး ထုတ်သွားမှာပါ။ ၁၁ လက်မ မော်ဒယ်က ၇၉၉ဒေါ်လာဖြစ်ပြီး၊ ၁၂ ဒဿမ ၉ လက်မ မော်ဒယ်ကတော့ ၉၉၉ ဒေါ်လာဖြစ်ပါတယ်။ ယနေ့ပဲ ကြိုတင် မှာယူနိုင်ပြီဖြစ်ကာ၊ နိုဝင်ဘာလ ၇ ရက်နေ့မှာ စတင်ရောင်းချသွားမှာပါ။

RelatedPosts

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
440
တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
1.2k
တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
291

Apple iPads တွေထဲမှာ Home Button မပါတဲ့ ပထမဆုံး iPad ဖြစ်တာကြောင့်၊ Screen က ဒေါင်လိုက် ပိုရှည်လာပါတယ်။ ဘေးဘောင်တွေကို ၄ ဘက်စလုံးမှာ လျော့ချထားတဲ့အတွက် Screen အပြည့် အရသာကို ပိုမိုခံစားနိုင်မှာပါ။

iPhone XR လိုပဲ Liquid Retina Display ဆိုပြီး အမည်တပ်ထားပါတယ်။ iPad Pro မော်ဒယ် အသစ် ၂ ခုစလုံးမှာ Display ကို ပိုမို စိုပြေချောမွေ့စေမယ့် Apple ရဲ့ ProMotion နည်းပညာလည်း ပါဝင်လာပါတယ်။ Home Button မပါဝင်တော့တဲ့အတွက် iPhone X ကလိုပဲ Gesture နဲ့ပဲ အပြည့်အဝ အသုံးပြုရမှာ ဖြစ်ပါတယ်။

iPad Pro အသစ်တွေမှာ နောက်ထပ် ဖြုတ်လိုက်တာကတော့ နားကြပ်ပေါက်ပါ။ 3.5mm အပေါက် မပါဝင်လာတော့ပဲ USB-C ကနေပဲ သီချင်းနားထောင်ရမှာဖြစ်ပါတယ်။ ဒီအတွက် ၉ ဒေါ်လာတန် Headphone Adapter တခုကိုလည်း Apple က ထုတ်ပေးသွားမှာပါ။

iPhone X မှာ စတင်ပါဝင်ခဲ့တဲ့ TrueDepth ကင်မရာစနစ်သုံး Face ID လည်း iPad Pro အသစ် ၂ မျိုးလုံးမှာ ပါလာပါတယ်။ ဒါပေမယ့် iPhone X ၊ Xs နဲ့ Xr တွေလိုမျိုး Notch တော့ ပါဝင်လာမှာ မဟုတ်ပါဘူး။TrueDepth ကင်မရာစနစ်ကို အပေါ်က ဘောင် ကျဉ်းကျဉ်းလေးထဲမှာပဲ ထည့်ပေးထားပါတယ်။

၂၀၁၈ iPad Pro အသစ်တွေမှာ Apple ရဲ့ 8-core CPU နဲ့ 7-core GPU ပါ A12X Bionic Chip အသစ်ကို အသုံးပြုထားပါတယ်။ Single-core စွမ်းဆောင်ရည်မှာ ၃၅ ရာခိုင်နှုန်း ပိုမြန်လာပြီး၊ Multicore မှာတော့ ၉၀ ရာခိုင်နှုန်းအထိ ပိုမြန်လာတယ်လို့ ဆိုထားပါတယ်။ GPU ကလည်း သေးငယ်ပေမယ့် Xbox One S အဆင့်အတန်းရှိတဲ့ ဂရပ်ဖစ်စွမ်းဆောင်ရည်မျိုး ပေးနိုင်တယ်လို့ ဆိုထားပါတယ်။ Storage အနေနဲ့ 1TB အထိ ပါလာမှာဆိုတော့ Laptop တလုံးလို အေးဆေး သုံးနိုင်မှာပါ။

Apple ရဲ့ အထင်ကရ Lightning Port ကနေ USB-C ကို ပြောင်းသုံးထားကလည်း အခု iPad Pro အသစ်တွေရဲ့ ထူးခြားမှုတခုပါ။ အခု USB-C Port ကနေ 5K Resolution အထိ ရှိတဲ့ Display တွေကို ထပ်ချိတ်သုံးနိုင်ပါသေးတယ်။

ပိုမိုကျယ်ပြန့်တဲ့ စတီရီယိုအသံ ပေးစွမ်းမယ့် စပီကာ ၄ လုံး၊ 4K ဗီဒီယိုတွေကို 60fps နဲ့ရိုက်ကူးနိုင်မယ့် 12-megapixel ကင်မရာနဲ့ ဆယ်လူလာ မော်ဒယ်တွေမှာ gigabit LTE စနစ်တို့လည်း ပါဝင်လာပါတယ်။ 18-watt အားသွင်းခေါင်း ပါဝင်လာမှာဖြစ်ပြီး၊ ဘက်ထရီက ၁၀ နာရီလောက် ဆက်တိုက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အခု iPad Pro အသစ်တွေနဲ့ တွဲသုံးဖို့အတွက် Apple Pencil ကိုလည်း အသစ်လုပ်ပေးထားပါတယ်။ Pencil ဈေးနှုန်းကတော့ ၁၂၉ ဒေါ်လာပါ။ Apple Pencil ကို အားသွင်းချင်ရင် အရင်လို iPad Pro ထဲ ထည့်စရာ မလိုတော့ဘဲ၊ တက်ဘလက်မှာ သံလိုက်အားနဲ့ ကပ်ကာကြိုးမဲ့စနစ်နဲ့ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ ကီးဘုတ်အတွက် Smart Keyboard ကိုလည်း အသစ်လုပ်ပေးထားပြီး၊ စာရိုက်ဖို့ ပုံစံ ၂ မျိုးနဲ့ တင်သုံးနိုင်မှာ ဖြစ်ပါတယ်။ ဈေးကတော့ပိုကြီးသွားပြီး ၁၇၉ ဒေါ်လာ ပေးဝယ်ရပါလိမ့်မယ်။

Ref: The Verge

Your Thoughts …
Tags: Apple iPad Pro
Nigma

Nigma

Contributor

Similar Picks:

No Content Available
Next Post
ရခိုင်ပြည်နယ်၊ မောင်တော ဒေသတွင် တွေ့ရသည့် ဒေသခံ အစ္စလာမ်ဘာသာဝင်များ  / ထက်နိုင်ဇော် / ဧရာဝတီ

ဒုက္ခသည် ၂၀၀၀ ကျော် လက်ခံရေး နှစ်နိုင်ငံ သဘောတူပြီဟုဆို

အမျိုးသမီး Rock အဆိုတော် သျှီ  / ဝေဝေနှင်း / ဧရာဝတီ

တကိုယ်တော်အခွေနဲ့ အတူ ပရိတ်သတ်ဆီ ပြန်လာမယ့် အဆိုတော် သျှီ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.8k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.1k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate